Luke 3
3
1ကဲသာဘုရင် တိဗေရိသည် ဘုရင်အဖြစ်အုပ်ချုပ်ခဲ့ရာ တစ်ဆယ်ငါးနှစ်တွင်၊ ပုန္တိပိလက်သည် ယုဒပြည်၌ မြို့ဝန်အဖြစ်၎င်း၊ ဂါလိလဲပြည်၌ ဟေရုဒ်သည်ရှင်ဘုရင်အဖြစ်၎င်း၊ ဟေရုဒ်မင်း၏ညီဖိလိပ္ပုသည် တရာခေါနိတ်ပြည်နှင့် ဣတုရဲပြည် ဘုရင်အဖြစ်၎င်း၊ လုသာနီသည် အဘိလင်ပြည်၌ ဘုရင်အဖြစ်၎င်း၊ 2အန္န နှင့် ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအဖြစ်၎င်း အသီးသီးအုပ်ချုပ်ကြစဥ်တွင် ပရ်မေဆွာရ်၏နှုတ်ကပတ်တော်သည် တော၌ဇာခရိ၏သား ယောဟန်ထံသို့ရောက်လာ၍၊ 3ယောဟန်သည် မြစ်တစ်ဝိုက်ရှိ အရပ်ရပ်သို့ သွားပြီး၊ ထိုအရပ်၌ လူတို့အား " မိမိတို့၏ အပြစ်များမှ နောင်တရကြ၍ ဂျော်လ်ဒီကချာကိုယူကြလော့။ သို့မှသာ ပရ်မေဆွာရ်သည် သင်တို့၏ အပြစ်ကို ခွင့်လွှတ်လိမ်မည် " ဟု ဟောပြောလေ၏။ 4ပရ်မေဆွာရ်၏ပရ်ဘက်သာ ယေရှာယကျမ်း၌လာသည်ကား " တော၌ ကြွေးကြော်အော်ဟစ်သည်အသံမှ ပရ်ဘူကြွတော်မူရာလမ်းကို ပြင်ဆင်ကြလော့၊ ပရ်ဘူဂျီလမ်းကိုလည်း ဖြောင့်စေကြလော့။ 5ချိူင်းဝှမ်းရှိသမျှတို့ကို ဖြည်ရမည်။ တောင်ကုန်းငယ်များကို ဖြို၍ အဆင့်လိုက် ညီစေရမည်။ ကောက်သောလမ်းတို့ကို ဖောက်စေ၍ ကြမ်းတမ်းသောလမ်းတို့ကိုလည်း ချောမွေပြေပြစ်ရမည်။ 6လူအပေါင်းတို့သည် ပရ်မေဆွာရ်၏ မိုးကချ် ပေးခြင်း ကျေးဇူးတော်ကို မြင်ရကြလိမ်မည် " ဟုလာ၏။ (ယေရှာယ ၄၀း ၃ - ၄) 7ယောဟန်သည် ဂျော်လ်ဒီကချာကို ယူစေခြင်းငှာလာသော လူအစုအဝေးများကို ဟော်ပြောသည်ကား " သင်တို့သည် အဆိပ်ရှိသော မြွေအသိုက်နှင့်တူကြ၏။ သင်တို့ကို ပရ်မေဆွာရ်၏သေဒဏ်ပေးခြင်း အမျက်တော်မှ ရှောင်လွဲ လွှတ်မြေက်စေခြင်းငှာ အဘယ်သူသည် သင်တို့ကို သတိပေးသနည်း။ 8သင်တို့၏ အပြစ်များမှ နောင်တရသည်ကို ဖော်ပြသော အသီးကို သီးကြလော့။ အာဗြံဟံသည် မိမိ၏အဘဖြစ်သည် ဟု မိမိစိတ်ထင်မှတ်ခြင်းငှာ မရှိကြနှင့်။ ပရ်မေဆွာရ်သည် ကျောက်ခဲများမှ အာဗြံဟံ၏ သားသမီးများကို ထုတ်ဖော်ဖန်ဆင်းနိုင်သည်ဟု ငါဆို၏။ 9ပုဆိန်သည် သစ်ပင်၏အမြစ်နားတွင် ထားလျက်ရှိသည်ဖြစ်၍ ကောင်းသောအသီးမသီးသော အပင်ရှိသမျှတို့ကို ခုတ်လဲ၍ မီးထဲသို့ ပစ်ချခြင်းခံရလိမ်မည် " ဟုဟောပြော၏။ 10လူအစုအဝေးတို့က " သို့ဖြစ်လျှင် အကျွန်ုပ်တို့ အဘယ်သို့ပြုရမည်နည်း " ဟု မေးလျှောက်သော်၊ 11ယောဟန်က " အကယ်၍ သင်တို့တွင် အင်္ကျီအပိုဝတ်ရန်ရှိလျှင် မရှိသော သူတို့ကို မျှဝေပေးကြလော့။ ထိုနည်းတူ သင်တို့၌ စားစရာ အပိုရှိလျှင် မျှဝေကြလော့ " ဟုဆို၏။ 12အခွန်ကောက်ခံသော သူတို့သည်လည်း ဂျော်လ်ဒီကချာယူရန်လာကြ၍ " ဂုရုဂျီ၊ အကျွန်ုပ်တို့ အဘယ်သို့ပြုရမည်နည်း " ဟု မေးလျှောက်ကြသော်၊ 13ယောဟန်က " သင်တို့အား ကောက်ခံရန် စီမံထားသည့်ထက် ပို၍မကောက်ခံကြနှင့် " ဟု ပြန်ပြော၏။ 14ထို့နောက် အချို့သောစစ်သူရဲတို့က " အကျွန်ပ်တို့သည်လည်း အဘယ်သို့ပြုရမည်နည်း " ဟု လျှောက်ကြသော်၊ ယောဟန်က "သင်တို့သည် လူတို့ကို ငွေပေးစေခြင်းငှာ အနိုင်အထက်မပြုကြနှင့်၊ လူတို့ကိုမဟုတ်မမှန်သောစွပ်စွဲချက် မတင်ကြနှင့်၊သင်တို့ရသောလုပ်အားခဖြစ် ရောင်းရဲတင်းတိမ်ကြလော့ " ဟု ပြောလေလေ 15လူများတို့သည် စောင့်မျှော်လင့်လျက်၊ " ယောဟန်သည် မူကသီဒါသာ ဖြစ်သလော့ " ဟု စိတ်နှလုံးထဲ၌ တွေးတောနေကြသည်ရှိသော်၊ 16ယောဟန်ကလည်း ၊ " ငါသည်သင်တို့အား ရေဖြင့်ဒီကချာပေး၏။ သို့သော် ငါ့နောက်ကြွလာလတ္တံသော သူသည် ငါ့ထက်တန်ခိုးကြီး၍ မြင့်မြတ်သောသူဖြစ်၏။ ထိုသူ၏ ဖိနပ်ကြိုးကိုမျှ ဖြည်စေခြင်းငှာ ငါမထိုက်။ သူသည် သင်တို့အား ပရ်မေဆွာရ်၏ဝိညာဉ်တော်နှင့် မီးဖြစ်ဒီကချာပေးလိမ့်မည်။ 17သူ၏ ကောက်နယ်တလင်းများမှ ကောက်ရိုးများကို ဖယ်ထုတ်စေခြင်းငှာ လက်တော်၌ ကောက်ဆွပါလျက်ရှိ၏။ သူသည် ဂျုံစပါးကျီးများကို သို့လှောင်ခန်းထဲ၌ စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးထဲသို့ထည့်၍ မီးရှို့လိမ့်မည် " ဟုပြောဆိုလျက်၊ 18ယောဟန်သည် များစွာသောလူတို့အား သတိပေးချက်ဖြင့် နှိုးဆော်သောစကားများနှင့် ပရ်မေဆွာရ်၏ သတင်းကောင်းများကိုလည်း ဟောပြော၏။ 19သို့ရာတွင် ယောဟန်သည် ဂါလိလဲပြည်ကို အုပ်စိုးသောဟေရုဒ်မင်း၏ညီ ဟေရောဒီအကြောင်းမှစ၍ မိမိပြစ်မှားကျူးလွန်မိခဲ့သောအကြောင်းတို့ကို ဖော်ပြ၍ လူတို့အား ဆုံးမသွန်သင်လေ၏။ 20ထို့ကြောင့် ဟေရုဒ်သည် ယောဟန့်အား အခြားဒုစရိုက်အပြစ်များ ထက်ဆောင်၍စွဲချက်တင်ကာ ထောင်ထဲသို့ပို့လေ၏။ 21လူအပေါင်းတို့သည် ဂျော်လ်ဒီကချာကို ခံယူကြသောအခါ ယေရှုဂျီသည်လည်း ဂျော်လ်ဒီကချာကိုယူ၍ ဆုတောင်းတော်မူစဉ်တွင် ကောင်းကင်သည်ပွင့်သွားပြီး၊ 22ပရ်မေဆွာရ်၏ဝိညာဥ်တော်သည် ချိုးငှက်အသွင်ဖြင့် ယေရှုဂျီအပေါ်သို့ ဆင်းသက်လာတော်မူ၍ ကောင်းကင်မှ " သင်သည့် ငါ့နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း " ဟု အသံတစ်ခု ထွက်ပေါ်လာ၏။ 23ယေရှုဂျီသည် ပရ်မေဆွာရ်နှင့် အခြားလူများတို့အတွက် အမှုတော်စတင်ဆောင်ရွက်ချိန်တွင် အသက်သုံးဆယ်ခန့်ရှိပြီးဖြစ်၏။ လူများသည် ယေရှုဂျီအား ယောသပ်၏သားဟု အထင်အမှတ်ရှိကြ၏။ ယောသပ်သည် ဧလိ၏သားဖြစ်၏။ 24ဧလိသည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား ။ လေဝိသည် မေလခိ၏သား၊ မေလခိသည် ယန္န၏သား၊ ယန္နသည် ယောသပ်၏သား၊ 25ယောသပ်သည် မတ္တသိ၏သား၊ မတ္တသိသည် အာမုတ်၏သား၊ အာမုတ်သည် နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည် နဂ္ဂဲ၏သား၊ 26နဂ္ဂဲသည် မာအတ်၏သား၊ မာအတ်သည် မတ္တသိ၏သား၊ မတ္တသိသည် ရှေမိ၏သား၊ ရှေမိသည် ယောသပ်၏သား၊ ယောသပ်သည် ယုဒ၏သား၊ 27ယုဒသည် ယောဟန္န၏သား၊ ယောဟန္နသည် ရေသ၏သား၊ ရေသသည် ဇေရုဗဗေလ၏သား၊ ဇေရုဗဗေလသည် ရှာလသေလ၏သား၊ ရှာလသေလအဘ နေရိ၏သား၊ 28နေရိသည် မေလခိ၏သား၊ မေလခိသည် အဒ္ဒိ၏သား၊ အဒ္ဒိသည် ကောသံ၏သား၊ ကောသံသည် ဧလမောဒံ၏သား၊ ဧလမောဒံသည် ဧရ၏သား၊ 29ဧရသည် ယောသေ၏သား၊ ယောသေသည် ဧလျေဇာ၏သား၊ ဧလျေဇာသည် ယောရိမ်၏သား၊ ယောရိမ်သည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား၊ 30လေဝိသည် ရှိမောင်၏သား၊ ရှိမောင်သည် ယုဒ၏သား၊ ယုဒသည် ယောသပ်၏သား၊ ယောသပ်သည် ယောနန်၏သား၊ ယောနန်သည် ဧလျာကိမ်၏သား၊ 31ဧလျာကိမ် သည် မေလေ၏သား၊ မေလေသည် မဲနန်၏သား၊ မဲနန်သည် မတ္တသ၏သား၊ မတ္တသသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား၊ 32ဒါဝိဒ်သည် ယေရှဲ၏သား၊ ယေရှဲသည် ဩဗက်၏သား၊ ဩဗက်သည် ဗောဇ၏သား၊ ဗောဇသည် စာလမုန်၏သား၊ စာလမုန်သည် နာရှုန်၏သား၊ 33နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အာရံ၏သား၊ အာရံသည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား၊ 34ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇာက်၏သား၊ ဣဇာက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သား၊ 35နာခေါ်သည် စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည် ဖာလက်၏သား၊ ဖာလက်သည် ဟေဗာ၏သား၊ ဟေဗာသည် ရှာလ၏သား၊ 36ရှာလသည် ကာဣနန်၏သား၊ ကာဣနန်သည် အာဖာဇဒ်၏သား၊ အာဖာဇဒ်သည် ရှေမ၏သား၊ ရှေမသည် နောဧ၏သား၊ နောဧသည် လာမက်၏သား၊ 37လာမက်သည် မသုရှလ၏သား၊ မသုရှလသည် ဧနောက်၏သား၊ ဧနောက်သည် ယာရက်၏သား၊ ယာရက်သည် မဟာလေလေလ၏သား၊ မဟာလေလေလသည် ကာဣနန်၏သား၊ 38ကာဣနန်သည် ဧနုတ်၏သား၊ ဧနုတ်သည် ရှေသ၏သား၊ ရှေသသည် အာဒံ၏သား ၊ အာဒံသည် ပရ်မေဆွယ်ရ်၏သားပေတည်း။
Επιλέχθηκαν προς το παρόν:
Luke 3: HNT
Επισημάνσεις
Κοινοποίηση
Αντιγραφή
Θέλετε να αποθηκεύονται οι επισημάνσεις σας σε όλες τις συσκευές σας; Εγγραφείτε ή συνδεθείτε