Luke 2
2
1ထိုကာလ၌ ကဲသာဘုရင်ဩဂုတ္တုသည် ရောမနိုင်ငံတစ်နိုင်ငံလုံးရှိလူဦးရေစာရင်းကိုကောက်ယူရန်အမိန့်ထုတ်ပြန်ခဲ့သည်။ 2ဤသို့လူဦးရေစာရင်းကောက်ယူရာမှ ကုရေနိသည် ဆီးရီးယား၏မြို့ဝန်ဖြစ်စဉ်တွင် ပထမအကြိမ်ကောက်ယူခြင်းသည်ဖြစ်၏။ 3လူအပေါင်းတို့သည် စာရင်းဝင်စေရန်အတွက် မိမိတို့၏မြို့ရွာ အသီးသီးသို့ပြန်ကြ၏။ 4ယောသပ်သည် ဒါဝိဒ်အမျိုးအနွယ်မှ ဆင်းသက်လာသောသူဖြစ်သဖြင့် ထိမ်းမြားပြီးစေ့စပ်ထားသော မာရိနှင့်အတူ ဂါလိလဲပြည်မှာနာဇရက်မြို့မှ ယုဒပြည်၊ ဗက်လင်ဟု အမည်ရှိသော ဒါဝိဒ်၏ မြို့သို့သွား၏။ 5ထိုအချိန်၌ မာရိ၏ ပဋိသန္ဓေသည် အရင့်အမာ၌ ရှိလေ၏။ 6ယောသပ်နှင့် မာရိသည် ဗက်လင်မြို့၌ ရှိကြစဉ်တွင် ကလေးမွေးဖွားရန်အချိန်စေ့လေ၏။ 7ထိုကြောင့်မာရိသည်သူမ၏ ပထမဆုံးသားဦးကိုမွေးဖွားခဲ့သည်။သူငယ်က သားယေင်္ကျားလေးဖြစ်၏။ ထိုအရပ်၌ တည်းခိုစရာ နေရာမရှိသောကြောင့်သူငယ်အား အနှီးဖြင့်ပတ်ကာ နွားစားခွက်ထဲတွင် သိပ်ထားလေ၏။ 8ထိုအရပ်အနီးအနားရှိ ဒေသတွင် သိုးထိန်းသားအချို့ရှိ၏။သူတို့သည်ညအချိန်ဖြစ်သောကြောင့် မိမိ၏ သိုးများကို ကြည်ရှုစောက်ရှောက်လျက်နေကြ၏။ 9ထိုအခါ ပရ်ဘူဂျီ၏ ဆွာရ်ဒူ(သ်) သည် သူတို့၏ရှေ့တွင် ပေါ်လာပြီ သူတို့၏ ပတ်ပတ်လည်လည်၌ ပရ်မေဆွာရ်၏ ဘုန်းတော်ထွန်းလင်းတောက်ပသော်ကြောင့် သူတို့သည် အလွန်ကြောက်လန့်သွားကြ၏။ 10သို့သော် ဆွာရ်(ဂ်)ဒူ(သ်) က "သင်တို့သည် ကြောက်လန့်ခြင်းမရှိကြနှင့်။ငါသည် လူသားအားလုံးအတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်းကို သင်တို့ထံ ငါဆောင်ခဲ့၏ "ဟု ပြောဆို၏။ 11ယနေ့ ဒါဝိဒ်၏မြို့၌ မူကသီဒါသာတည်းဟူသော ကယ်တင်ရှင်တစ်ပါးဖွားမြင်တော်မူ၏။ 12သူငယ်သည် အနှီးဖြင့် ပတ်လျက် နွားစာခွက်ထဲ၌ သိပ်ထားသည်ကို သင်တို့မြင်ကြလိမ့်မည်။ ဤသည်မှာ ငါအမှန်အကန်ပြောဆိုကြောင်း နိမိတ်လက္ခဏာဖြစ်လိမ်မည်။ 13ထိုဆွာရ်(ဂ်)ဒူ(သ်)နှင့်အတူ ရုတ်တရက်ကောင်းကင်မှ များစွာသော ဆွာရ်(ဂ်)ဒူ(သ်)များ ပေါ်လာ၍ ပရ်မေဆွာရ်၏ဂုဏ်တော်ကို ချီးမွမ်းကြလျက်၊ 14" အမြင့်ဆုံးသော ဆွာရ်(ဂ်)၌ ပရ်မေဆွာရ်သည် ဘုန်းကြီးစေသတည်း။ ကမ္ဘာမြေကြီးပေါ်၌ ပရ်ဘူဂျီ နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း " ဟု ပြောဆိုကြ၏။ 15ဆွာရ်(ဂ်)ဒူ(သ်)များသည် ဆွာရ်(ဂ်)သို့တက်သွားပြီးနောက် သိုးထိန်းတို့က " ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ပရ်ဘူဂျီ ဖော်ပြတော်မူသော ဤအမူအရာတို့ကို ကြည့်ကြကုန်အံ့ " ဟု အချင်းချင်းပြောဆိုကြ၏။ 16ထို့ကြောင့် သူတို့သည်အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်ထဲတွင် လဲလျောင်းနေသောသူငယ်ကို၎င်း တွေ့မြင်ကြ၏။ 17သို့ထိန်းတို့သည် သူငယ်ကိုမြင်တွေ့ပြီးနောက် သိုးထိန်းတို့အား ဤသူငယ်နှင့်ပတ်သက်၍ ဆွာရ်(ဂ်)ဒူ(သ်)များပြောဆိုခဲ့ကြောင်းကို ကြားပြောကြ၏။ 18သိုးထိန်းများ ပြောသောစကားကို ကြားရသူရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။ 19မာရိမူကား ဤအကြောင်းအရာအလုံးစုံတို့ကို လျှို့ဝှက်သောဘဏ္ဍာကဲ့သို့ မိမိ၏စိတ်နှလုံး၌ သိမ်းဆည်ထားလျက် ထိုအကြောင်းအရာကို ထပ်တလဲလဲ တွေးတောလျက်နေ၏။ 20သိုးထိန်းများပြန်လာ၍ သူတို့အားပြောခဲ့သည့်အတိုင် ကြားမြင်ကြသောကြောင့် ပရ်မေဆွာရ်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ 21သူငယ်သည် အရေပြားလှီးခြင်းကို ရှစ်ရက်မြောက်သောနေ့၌ ခံခဲ့ရ၏။ထို့နောက်သူ၏မိခင်သည် ပဋိသန္ဓေမစွဲမီအချိန်၌ ဆွာရ်(ဂ်)ဒူ(သ်)ပြောကြားခဲ့သည့်အတိုင်း သူငယ်၏အမည်ကို ယေရှု ဟု မှည့်လေ၏။ 22ထို့နောက် မောရှေ့၏ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း သူငယ်အားသန့်ရှင်းစင်ကြယ်ခြင်းပြုစေခြင်းငှာ အချိန်စေ့လာသောကြောင့် ယောသပ်နှင့်မာရိတို့သည် သူငယ်ကိုခေါ်၍ ယေရုရှလင်မြို့သို့ သွားကြ၏။ 23အကြောင်းမူကား၊ ပရ်မေဆွာရ်၏ပညတ္တိကျမ်း၌ " မိသားစုတိုင်းပထမဆုံးမွေးဖွားသော သားယောက်ျားလေကို ပရ်ဘူဂျီအတွက် သီးခြားခွဲထားရမည် ဟု ကျမ်း၌လာသည့်အတိုင်း သူငယ်အား ပရ်မေဆွာရ်၏ရှေ့တော်တွင် ဆက်ကပ်ကြပြီးနောက်၊ 24ချိုးနှစ်ကောင်ဖြစ်စေ၊ ခိုကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကိုယူ၍ပူဇော်ရမည်ဟု ပညတ္တိကျမ်း၌လာသည့်အတိုင်း ယဇ်ပူဇော်ကြ၏။( ထွက်မြောက်ရာကျမ်း ၁၃း ၂၊၁၂) (ဝတ်ပြုရာကျမ်း ၁၂း ၈) 25ယေရုရှလင်မြို့၌ ရှုမောင်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူသည်ဖြောင့်မတ်၍ ဘုရားဝတ်ပြုသောသူဖြစ်၏။ သူသည် ဣသရေလအမျိုးသားတို့အား ပရ်မေဆွေရ်သည် ကတိတော်ထားတော်မူသည့်ကို ဖြစ်လတံသော အချိန်ကိုစောင့်မျှော်လျက်နေ၏။ ပရ်မေဆွေရ်၏ ဝိညာဉ်တော်သည်သူအပေါ်၌တည်းသည်ဖြစ်၍၊ 26ပရ်မေဆွာရ်၏ဝိညာဉ်တော်သည် ရှုမောင်အား ပရ်ဘူဂျီ၏ မူကသီဒါတာကို မတွေ့မမြင်ခင် သေရလိမ့်မည်မဟုတ် ဟု မိန့်ကြားခဲ့၏။ 27ဝိညာဉ်တော်သည် ရှုမောင်အား မန်နန်ဒီရ်သို့သွားစေပြီး၊ ယေရှုဂျီ၏မိဘနှစ်ပါးသည်လည်း သူငယ်ကိုအထဲသို့ခေါ်ဆောင်သွားပြီး ပညတ္တိကျမ်း၏ ထုံးလမ်းအစဥ်အလာအတိုင်း ဆောင်ရွက်ကြစဥ်၊ 28ရှုမောင်းသည် ယေရှုဂျီကို ပွေ့ချီ၍ ပရ်မေဆွာရ်၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ 29ရှုမောင်က " ပရ်ဘူဂျီ ၊အလုံးစုံတို့ကို အစိုးရသောရှင်ဘုရင်ဖြစ်တော်မူ၏။ ယခု ဤကျွန်၌ ကတိပေးထားလျက်ရှိသည့်အတိုင်း ငြိမ်ဝပ်စွာ စတေးရသော အခွင့်ပေးတော်မူပါ။ 30အကျွန်ုပ်၏ မျက်စိများက ပရ်ဘူဂျီ၏ ကယ်တင်ရှင်ကို ရှုမြင်ပါပြီး။ 31ဤသည်မှာ လူမျိုးတကာတို့၏ ရှေ့မှောက်၌ ပြင်ဆင်ပေးတော်မူပြီး၊ 32ယုဒလူမျိုးမဟုတ် တစ်ပါးအမျိုးသားတို့တွင် လင်းစေခြင်းငှာ၎င်း၊ ပရ်ဘူဂျီ၏လူ ဣသရေလအမျိုးသားတို့၏ ဘုန်းထင်ရှားစေခြင်းငှာ၎င်း ပြုတော်မူ၏။ 33သူငယ်၏ ဖခင်နှင့်မိခင်တို့သည် ဤစကားကိုကြားလျှင် အံ့သြခြင်းရှိကြ၏။ 34ရှုမောင်သည် သူတို့အား ကောင်းချီးပေး၍ ယေရှုဂျီ၏ မိခင်အား " ဤသူငယ်သည် ဣသရေလအမျိုး၌ များစွာသောလူတို့ကို လဲမည်အကြောင်းနှင့် လူများတို့ကို ထစေမည့်အကြောင်းဖြစ်လိမ့်မည်။ ပရ်မေဆွာရ်သည် များစွာသော လူတို့၏စိတ်နှလုံးအကြံစည်တို့ကို ထင်ရှားစေမည့်အကြောင်း၊ လူတို့၏ကဲ့ရဲ့ခြင်း ဖြစ်စေမည့်အကြောင်းစေလွှတ်တော်မူ၏။ 35ထိုမှတပါး သန်လျက်သည် သင်၏စိတ်နှလုံးဝိညာဥ်ကိုပင် ဒဏ်ရာပေးလိမ့်မည် " ဟု မြွတ်ဆို၏။ 36အာရှာအမျိုးအနွယ်မှ ဆင်းသက်လာသော ဖနွေလ၏သမီး အန္နအမည်ရှိသော ပရ်ဘက်သာတစ်ယောက်ရှိ၏။ သူမသည် အိမ်ထောင်ချပြီးနောက် ခင်ပွန်းနှင့်အတူ ခုနှစ်နှစ်သာ နေထိုင်ခဲ့ပြီး၊ 37သူမသည် အသက်ကြီးရင့်ပြီဖြစ်ပြီး၊ ရှစ်ဆယ်လေးနှစ်တိုင်အောင် မုဆိုးမအဖြစ်နေ၍ မန်နန်ဒီရ်မှ မထွက်ခွားဘဲ နေ့ညမပြတ် အစာရှောင်၊ဆုတောင်းလျက် နေလေ၏။ 38ထိုအခိုက်အတန့်တွင် အန္နသည် ပရ်ဘူဂျီ၏ မိသားစုရှိရာသို့ ရောက်လာ၍ သူမသည် ပရ်မေဆွာရ်၏ဂုဏ်တော်ကို ကျေးဇူးတင်ပြီ ချီးမွမ်းလေသည်။ ယေရုရှလင်မြို့၌ လွတ်မြောက်မည်အချိန်ကို စောင့်နေသောသူတို့အား သူငယ်၏အကြောင်းကိုပြောပြလေ၏။ 39ထို့နောက် ယောသပ်နှင့်မာရိတို့သည် ပရ်ဘူဂျီ၏ပညတ်တော်တွင် ဖော်ပြသည့်အတိုင်း လိုအပ်သောပြုရမည့်မှန်သမျှကို ဆောင်ရွက်ပြီး ဂါလိလဲပြည်၊ မိမိတို့၏မြို့ဖြစ်သော နာဇရင်မြို့သို့ပြန်သွားကြ၏။ 40သူငယ်သည်လည်း ကြီးပြင်းလာ၍ ဉာဏ်ပညာနှင့်၎င်း ၊ဉာဏ်သတ္တိနှင့်၎င်း ပြည့်စုံပြီး ပရ်မေဆွာရ်၏ ကျေးဇူးတော်သည် သူ့အပေါ်၌ တည်တော်မူ၏။ 41နှစ်စဉ်နှစ်တိုင်း ပသခါပွဲတော်အတွက် ယေရှုဂျီ၏ မိဘများသည် ယေရုရှလင်မြို့သို့ သွားလေ့ရှိကြ၏။ 42ယေရှုဂျီသည် တစ်ဆယ့်နှစ်နှစ်အရွယ်ရောက်သောအခါ ထုံးစံအတိုင်း ပွဲတော်သို့ သွားကြ၏။ 43ပွဲတော်ရက်ပြီးလျှင် သူငယ်၏မိဘများသည် အိမ်သို့ပြန်ကြ၏။ သို့သော်သူငယ်ယေရှုသည် ယေရုရှလင်မြို့၌ ကျန်ရစ်လေခဲ့၏။ ထိုအကြောင်းကို သူ၏မိဘများ သတိမထားကြချေ။ 44သူတို့၏ အပေါင်းဖော်များနှင့် တစ်နေရာတွင် သူငယ်ရှိသည် ဟု စိတ်ထင်မှတ်လျက် တစ်နေ့လုံးခရီးဆက်သွားကြလေ၏။ သူငယ်ကိုမတွေ့ကြလျှင် မိမိတို့အဆွေနှင့်အပေါင်းအဖော်တို့အတွင်း၌ စတင်၍ ရှာဖွေကြလေ၏။ 45သူငယ်ကို မတွေ့ကြသောအခါ ယေရုရှလင်မြို့သို့ သူငယ်ကိုရှာဖွေရန်အတွက် ပြန်သွားကြ၏။ 46သုံးရက်လွန်ပြီးနောက် သူငယ်သည် မန်နန်ဒီရ်အတွင်း၌ ယုဒဆရာများ၏ အလယ်၌ထိုင်ပြီး၊ ထိုသူတို့၏စကားကိုနားထောင်လျက်၊ ပြောဆိုဆွေးနွေးလျက်ရှိနေသည် ကို တွေ့မြင်ကြ၏။ 47သူငယ်၏ ဉာဏ်ပညာကို၎င်း၊ သူငယ်၏ပြန်ဖြေသောအဖြစ်စကားကို၎င်း ကြားနားသောသူအပေါင်းတို့သည် အံ့သြခြင်းရှိကြ၏။ 48မိဘတို့သည် သူတို့၏သားကို တွေ့မြင်ကြသောအခါ အံ့သြခြင်းရှိလျက်၊ မိခင်မာရိက " သား၊ အဘယ်ကြောင့် ငါတို့နှင့်အတူ ဤသို့ပြုအပ်သနည်း။ သင်၏အဖေနှင့် ငါသည် သင်ကို စိတ်ပူ၍ နေရာတကာတွင် ရှာဖွေလျက်နေကြပါ၏ " ဟု ဆိုသော် 49သူငယ်ယေရှုက " အကျွန်ုပ်ကို အဘယ်ကြောင့်ရှာနေကြသနည်း။ အကျွန်ပ်သည် အကျွန်ပ်၏ခမည်းတော်အိမ်၌ ရှိနေမည်ကို မသိကြသလော့ " ဟု ဆို၏။ 50သို့သော် သူတို့သည် စကား၏အဓိပ္ပာယ်ကို နားမလည်းကြ။ 51ထို့နောက် ယေရှုသည် သူ၏မိဘများနှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ မိဘများ၏ စကားကိုနားထောင်လျက် နေလေ၏။ သို့သော် ယေရှုဂျီ၏မိခင်သည် ထိုအကြောင်းအရာအလုံးစုံတို့ကို သူ၏စိတ်ထဲ၌ လျှို့ဝှက်ထားသောရတနာတစ်ခုကဲ့သို့ သိမ်းဆည်း မှတ်ကျုံးလေ၏။ 52ယေရှုဂျီသည် အသက်ကြီးလာသည်နဲ့အမျှ ပို၍ဉာဏ်ပညာနှင့်ဉာဏ်သတ္တိ တိုးပွားလာ၍ ပရ်မေဆွာရ်၏ ရှေ့တော်နှင့် လူတို့အရှေ့တွင်ပို၍ မျက်နှာသာရတော်မူ၏။
Επιλέχθηκαν προς το παρόν:
Luke 2: HNT
Επισημάνσεις
Κοινοποίηση
Αντιγραφή
Θέλετε να αποθηκεύονται οι επισημάνσεις σας σε όλες τις συσκευές σας; Εγγραφείτε ή συνδεθείτε