YouVersion 标志
圣经计划视频
获取软件
选择语言
搜索图标

ရှင်လုကာ 6 的热门经文

1

ရှင်လုကာ 6:38

Judson Bible

JBMLE

သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။

对照

探索 ရှင်လုကာ 6:38

2

ရှင်လုကာ 6:45

Judson Bible

JBMLE

ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။

对照

探索 ရှင်လုကာ 6:45

3

ရှင်လုကာ 6:35

Judson Bible

JBMLE

သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။

对照

探索 ရှင်လုကာ 6:35

4

ရှင်လုကာ 6:36

Judson Bible

JBMLE

ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။

对照

探索 ရှင်လုကာ 6:36

5

ရှင်လုကာ 6:37

Judson Bible

JBMLE

သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။

对照

探索 ရှင်လုကာ 6:37

6

ရှင်လုကာ 6:27-28

Judson Bible

JBMLE

ငါ့​စ​ကား​ကို​ကြား​ရ​သော သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့၏ ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။- သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။

对照

探索 ရှင်လုကာ 6:27-28

7

ရှင်လုကာ 6:31

Judson Bible

JBMLE

သင်​တို့​သည် ကိုယ်၌​သူ​တစ်​ပါး ပြု​စေ​လို​သည်​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။

对照

探索 ရှင်လုကာ 6:31

8

ရှင်လုကာ 6:29-30

Judson Bible

JBMLE

သင်၏ ပါး​တစ်​ဖက်​ကို ပုတ်​သော​သူ​အား ပါး​တစ်​ဖက်​ကို ပေး​ဦး​လော့။ သင့်​ဝတ်​လုံ​ကို သိမ်း​ယူ​သော သူ​အား သင့်​အင်္ကျီ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။- အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။

对照

探索 ရှင်လုကာ 6:29-30

9

ရှင်လုကာ 6:43

Judson Bible

JBMLE

မ​ကောင်း​သော​အ​သီး​ကို သီး​သော​အ​ပင်​ကား၊ ကောင်း​သော​အ​ပင် မ​ဟုတ်။ ကောင်း​သော​အ​သီး​ကို သီး​သော အ​ပင်​ကား၊ မ​ကောင်း​သော​အ​ပင် မ​ဟုတ်။

对照

探索 ရှင်လုကာ 6:43

10

ရှင်လုကာ 6:44

Judson Bible

JBMLE

အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။

对照

探索 ရှင်လုကာ 6:44

上一章
下一章
YouVersion

我们要鼓励、挑战你每天亲近上帝。

事工

关于我们

就职机会

义工

博客

新闻区

有用链接

帮助

捐赠

圣经译本

音频圣经

译本语言

今日经文


此数字事工属于

Life.Church
English (US)

©2025 Life.Church / YouVersion

隐私政策使用条款
漏洞披露方案
FacebookTwitterInstagramYouTubePinterest

主页

圣经

计划

视频