YouVersion Logo
Search Icon

၁ ရာဇဝင်ချုပ် 2

2
ယု​ဒ​၏​သား​မြေး​များ
1ဣ​သ​ရေ​လ၏​သား​များ​ဟူ​မူ​ကား၊ ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ 2ဒန်၊ ယော​သပ်၊ ဗင်္ယာ​မိန်၊ နဿ​လိ၊ ဂဒ်၊ အာ​ရှာ​တည်း။ 3ယု​ဒ​သည် ခါ​နာန်​အ​မျိုး​ဖြစ်​သော ရှု​အာ​သ​မီး​တွင်​မြင်​သော​သား​ကား ဧ​ရ၊ ဩ​နန်၊ ရှေ​လ​တည်း။ ယု​ဒ​သား​ကြီး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆိုး​သော​သူ​ဖြစ်၍ ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ၏။ 4ချွေး​မ​တာ​မာ​တွင် မြင်​သော​သား​ကား ဖာ​ရက်​နှင့် ဇာ​ရ​တည်း။ ယု​ဒ​သား​ပေါင်း​ကား ငါး​ယောက်​တည်း။ 5ဖာ​ရက်​သား​ကား ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ​တည်း။ 6ဇာ​ရ​သား​ကား ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ၊ ပေါင်း​ငါး​ယောက်​တည်း။ 7ဇိ​မ​ရိ​သား​ဖြစ်​သော ကာ​မိ၏​သား​ကား ကျိန်​ဆဲ​အပ်​သော​အ​ရာ​ကို​ယူ၍ ပြစ်​မှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​နှောင့်​ယှက်​သော အာ​ခန်​တည်း။#ယော​ရှု၊ ၇:၁။ 8ဧ​သန်​သား​ကား အ​ဇ​ရိ​တည်း။
9ဟေ​ဇ​ရုံ​မြင်​သော​သား​ကား ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက်​တည်း။ 10အာ​ရံ​သား​ကား အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​သား​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​သော နာ​ရှုန်​တည်း။ 11နာ​ရှုန်​သား​စာ​လ​မုန်၊ စာ​လ​မုန်​သား​ဗော​ဇ၊ 12ဗော​ဇ​သား​ဩ​ဗက်၊ ဩ​ဗက်​သား​ယေ​ရှဲ​တည်း။
13ယေ​ရှဲ​သား​ဦး​ကား ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ရှိ​မာ၊ 14စ​တု​တ္ထ​သား နာ​သ​နေ​လ၊ ပ​ဥ္စ​မ​သား ရ​ဒ္ဒဲ၊ 15ဆ​ဋ္ဌ​မ​သား ဩ​ဇင်၊ သ​တ္တ​မ​သား ဧ​လိ​ဟု၊ အ​ဋ္ဌ​မ​သား ဒါ​ဝိဒ်​တည်း။ 16သူ​တို့​နှ​မ​ကား ဇေ​ရု​ယာ​နှင့် အ​ဘိ​ဂဲ​လ​တည်း။ ဇေ​ရု​ယာ​သား​ကား အ​ဘိ​ရှဲ၊ ယွာ​ဘ၊ အာ​သ​ဟေ​လ၊ ပေါင်း​သုံး​ယောက်​တည်း။ 17အ​ဘိ​ဂဲ​လ​သား​ကား အာ​မ​သ၊ အာ​မ​သ​အ​ဘ​ကား ဣ​ရှ​မေ​လ​အ​မျိုး ယေ​သာ​တည်း။
ဟေ​ဇ​ရုံ​၏​သား​မြေး​များ
18ဟေ​ဇ​ရုံ​သား​ကာ​လက်​သည် မ​ယား​အ​ဇု​ဘ​နှင့် ယေ​ရုတ်​တွင် မြင်​သော​သား​ကား ယေ​ရှာ၊ ရှော​ဗပ်၊ အာ​ဒုန်​တည်း။ 19အ​ဇု​ဘ​သေ​သော​နောက် ဧ​ဖ​ရတ်​ကို​သိမ်း၍ ဟု​ရ​ကို မြင်​ပြန်​လေ၏။ 20ဟု​ရ​သား​ကား ဥ​ရိ၊ ဥ​ရိ​သား​ကား ဗေ​ဇ​လေ​လ​တည်း။ 21ထို​နောက်၊ ဟေ​ဇ​ရုံ​သည် အ​သက်​ခြောက်​ဆယ် ရှိ​သော်၊ ဂိ​လဒ်​အ​ဘ မာ​ခိ​ရ၏​သ​မီး​နှင့် စုံ​ဖက်၍ စေ​ဂုပ်​ကို​မြင်​လေ၏။ 22စေ​ဂုပ်​သား​ကား ယာ​ဣ​ရ​တည်း။ ထို​သူ​သည် ဂိ​လဒ်​ပြည်၌ မြို့​နှစ်​ဆယ်​သုံး​မြို့​ကို ပိုင်၏။ 23ဂေ​ရှု​ရ​မြို့၊ အာ​ရံ​မြို့​နှင့်​တ​ကွ ယာ​ဣ​ရ​မြို့​စု၊ ကေ​နတ်​မြို့​နှင့် ပတ်​ဝန်း​ကျင်​သော မြို့​စု​မြို့​ပေါင်း ခြောက်​ဆယ်​တို့​ကို တိုက်​ယူ၏။ ထို​မြို့​အ​ပေါင်း​တို့​ကို ဂိ​လဒ်​အ​ဘ မာ​ခိ​ရ၏​သား​မြေး​တို့​သည် ပိုင်​ကြ၏။ 24ဟေ​ဇ​ရုံ​သည် ကာ​လက်​ဧ​ဖ​ရတ်​မြို့၌ သေ​သော​နောက်၊ သူ၏​မ​ယား​အ​ဘိ​သည် သူ၏​သား​အာ​ရှု​ရ​ကို ဖွား​မြင်၏။ အာ​ရှု​ရ​သား​ကား တေ​ကော​တည်း။
ယေ​ရ​မေ​လ​၏​သား​မြေး​များ
25ဟေ​ဇ​ရုံ၏ သား​ဦး​ယေ​ရ​မေ​လ​သား​ကား သား​ဦး​အာ​ရံ​မှ​စ၍ ဗု​န၊ ဩ​ရင်၊ ဩ​ဇင်၊ အ​ဟိ​ယ​တည်း။ 26အာ​တ​ရ​အ​မည်​ရှိ​သော အ​ခြား​မ​ယား​တွင် ဩ​နံ​ကို​မြင်၏။ 27ယေ​ရ​မေ​လ၏​သား​ဦး အာ​ရံ​သား​ကား မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​တည်း။ 28ဩ​နံ​သား​ကား ရှ​မ္မဲ​နှင့် ယာ​ဒ​တည်း။ ရှ​မ္မဲ​သား​ကား နာ​ဒပ်​နှင့် အ​ဘိ​ရှု​ရ​တည်း။ 29အ​ဘိ​ဟဲ​လ​အ​မည်​ရှိ​သော အ​ဘိ​ရှု​ရ​မ​ယား​သည် အာ​ဗန်​နှင့် မော​လိဒ်​ကို ဖွား​မြင်၏။ 30နာ​ဒပ်​သား​ကား သေ​လက်​နှင့် အ​ပ္ပိမ်​တည်း။ သေ​လက်၌ သား​မ​ရှိ။ 31အ​ပ္ပိမ်​သား​ကား ဣ​ရှိ၊ ဣ​ရှိ​သား ရှေ​ရှန်၊ ရှေ​ရှန်​သား အာ​လဲ​တည်း။ 32ရှ​မ္မဲ​ညီ​ယာ​ဒ​သား​ကား ယေ​သာ​နှင့် ယော​န​သန်​တည်း။ ယေ​သာ၌ သား​မ​ရှိ။ 33ယော​န​သန်​သား​ကား ပေ​လက်​နှင့် ဇာ​ဇ​တည်း။ ဤ​ရွေ့​ကား ယေ​ရ​မေ​လ​အ​မျိုး​အ​နွယ်​တည်း။
34ရှေ​ရှန်၌ သား​မ​ရှိ။ သ​မီး​သက်​သက် ရှိ၏။ ရှေ​ရှန်၌ ယာ​ဟ​အ​မည်​ရှိ​သော အဲ​ဂု​တ္တု​အ​မျိုး​သား ကျွန်​ယောက်ျား​တစ်​ယောက်​ရှိ၍၊ 35ထို​ကျွန်​နှင့် သ​မီး​တစ်​ယောက်​ကို ပေး​စား​သ​ဖြင့် သ​မီး​သည် အ​ဘ​ဖို့ သား​အ​တ္တဲ​ကို ဖွား​မြင်၏။ 36အ​တ္တဲ​သား​ကား နာ​သန်၊ နာ​သန်​သား ဇာ​ဗဒ်၊ 37ဇာ​ဗဒ်​သား ဧ​ဖ​လ​လ၊ ဧ​ဖ​လ​လ​သား​ဩ​ဗက်၊ 38ဩ​ဗက်​သား ယေ​ဟု၊ ယေ​ဟု​သား အာ​ဇ​ရိ​တည်း။ 39အာ​ဇ​ရိ​သား​ကား ဟေ​လက်၊ ဟေ​လက်​သား ဧ​လာ​သ၊ 40ဧ​လာ​သ​သား သိ​သ​မဲ၊ သိ​သ​မဲ​သား ရှ​လ္လုံ၊ 41ရှ​လ္လုံ​သား ယေ​က​မိ၊ ယေ​က​မိ​သား ဧ​လိ​ရှ​မာ​တည်း။
ကာ​လက်​၏​အ​ခြား​သား​မြေး​များ
42ယေ​ရ​မေ​လ၏​ညီ ကာ​လက်​သား​ဦး​ကား မေ​ရှ၊ မေ​ရှ​သား ဇိ​ဖ၊ ဇိ​ဖ​သား မ​ရေ​ရှ၊ မ​ရေ​ရှ​သား ဟေ​ဗြုန်၊ 43ဟေ​ဗြုန်​သား ကော​ရ၊ တာ​ပွါ၊ ရေ​ကင်၊ ရှေ​မ​တည်း။ 44ရှေ​မ​သား​ကား ရာ​ဟံ၊ ရာ​ဟံ​သား ယော်​ကောင်​တည်း။ ရေ​ကင်​သား​ကား ရှ​မ္မဲ၊ 45ရှ​မ္မဲ​သား မော​န၊ မော​န​သား ဗက်​ဇု​ရ​တည်း။ 46ကာ​လက်​မ​ယား​ငယ်​သည်​လည်း ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​တို့​ကို ဖွား​မြင်၏။ ဟာ​ရန်​သား​ကား ယာ​ဒဲ​တည်း။ 47ယာ​ဒဲ​သား​ကား ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ​တည်း။ 48ကာ​လက်​မ​ယား​ငယ် မာ​ခါ​သည်​လည်း၊ ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ကို​လည်း​ကောင်း၊ 49မာ​ဒ​မေ​န​အ​ဘ ရှာ​ဖ၊ မာ​ခ​ဗေ​န​အ​ဘ ရှေ​ဝ၊ ဂိ​အာ​အ​ဘ​ကို​လည်း​ကောင်း ဖွား​မြင်၏။ ကာ​လက်​သ​မီး​ကား အာ​ခ​သ​တည်း။
50ဧ​ဖ​ရတ်​သား​ဦး ဟု​ရ၏​သား​ဖြစ်​သော ကာ​လက်​သား​ကား ကိ​ရ​ယတ်​ယာ​ရိမ်​အ​ဘ ရှော​ဗာ​လ၊ 51ဗက်​လင်​အ​ဘ စ​လ​မ၊ ဗက်​ဂါ​ဒါ​အ​ဘ ဟာ​ရပ်​တည်း။ 52ကိ​ရ​ယတ်​ယာ​ရိမ်​အ​ဘ ရှော​ဗာ​လ​သား​ဟူ​မူ​ကား၊ ဟာ​ရော​နှင့် မ​န​ဟေ​သိ အ​မျိုး​တစ်​ပိုင်း၊ 53ကိ​ရ​ယတ်​ယာ​ရိမ်​အ​မျိုး​မျိုး၊ ဣ​သ​ရိ​လူ၊ ဖု​ဟိ​လူ၊ ရှု​မ​သိ​လူ၊ မိ​ရှ​ရိ​လူ​တည်း။ ထို​အ​မျိုး​ထဲ​က ဇာ​ရာ​သိ​လူ​နှင့် ဧ​ရှ​တော​လိ​လူ ဖြစ်​သ​တည်း။ 54စ​လ​မ​သား​ဟူ​မူ​ကား၊ ဗက်​လင်​နှင့် နေ​တော​ဖာ​သိ​လူ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ၊ မ​န​ဟေ​သိ အ​မျိုး​တစ်​ပိုင်း၊ ဇော​ရိ​လူ၊ 55ယာ​ဗက်​မြို့၌​နေ​သော ရှော​ဖ​ရိ​လူ၊ တိ​ရ​သိ​လူ၊ ရှိ​မ​သိ​လူ၊ စု​ခ​သိ​လူ​တည်း။ ထို​သူ​တို့​သည် ရေ​ခပ်​အ​မျိုး၏​အ​ဘ ဟေ​မတ်​မှ ဆင်း​သက်​သော ကိ​နိ​အ​မျိုး​ဖြစ်​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy