YouVersion Logo
Search Icon

ရှင်~မဿဲ။ 1

1
1ဒါ ဝိဒ်၏ သား၊ အာ ဗြ ဟံ၏ သား ဖြစ် တော် မူ သော ယေ ရှု ခ ရစ်၏ အ မျိုး အ နွယ် တော် စာ ရင်း မှာ အာ ဗြ ဟံ့ သား ဣ ဇာက်၊ 2ဣ ဇာက် သား ယာ ကုပ်၊ ယာ ကုပ် သား ယု ဒ နှင့် ညီ အစ် ကို များ၊ 3တာ မာ ဖြင့် ယု ဒ ရ သော ဖာ ရက် နှင့် ဇေ ရ၊ ဖာ ရက် သား ဟေ ဇ ရုံ၊ ဟေ ဇ ရုံ့ သား အာ ရံ၊ 4အာ ရံ့ သား အ မိ န ဒပ်၊ အ မိ န ဒပ် သား နာ ရှုန်၊ နာ ရှုန့် သား စာ လ မုန်၊ 5ရာ ခပ် ဖြင့် စာ လ မုန် ရ သော ဗော ဇ၊ ရု သ ဖြင့် ဗော ဇ ရ သော သြ ဗက်၊ သြ ဗက် သား ယေ ရှဲ၊ ယေ ရှဲ သား ဒါ ဝိဒ် မင်း၊ ဥ ရိ ယ မ ယား ဖြစ် ဖူး သူ ဖြင့် ဒါ ဝိဒ် ရ သော ရှော လ မုန်၊ 6ရှော လ မုန် သား ရော ဗောင်၊ ရော ဗောင့် သား အ ဘိ ယ၊ အ ဘိ ယ သား အာ သ၊ အာ သ သား ယော ရှ ဖတ်၊ 7ယော ရှ ဖတ် သား ယ ဟော ရံ၊ ယ ဟော ရံ့ သား သြ ဇိ၊ 8သြ ဇိ သား ယော သံ၊ ယော သံ့ သား အာ ခတ်၊ အာ ခတ် သား ဟေ ဇ ကိ၊ 9ဟေ ဇ ကိ သား မ နာ ရှေ၊ မ နာ ရှေ့ သား အာ မုန်၊ အာ မုန့် သား ယော ရှိ၊ 10ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ ရှိ ရစ် သော ယော ရှိ သား ယေ ခေါ နိ နှင့် ညီ အစ် ကို များ၊ 11ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် နောက် 12ယေ ခေါ နိ ရ သော ရှာ လ သေ လ 13ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ၊ ဇေ ရု ဗ ဗေ လ သား အ ဗျုဒ်၊ အ ဗျုဒ် သား ဧ လျာ ကိမ် 14ဧ လျာ ကိမ့် သား အာ ဇော်၊ အာ ဇော့် သား ဇာ ဒုတ်၊ ဇာ ဒုတ် သား အာ ခိမ်၊ အာ ခိမ့် သား ဧ လုဒ် 15ဧ လုဒ် သား ဧ လာ ဇာ၊ ဧ လာ ဇာ့ သား မဿာန် 16မဿာန် သား ယာ ကုပ်၊ ယာ ကုပ် သား ကား ခ ရစ် တော် ခေါ် ယေ ရှု ကို ဖွား မြင် သော မာ ရိ၏ ခင် ပွန်း ယော သပ် တည်း။ 17အ မျိုး အ နွယ် တော် ဆက် ပေါင်း သည် အာ ဗြ ဟံ မှ ဒါ ဝိဒ် တိုင် တစ် ဆယ့် လေး ဆက် ဒါ ဝိဒ် မှ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ တိုင် တစ် ဆယ့် လေး ဆက်၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ မှ ခ ရစ် တော် တိုင် တစ် ဆယ့် လေး ဆက် ဖြစ် ၏။
18ယေ ရှု ခ ရစ် ၏ ဖွား တော် မူ ခြင်း အ ကြာင်း အ ရာ မှာ မယ် တော် ဖြစ် သူ မာ ရိ သည် ယော သပ် နှင့် ထိမ်း မှန်း ပြီး နောက် မ ဆက် ဆံ မီ သန့် ရှင်း သော ဝိ ညာဉ် တော် ဖြင့် သ န္ဓေ ရှိ ကြောင်း သိ မြင် ကြ သော် 19ခင် ပွန်း ယော သပ် သည် ဖြောင့် မတ် သူ ဖြစ် သော် လည်း အ ရှက် မ ကွဲ စေ လို သော ကြောင့် တိတ် တ ဆိတ် စွန့် ပယ် ရန် ကြံ ရွယ် အောက် မေ့ လျက် နေ စဉ် အိမ် မက် တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ထင် ရှား ပြီး လျှင် 20အို ဒါ ဝိဒ်၏ သား ယော သပ် ခင် ပွန်း မာ ရိ ကို သိမ်း ပိုက် ရန် မ ကြောင့် ကြ နှင့်။ သူ၌ ရှိ သော သ န္ဓေ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ဖြင့် တည် ၏။ 21သူ သည် သား ယော ကျ်ား ကို ဖွား မြင် လိမ့် မည်။ ထို သား သည် မိ မိ လူ မျိုး တော် ကို အ ပြစ် ဒု စ ရိုက် များ မှ ကယ် တင် မည့် အ ရှင် ဖြစ် သော ကြောင့် ယေ ရှု ဟူ၍ အ မည် မှည့် လော့ ဟု မြွက် ဆို ၏။ 22-23ထို သို့ ဖြစ် ပျက် ရ သည် မှာ အ ပျို က ညာ သည် သ န္ဓေ ယူ၍ သား ယော ကျ်ား ကို ဖွား မြင် သော အ ခါ ဧ မာ နွေ လ ဟု မှည့် ရ ကြ လ တ္တံ့ ဟူ ၍ ပ ရော ဖက် ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ ဧ မာ နွေ လ အ ဓိ ပ္ပါယ် ကား ဘု ရား သ ခင် သည် ငါ တို့ နှင့် အ တူ ရှိ တော် မူ သည် ဟု ဆို လို သ တည်း။ 24ယော သပ် သည် နိုး ထ ပြီး လျှင် စေ တ မန် တော် ဆင့် ဆို သည့် အ တိုင်း လိုက် နာ၍ ခင် ပွန်း ကို သိမ်း ပိုက် ရာ၊ 25သား မ ဖွား မီ မ ဆက် ဆံ ဘဲ နေ၏။ ထို သား ကို လည်း ယေ ရှု ဟူ ၍ အ မည် မှည့် လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy