ရှင်မာကု 12:43-44

ရှင်မာကု 12:43-44 TPV-RV

ထိုအခါ ကိုယ်တော်က တပည့်တော်များကို ခေါ်၍ “သင်တို့အား ငါအမှန်ဆိုသည်ကား၊ ဤဆင်းရဲနွမ်းပါးသည့် မုဆိုးမသည် ဘ​ဏ္ဍာ​တိုက်ထဲသို့ အခြားသူအားလုံးထက်သာသည့် အလှူဒါနပြုခဲ့၏။ အကြောင်းမူကား လူတို့သည် မိမိတို့၌ ပိုလျှံနေသော အရာများကိုသာ လှူဒါန်းတတ်ကြ၏။ သို့သော် ဤမုဆိုးမသည် ဤမျှလောက်ဆင်းရဲနွမ်းပါးနေသည့်တိုင် သူ့၌ရှိသမျှ ငွေကြေးအကုန်လုံးကို လှူဒါန်းလိုက်သည့်အတွက်ကြောင့်ဖြစ်သည်” ဟုမိန့်တော်မူလေ၏။