YouVersion Logo
Search Icon

၄ ဓမ္မရာဇဝင် 3

3
ဣ​သ​ရေ​လ​ပြည်​နှ​င့်​မော​ဘ​ပြည်​စစ်​ဖြစ်​ခြင်း
1ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ် နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ အာ​ဟပ်​သား​ယော​ရံ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ၏။ 2ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ သို့​ရာ​တွင် မိ​ဘ​ကဲ့​သို့ မ​ပြု။ ခ​မည်း​တော်​လုပ်​သော ဗာ​လ​ရုပ်​တု​ကို ပယ်​ရှား၏။ 3သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို​မ​ရှောင်၊ မှီ​ဝဲ၏။
4မော​ဘ​မင်း​ကြီး မေ​ရှာ​သည် သိုး​ထိန်း​ကြီး​ဖြစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား သိုး​သ​ငယ်​တစ်​သိန်း​နှင့် အ​မွေး​ပါ​သော သိုး​ထီး​တစ်​သိန်း​ကို ဆက်​ရ၏။ 5အာ​ဟပ်​သေ​သော​အ​ခါ၊ မော​ဘ​မင်း​ကြီး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။ 6ထို​အ​ခါ ယော​ရံ​မင်း​ကြီး​သည် ရှ​မာ​ရိ​မြို့​ထဲ​က​ထွက်၍ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စာ​ရင်း​ယူ၏။ 7ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ မော​ဘ​မင်း​ကြီး​သည် ငါ့​ကို​ပုန်​ကန်​ပြီ။ မော​ဘ​ပြည်​ကို စစ်​တိုက်​ခြင်း​ငှာ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု မေး​လျှင်၊ ယော​ရှ​ဖတ်​က ငါ​လိုက်​မည်။ ငါ​သည် မင်း​ကြီး​ကဲ့​သို့ ဖြစ်၏။ ငါ့​လူ​တို့​သည် မင်း​ကြီး၏ လူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​မြင်း​တို့​သည် မင်း​ကြီး၏​မြင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။ 8အ​ဘယ်​လမ်း​ဖြင့် စစ်​ချီ​ရ​မည်​နည်း​ဟု မေး​သော်၊ ဧ​ဒုံ​တော​လမ်း​ဖြင့် ချီ​ရ​မည်​ဟု ပြန်​ပြော၏။ 9ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၊ ယု​ဒ​ရှင်​ဘု​ရင်၊ ဧ​ဒုံ​ရှင်​ဘု​ရင်​တို့​သည် ဝိုင်း၍ ခု​နစ်​ရက်​ခ​ရီး​သွား​ကြ၏။ ဗိုလ်​ခြေ​များ သောက်​စ​ရာ၊ ပါ​သော​တိ​ရ​စ္ဆာန်​များ သောက်​စ​ရာ​ရေ​မ​ရှိ။ 10ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ခက်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို၏။ 11ယော​ရှ​ဖတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု​မေး​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​က၊ ဧ​လိ​ယ​လက်​ထောက် ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ရှိ​ပါ၏​ဟု လျှောက်​သော်၊ 12ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် သူ၌​ရှိ​တော်​မူ​သည်​ဟု ဆို​လျက်၊ ရှင်​ဘု​ရင်​သုံး​ပါး​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ၏။ 13ဧ​လိ​ရှဲ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား​လည်း၊ ငါ​သည်​သင်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ သင့်​အ​ဘ၏​ပ​ရော​ဖက်၊ သင့်​အ​မိ၏ ပ​ရော​ဖက်​တို့​ထံ​သို့ သွား​လော့​ဟု ဆို​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မ​ဆို​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို​သော်၊ 14ဧ​လိ​ရှဲ​က၊ ငါ​ကိုး​ကွယ်​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း၊ အ​ကယ်၍ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်၏​မျက်​နှာ​ကို ငါ​မ​ထောက်​လျှင်၊ သင့်​ကို ငါ​မ​ကြည့်​မ​မြင်​လို။ 15စောင်း​သ​မား​ကို​ခေါ်​ခဲ့​ဟု ဆို၍ စောင်း​သ​မား​သည်​တီး​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ရှဲ​အ​ပေါ်​သို့ ရောက်၍၊ 16ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​ချိုင့်​ပတ်​လည်၌ ဆည်​ပေါင်း​တို့​ကို လုပ်​ကြ​လော့။ 17အ​ကြောင်း​မူ​ကား၊ သင်​တို့​နှင့်​တိ​ရ​စ္ဆာန်​တို့​သည် သောက်​စ​ရာ​ဖို့ လေ​မ​လာ၊ မိုး​မ​ရွာ​ဘဲ ဤ​ချိုင့်​သည် ရေ​နှင့်​ပြည့်​လိမ့်​မည်။ 18ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သာ​မ​ည​အ​မှု​ဖြစ်​သေး၏။ မော​ဘ​လူ​တို့​ကို​လည်း သင်​တို့​လက်​သို့ အပ်​တော်​မူ​မည်။ 19သင်​တို့​သည် ခိုင်​ခံ့​ထူး​ဆန်း​သော မြို့​ရှိ​သ​မျှ​တို့​ကို လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​သုံး​ဝင်​သော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ​ကြ​လိမ့်​မည်။ ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို မြေ​ဖို့​ကြ​လိမ့်​မည်။ ကောင်း​သော​မြေ​ကွက်​ရှိ​သ​မျှ​တို့​ကို ကျောက်​ခဲ​နှင့် ဖျက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 20နံ​နက်​အ​ချိန် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​သော​အ​ခါ၊ ရေ​သည်​ဧ​ဒုံ​လမ်း​ဖြင့်​လာ၍ တစ်​ပြည်​လုံး​ကို လွှမ်း​လေ၏။
21ရှင်​ဘု​ရင်​တို့​သည် စစ်​ချီ၍​လာ​ကြောင်း​ကို မော​ဘ​ပြည်​သား​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ၊ လက်​နက်​ဆောင်​သော​သူ အ​ကြီး​အ​ငယ်​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍၊ ပြည်​စွန်း​နား​မှာ​တပ်​ချ​ကြ၏။ 22နံ​နက်​စော​စော​ထ​သော​အ​ခါ၊ ရေ​ပေါ်​မှာ​နေ​ရောင်​ထင်၍၊ ပြည်​တစ်​ဖက်၌ ရေ​သည် အ​သွေး​ကဲ့​သို့​နီ​သည်​ကို မော​ဘ​ပြည်​သား​တို့​သည်​မြင်​ကြ​လျှင်၊ 23အ​သွေး​ဖြစ်၏။ စင်​စစ်​ရှင်​ဘု​ရင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်​လုပ်​ကြံ၍ သေ​ကြ​ပြီ။ သို့​ဖြစ်၍ မော​ဘ​ပြည်​သား​တို့၊ လု​ယူ​ကြ​လော့​ဟု​ဆို​ကြ၏။ 24ဣ​သ​ရေ​လ​တပ်​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​လူ​တို့​သည် ထ၍ မော​ဘ​ပြည်​သား​တို့​ကို လိုက်​သ​ဖြင့် သူ​တို့​သည်​ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် မော​ဘ​ပြည်​ထဲ​သို့​တိုင်​အောင် လိုက်၍ လုပ်​ကြံ​ကြ၏။ 25မြို့​တို့​ကို​ဖြို​ဖျက်​ကြ၏။ ကောင်း​သော​မြေ​ကွက်​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​ပစ်​ချ၍ ဖုံး​လွှမ်း​ကြ၏။ ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို​လည်း မြေ​ဖို့၍၊ အ​သုံး​ဝင်​သော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ​ကြ၏။ ကိ​ရ​ဟ​ရက်​မြို့၌​သာ မြို့​ရိုး​ကို​ချန်​ထား​ရာ​တွင်၊ လောက်​လွှဲ​သ​မား​တို့​သည် ဝိုင်း၍​ပစ်​ကြ၏။ 26မော​ဘ​မင်း​ကြီး​သည် အ​တိုက်​မ​ခံ​နိုင်​သည်​ကို​သိ​သော​အ​ခါ၊ ဓား​ကိုင်​သော​သူ​ခု​နစ်​ရာ​ကို​ခေါ်၍ ဧ​ဒုံ​ရှင်​ဘု​ရင်၏​တပ်​ကို​ဖျက်​မည်​ဟု အား​ထုတ်​သော်​လည်း မ​ဖျက်​နိုင်။ 27နောက်​မှ​မိ​မိ​ကိုယ်​စား နန်း​ထိုင်​ထိုက်​သော​သား​ဦး​ကို​ယူ၍ မြို့​ရိုး​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ပြု​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​တစ်​ပါး​အ​မျက်​ထွက်​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ ထို​ပြည်​ကို​ထား၍ ကိုယ်​ပြည်​သို့ ပြန်​သွား​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy