YouVersion Logo
Search Icon

ရှင်~မဿဲ။ 2

2
1ဟေ ရုဒ် မင်း လက် ထက် ယု ဒ ပြည် ဗက် လင် မြို့ တွင် ယေ ရှု ဖွား မြင် တော် မူ သည့် နောက်၊ အ ရှေ့ တိုင်း ပြည် က ပ ညာ ရှိ တို့ သည်၊ 2ယေ ရု ရှ လင် မြို့ သို့ ရောက် လာ၍ ယ ခု ဖွား မြင် ပြီး သော ယု ဒ လူ မျိုး တို့၏ ဘု ရင် မင်း မြတ် သည် မည် သည့် အ ရပ် တွင် ရှိ သ နည်း။ ကြယ် တော် ကို အ ရှေ့ တိုင်း ပြည် ၌ မြင် ရ သော ကြောင့် ကိုယ် တော် ကို အ ဖူး လာ ခဲ့ ကြ ပါ ပြီ ဟု မေး မြန်း ပြော ဆို ကြ ၏။ 3ထို သ တင်း ကို ကြား သော် ဟေ ရုဒ် မင်း နှင့် တ ကွ ယေ ရု ရှ လင် မြို့ သူ မြို့ သား အ ပေါင်း တို့ သည် နှ လုံး မ သာ ဖြစ်၍ 4ပ ရော ဟိတ် ကြီး များ နှင့် လူ မျိုး တော် တွင် ကျမ်း တတ် ဆ ရာ ရှိ သ မျှ တို့ ကို စု ရုံး စေ ပြီး လျှင် ခ ရစ် တော် ဖွား ရာ အ ရပ် ကို မေး မြန်း သည့် ကာ လ 5-6ထို သူ တို့ က အို ယု ဒ ပြည် ဗက် လင် မြို့၊ သင် သည် ယု ဒ မြို့ များ တွင် သိမ် ငယ် သည် မ ဟုတ်၊ ငါ၏ ဣ သ ရေ လ လူ မျိုး တော် ကို ထိန်း ကျောင်း မည့် မင်း သည် သင် မှ ပေါ် ထွန်း လိမ့် မည် ဟူ၍ ပ ရော ဖက် ရေး ထား ချက် အ ရ ယု ဒ ပြည် ဗက် လင် မြို့ တွင် ဖွား မြင် ရန် ရှိ ကြောင်း ပြန် လျှောက် ကြ ၏။
7ထို အ ခါ ဟေ ရုဒ် မင်း သည် ဆို ခဲ့ သော ပ ညာ ရှိ တို့ ကို တိတ် ဆိတ် စွာ ခေါ်၍ ကြယ် ပေါ် သည့် ကာ လ ကို မေး မြန်း ကြား သိ ပြီး သော် 8ထို သူ ငယ့် အ ကြောင်း သွား၍ စူး စမ်း ရှာ ဖွေ တွေ့ ရှိ သည့် ကာ လ၊ ငါ လည်း သွား ရောက် ဖူး မြော် အံ့ သော ငှာ ပြန်၍ အ ကြောင်း ကြား ပါ ဟု မိန့် မှာ ပြီး လျှင် ဗက် လင် မြို့ သို့ လွှတ် လိုက် ၏။ 9ပ ညာ ရှိ တို့ လည်း ဘု ရင် မင်း အ မိန့် ကို နာ ခံ ထွက် သွား ကြ သော်၊ သူ ငယ် တော် ရှိ ရာ အ ပေါ် သို့ လာ ရောက် ရပ် တန့် သည့် တိုင် အောင် အ ရှေ့ တိုင်း ပြည် မှ မြင် ခဲ့ သော ကြယ် သည် တင် ကြို ညွှန် သွား လေ၏။ 10ထို ကြယ် ကို မြင် သည့် ကာ လ သူ တို့ သည် အ လွန် ဝမ်း မြောက် ရွှင် လန်း လျက် 11အိမ် သို့ ဝင်၍ မယ် တော် မာ ရိ နှင့် တ ကွ သူ ငယ် တော် ကို တွေ့ သော် ပျပ် ဝပ် ဖူး မြော် လျက် ဘဏ္ဍာ ကြုတ် များ ကို ဖွင့် ပြီး လျှင် ရွှေ၊ လော် ဗန်၊ မု ရန် လက် ဆောင် တော် များ ကို ဆက် သ ပြီး နောက်၊ 12ဟေ ရုဒ် မင်း ထံ မ ပြန် ရ မည့် အ ကြောင်း အိပ် မက် တွင် ဗျာ ဒိတ် တော် ကို ခံ ရ၍ နေ ရင်း တိုင်း ပြည် သို့ အ ခြား လမ်း ဖြင့် ပြန် သွား ကြ ၏။
13ထို သူ တို့ ထွက် သွား သည့် နောက် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် ယော သပ် အား အိပ် မက် ထင် ရှား လျက် ထ လော့။ ဟေရုဒ် မင်း သည် သူ ငယ် တော် ကို ကွပ် မျက် ရန် ရှာ ကြံ သော ကြောင့် သူ ငယ် တော် နှင့် မယ် တော် ကို ခေါ် ဆောင်၍ အိ ဂျစ် ပြည် ရောက် ထွက် ပြေး ပြီး လျှင် ငါ ကြား ပြော မည့် ကာ လ တိုင် အောင် နေ လော့ ဟု ဆို သည့် အ တိုင်း ယော သပ် ထ ပြီး လျှင် 14သူ ငယ် တော် နှင့် မယ် တော် ကို ညဉ့် အ ခါ ခေါ် ဆောင်၍ အိ ဂျစ် ပြည် ရောက် ထွက် သွား သ ဖြင့် 15ဟေ ရုဒ် မင်း ကွယ် လွန် သည့် တိုင် အောင် နေ လေ၏။ ထို သို့ နေ ရ ခြင်း မှာ သား တော် ကို အိ ဂျစ် ပြည် မှ ငါ ခေါ် ဆောင် ခဲ့ ပြီ ဟူ၍ ပ ရော ဖက် ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ 16ပ ညာ ရှိ တို့ မ ထီ လေး စား ပြု သွား သည် ကို ဟေ ရုဒ် မင်း သိ မြင် သော် ဒေါ သ အ မျက် ပြင်း စွာ ထွက် လျက် ထို ပ ညာ ရှိ တို့ ထံ မေး မြန်း ကြား သိ ခဲ့ သည့် အ လျောက် ချင့် ချိန် ပြီး လျှင် ဗက် လင် မြို့ နှင့် တစ် နယ် လုံး တွင် အ သက် နှစ် နှစ် သား ထိ သူ ငယ် ယော ကျ်ား ဟူ သ မျှ ကို ကွပ် မျက် စေ ၏။ 17-18ထို အ ခါ ရာ မ မြို့၌ မြည်း တမ်း သံ သည်း စွာ ငို ကြွေး သံ ကို ကြား ရ၏။ ရာ ခေ လ သည် သား သ မီး တို့ အ တွက် ငို ကြွေး ၍ ဆုံး ပါး ကြ သော ကြောင့် နှစ် သိမ့် ခြင်း ကို မ ခံ လို ဟု ပ ရော ဖက် ယေ ရ မိ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ၏။
19ဟေ ရုဒ် မင်း ကွယ် လွန် သည့် နောက် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် အိ ဂျစ် ပြည် ရှိ ယော သပ် အား အိပ် မက် တွင် ထင် ရှား လျက် 20ထ လော့ သူ ငယ် တော် နှင့် မယ် တော် ကို ဣ သ ရေ လ ပြည် သို့ ဆောင် သွား လော့။ သူ ငယ် တော်၏ အ သက် အ န္တ ရာယ် ကို ရှာ ကြံ သော သူ တို့ သေ ဆုံး ကြ ပြီ ဟု ဆို သော် ယော သပ် သည် ထ ပြီး လျှင် 21သူ ငယ် တော် နှင့် မယ် တော် ကို ဆောင် သွား၍ ဣ သ ရေ လ ပြည် သို့ ရောက် ရာ 22ယု ဒ ပြည် တွင် ခ မည်း တော် ဟေ ရုဒ် မင်း အ ရိုက် အ ရာ၌ သား တော် အာ ခေ လော စိုး စံ သည် ကို ကြား လျှင် ထို ပြည် သို့ မ သွား ဝံ့ ရာ အိပ် မက် တွင် ဗျာ ဒိတ် တော် ကို ခံ ရ ပြန် သည့် အ တိုင်း ဂါ လိ လဲ နယ် သို့ သွား လျက် 23ကိုယ် တော် ကို နာ ဇ ရက် မြို့ သား ဟု ခေါ် ကြ လ တ္တံ့ ဟူ၍ ပ ရော ဖက် များ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ နာ ဇ ရက် အ မည် ရှိ သော မြို့ သို့ ရောက် သ ဖြင့် နေ ထိုင် ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy