YouVersion Logo
Search Icon

၄ ဓမ္မရာဇဝင် 25

25
ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း
(၆ ရာ၊ ၃၆:၁၃-၂၁၊ ယေ၊ ၅၂:၃​ခ-၁၁)
1ဇေ​ဒ​ကိ​မင်း​နန်း​စံ ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုပ်​တို့​ကို တူး​လုပ်​ပြီး​မှ၊#ယေ၊ ၂၁:၁-၁၀၊ ၃၄:၁-၅၊ ယေဇ၊ ၂၄:၂။ 2ဇေ​ဒ​ကိ​မင်း​နန်း​စံ တစ်​ဆယ်​တစ်​နှစ်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​လေ၏။ 3ထို​နှစ် စ​တု​တ္ထ​လ​ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန်​အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊ 4ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။#ယေဇ၊ ၃၃:၂၁။ 5ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ကို​လိုက်၍ ယေ​ရိ​ခေါ​လွင်​ပြင်၌ မီ​သ​ဖြင့်၊ ဇေ​ဒ​ကိ​မင်း၏ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။ 6ရန်​သူ​တို့​သည် ရှင်​ဘု​ရင်​ကို​ဖမ်း​ဆီး၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ရိ​ဗ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ​မင်း၏​အ​မှု​ကို စစ်​ကြော​စီ​ရင်​သည်​အ​တိုင်း၊ 7ဇေ​ဒ​ကိ​မင်း၏​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​ကြ၏။ ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို​ကြေး​ဝါး​ကြိုး​နှင့်​ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။#ယေဇ၊ ၁၂:၁၃။
ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ခြင်း
(ယေ၊ ၅၂:၁၂-၃၃)
8ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ ဆယ်​ကိုး​နှစ်၊ ပ​ဥ္စ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊ 9ဗိ​မာန်​တော်၊ နန်း​တော်၊ မင်း​အိမ်၊ ဆင်း​ရဲ​သား​အိမ်​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​လေ၏။#၃ ရာ၊ ၉:၈။ 10ကိုယ်​ရံ​တော်​မှူး၌​ပါ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရိုး ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​ကြ၏။ 11ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကြွင်း​သ​မျှ​သော​သူ​တို့​ကို သိမ်း​သွား​လေ၏။ 12သို့​ရာ​တွင် စ​ပျစ်​ဥ​ယျာဉ်​ကို​ပြု​စု၍ လယ်​လုပ်​စေ​ခြင်း​ငှာ၊ ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ထား​ခဲ့​လေ၏။
13ဗိ​မာန်​တော်၌ ကြေး​ဝါ​တိုင်​တို့​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ရေ​ကန်​ကို​လည်း​ကောင်း၊ ရေ​ချိုး​အင်​တုံ အ​ခြေ​အ​မြစ်​တို့​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​လူ​တို့​သည် ချိုး​ဖဲ့၍၊ ကြေး​ဝါ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။#၃ ရာ၊ ၇:၁၅-၂၆၊ ၆ ရာ၊ ၃:၁၅-၁၇။ 14အိုး​ကင်း၊ တူး​ရွင်း​ပြား၊ မီး​ညှပ်၊ ဇွန်း​မှ​စ၍ အ​မှု​တော်​ထမ်း​စ​ရာ ကြေး​ဝါ​တန်​ဆာ ရှိ​သ​မျှ​တို့​ကို​လည်း ယူ​သွား​ကြ၏။#၃ ရာ၊ ၇:၄၅၊ ၆ ရာ၊ ၄:၁၆။ 15ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော လင်​ပန်း၊ အိုး​အ​စ​ရှိ​သော တန်​ဆာ​များ​ကို ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။ 16ဗိ​မာန်​တော်၌ ရှော​လ​မုန်​မင်း​လုပ်​သော တိုင်​နှစ်​တိုင်၊ ရေ​ကန်​တစ်​ခု၊ အ​ခြေ​အ​မြစ်​များ၌​ပါ​သော ကြေး​ဝါ​သည် အ​ချိန်​အား​ဖြင့် အ​တိုင်း​မ​သိ​များ၏။ 17တိုင်​အ​မြင့်​ကား တစ်​ဆယ်​ရှစ်​တောင်​ရှိ၏။ ကြေး​ဝါ​တိုင်​ထိပ်​လည်း ရှိ၏။ တိုင်​ထိပ်​အ​မြင့်​ကား သုံး​တောင်​ရှိ၍၊ ထိပ်​ပတ်​လည် ကြေး​ဝါ​ကွန်​ရွက်၊ ကြေး​ဝါ​သ​လဲ​သီး​တို့​နှင့် ပြည့်​စုံ၏။ အ​ခြား​သော​တိုင်​သည်​လည်း ထို​အ​တူ​ဖြစ်၍ ကွန်​ရွက်​နှင့် ပြည့်​စုံ၏။
ယု​ဒ​ပြည်​သူ​တို့ကို​ဗာ​ဗု​လုန်​သို့​ဖမ်း​သွားခြင်း
(ယေ၊ ၅၂:၂၄-၂၇)
18ကိုယ်​ရံ​တော်​မှူး​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။ 19စစ်​သူ​ရဲ​တို့​ကို​အုပ်​သော ဗိုလ်​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော တိုင်​ပင်​မှူး​မတ်​ငါး​ယောက်၊ ပြည်​သူ​ပြည်​သား​များ​ကို နှိုး​ဆော်​သော တပ်​စာ​ရေး​ကြီး​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော ပြည်​သား​ခြောက်​ဆယ်​တို့​ကို မြို့​ထဲ​က​ခေါ်​သွား၍၊ 20ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ရိ​ဗ​လ​မြို့​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ 21ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။
ယု​ဒ​ဘု​ရင်​ခံ​ဂေ​ဒ​လိ
(ယေ၊ ၄၀:၇-၉၊ ၄၁:၁-၃)
22ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​ခွင့်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​လူ​တို့​ကို အုပ်​ရ​သော​မင်း​အ​ရာ၌၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ခန့်​ထား​တော်​မူ၏။#ယေ၊ ၄၀:၇-၉။ 23ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​သော​အ​ခါ၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​အ​မျိုး၊ တာ​နု​မက်​သား စ​ရာ​ယ၊ မာ​ခ​လိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊ 24ဂေ​ဒ​လိ​က၊ ခါ​လ​ဒဲ​မင်း​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ပြည်၌ နေ​ကြ​လော့။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင် ချမ်း​သာ​ရ​ကြ​လိမ့်​မည်​ဟူ၍ ထို​သူ​တို့​အား ကျိန်​ဆို​လေ၏။
25သ​တ္တ​မ​လ​တွင်၊ ဆွေ​တော်​မျိုး​တော် ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည် လူ​တစ်​ကျိပ်​နှင့်​တ​ကွ လာ၍ ဂေ​ဒ​လိ​ကို​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ထံ​မှာ​ရှိ​သော ယု​ဒ​လူ​တို့​နှင့် ခါ​လ​ဒဲ​လူ​တို့​ကို​လည်း​ကောင်း သေ​အောင်​လုပ်​ကြံ​လေ၏။#ယေ၊ ၄၁:၁-၃။ 26ထို​အ​ခါ တပ်​မှူး​များ​နှင့် ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို ကြောက်​သော​ကြောင့် ထ၍ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ကြ၏။#ယေ၊ ၄၃:၅-၇။
ယေ​ခေါ​နိ​ကို​အ​ကျဉ်း​ထောင်​မှ​လွှတ်​ခြင်း
(ယေ၊ ၅၂:၃၁-၃၄)
27ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ချုပ်​ခံ​ရ​သော သ​က္က​ရာဇ်​သုံး​ဆယ်​ခု​နစ်​နှစ်၊ ဒွါ​ဒ​သ​မ​လ နှစ်​ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဧ​ဝိ​လ​မေ​ရော​ဒက်​နန်း​စံ စ​က၊ ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​ကို ထောင်​ထဲ​က​နုတ်၍ ချမ်း​သာ​ပေး​လေ၏။ 28ကောင်း​မွန်​စွာ​နှုတ်​ဆက်၍ သူ၏​ပ​လ္လင်​ကို ဗာ​ဗု​လုန်​မြို့​မှာ အ​ထံ​တော်၌​ရှိ​သော မင်း​ကြီး​များ​ထိုင်​ရာ ပ​လ္လင်​တို့​ထက် ချီး​မြှင့်​လေ၏။ 29ယေ​ခေါ​နိ​မင်း​သည် ထောင်​ထဲ​မှာ​ဝတ်​သော အ​ဝတ်​ကို​လဲ၍၊ အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး အ​စဉ်​မ​ပြတ် အ​ထံ​တော်၌ စား​သောက်​ရ၏။ 30အ​သက်​ရှည်​သ​မျှ နေ့​ရက်​အ​စဉ်​မ​ပြတ် သူ​စား​စ​ရာ​ဖို့ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။
ဓ​မ္မ​ရာ​ဇ​ဝင်​စ​တု​တ္ထ​စောင်​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy