YouVersion Logo
Search Icon

၄ ဓမ္မရာဇဝင် 1

1
ဧ​လိ​ယ​နှ​င့်​အာ​ခ​ဇိ​မင်း
1အာ​ဟပ်​မင်း​သေ​သော​နောက်၊ မော​ဘ​ပြည်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။ 2အာ​ခ​ဇိ​မင်း​သည် ရှ​မာ​ရိ​မြို့၌ အ​ထက်​အ​ခန်း​ပြတင်း​ပေါက်​မှ ကျ၍ နာ​နေ​သော​ကြောင့်၊ ငါ​သည် ဤ​အ​နာ​မှာ ထ​မြောက်​မည်​လော​ဟု ဧ​ကြုန်​မြို့၏​ဘု​ရား ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍​မေး​မြန်း​ကြ​ဟု မှာ​ထား၍ သံ​တ​မန်​တို့​ကို စေ​လွှတ်​လေ၏။ 3ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် တိ​ရှ​ဘိ​မြို့​သား ဧ​လိ​ယ​အား​လည်း၊ ရှ​မာ​ရိ​ရှင်​ဘု​ရင်​စေ​လွှတ်​သော သံ​တ​မန်​တို့​ကို ကြို​ဆို​ခြင်း​ငှာ ထ​သွား​လော့။ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။ 4ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယ​ခု​တက်​သော​သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ၊ စင်​စစ်​သေ​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သွား​လေ၏။ 5သံ​တ​မန်​တို့​သည် ပြန်​လာ​သော​အ​ခါ ရှင်​ဘု​ရင်​က၊ အ​ဘယ်​ကြောင့် ယ​ခု​ပြန်​လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ 6သူ​တို့​က၊ လူ​တစ်​ယောက်​သည် ကျွန်​တော်​တို့​ကို ကြို​ဆို​ခြင်း​ငှာ​လာ၍ သင်​တို့​ကို​စေ​လွှတ်​သော ရှင်​ဘု​ရင်​ထံ​သို့ ပြန်​ကြ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏ ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။ ထို​ကြောင့် သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု ပြော​ရ​မည်​အ​ကြောင်း မှာ​ထား​ပါ​သည်​ဟု လျှောက်​ကြ၏။ 7ရှင်​ဘု​ရင်​က​လည်း၊ သင်​တို့​ကို​ကြို​ဆို​ခြင်း​ငှာ လာ၍ ဤ​သို့​ပြော​သော​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊ 8သူ​တို့​က၊ ထို​သူ​သည် ကိုယ်၌​အ​မွေး​များ၍ သား​ရေ​ခါး​ပန်း​ကို စည်း​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ထို​သူ​သည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဖြစ်​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​ဆို​လျက်၊#မ၊ ၃:၄။ မာ၊ ၁:၆။ 9လူ​ငါး​ကျိပ်​အုပ်​သော တပ်​မှူး​ကို​စေ​လွှတ်၍၊ တပ်​မှူး​သည် တောင်​ပေါ်​မှာ​ထိုင်​သော ဧ​လိ​ယ​ထံ​သို့ ရောက်​ပြီး​လျှင်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ဆင်း​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​ရှိ​သည်​ဟု ဆို၏။ 10ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင်၊ ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု လူ​ငါး​ကျိပ်​အုပ်​သော​တပ်​မှူး​အား ဆို​သည်​အ​တိုင်း၊ ကောင်း​ကင်​က​မီး​ကျ၍ သူ​နှင့်​သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။ 11တစ်​ဖန် လူ​ငါး​ကျိပ်​အုပ်​သော တပ်​မှူး​တစ်​ယောက်​ကို ရှင်​ဘု​ရင်​စေ​လွှတ်၍၊ ထို​တပ်​မှူး​က၊ အို​ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် အ​လျင်​အ​မြန်​ဆင်း​ရ​မည်​အ​ကြောင်း ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သည်​ဟု ဆို၏။ 12ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင် ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု သူ​တို့​အား​ဆို​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏​မီး​သည် ကောင်း​ကင်​က​ကျ၍ သူ​နှင့် သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။#လု၊ ၉:၅၄။ 13တစ်​ဖန် လူ​ငါး​ကျိပ်​အုပ်​သော တ​တိ​ယ​တပ်​မှူး​ကို ရှင်​ဘု​ရင်​စေ​လွှတ်​သ​ဖြင့်၊ ထို​တပ်​မှူး​သည်​တက်၍ ဧ​လိ​ယ​ရှေ့​မှာ​ဒူး​ထောက်​လျက်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ ကျွန်​တော်​အ​သက်​နှင့် ကိုယ်​တော်​ကျွန် ဤ​လူ​ငါး​ကျိပ်​တို့၏​အ​သက်​ကို နှ​မြော​တော်​မူ​ပါ။ 14ကောင်း​ကင်​က​မီး​ကျ၍ အ​ခြား​သော​တပ်​မှူး​နှစ်​ယောက်​နှင့် သူ​တို့၌​ပါ​သော​လူ​တစ်​ရာ​ကို လောင်​သော်​လည်း၊ ကျွန်​တော်​အ​သက်​ကို နှ​မြော​တော်​မူ​ပါ​ဟု တောင်း​ပန်​လေ၏။ 15ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ သူ​နှင့်​အ​တူ ဆင်း​သွား​လော့။ သူ့​ကို​မ​ကြောက်​နှင့်​ဟု ဧ​လိ​ယ​အား​ဆို​သည်​အ​တိုင်း၊ ဧ​လိ​ယ​သည်​ထ၍ ရှင်​ဘု​ရင်​ထံ​သို့​ရောက်​လျှင်၊ 16ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်၌ မေး​မြန်း​ခြင်း​ငှာ အ​ဘယ်​ကြောင့် သံ​တ​မန်​တို့​ကို​စေ​လွှတ်​သ​နည်း။ မေး​မြန်း​စ​ရာ​ဖို့ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့် ထို​သို့​ပြု​သ​လော။ သို့​ဖြစ်၍ သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ 17ဧ​လိ​ယ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း ရှင်​ဘု​ရင်​သေ၍၊ သား​တော်​မ​ရှိ​သော​ကြောင့် ညီ​တော်​ယော​ရံ​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​နန်း​စံ​နှစ်​နှစ်​တွင် နန်း​ထိုင်​လေ၏။ 18အာခ​ဇိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy