YouVersion 标志
圣经计划视频
获取软件
选择语言
搜索图标

ရှင်လုကာ 5 的热门经文

1

ရှင်လုကာ 5:4

Judson Bible

JBMLE

စ​ကား​တော်​ပြတ်​သော​အ​ခါ၊ ရေ​နက်​ရာ​အ​ရပ်​သို့ ရွေ့​ဦး​လော့။ ပိုက်​ကွန်​ကို​ချ၍ ငါး​ကို​အုပ်​စမ်း​လော့​ဟု ရှိ​မုန်​အား​မိန့်​တော်​မူ၏။

对照

探索 ရှင်လုကာ 5:4

2

ရှင်လုကာ 5:5-6

Judson Bible

JBMLE

ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။ ထို​သို့​ချ​ကြ​ပြီး​လျှင်၊ အ​လွန်​များ​စွာ​သော ငါး​တို့​ကို အုပ်​မိ​သ​ဖြင့် ပိုက်​ကွန်​သည် စုတ်​ပြတ်​စ​ရှိ၏။

对照

探索 ရှင်လုကာ 5:5-6

3

ရှင်လုကာ 5:16

Judson Bible

JBMLE

ကိုယ်​တော်​သည် တော​အ​ရပ်​သို့​ကြွ၍ ဆု​တောင်း​လေ့​ရှိ​တော်​မူ၏။

对照

探索 ရှင်လုကာ 5:16

4

ရှင်လုကာ 5:32

Judson Bible

JBMLE

ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို​ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

对照

探索 ရှင်လုကာ 5:32

5

ရှင်လုကာ 5:8

Judson Bible

JBMLE

ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

对照

探索 ရှင်လုကာ 5:8

6

ရှင်လုကာ 5:31

Judson Bible

JBMLE

ယေ​ရှု​က​လည်း၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။

对照

探索 ရှင်လုကာ 5:31

7

ရှင်လုကာ 5:11

Judson Bible

JBMLE

ကမ်း​နား​မှာ​လှေ​ကို ဆိုက်​ပြီး​လျှင်၊ ထို​သူ​တို့​သည် ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။

对照

探索 ရှင်လုကာ 5:11

8

ရှင်လုကာ 5:12-13

Judson Bible

JBMLE

ကိုယ်​တော်​သည် မြို့​တစ်​မြို့၌​ရှိ​တော်​မူ​စဉ်၊ တစ်​ကိုယ်​လုံး​နူ​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ကိုယ်​တော်​ကို မြင်​လျှင် ပျပ်​ဝပ်၍၊ သ​ခင်၊ အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက်၊ လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်​လေ၏။

对照

探索 ရှင်လုကာ 5:12-13

9

ရှင်လုကာ 5:15

Judson Bible

JBMLE

သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။

对照

探索 ရှင်လုကာ 5:15

上一章
下一章
YouVersion

我们要鼓励、挑战你每天亲近上帝。

事工

关于我们

就职机会

义工

博客

新闻区

有用链接

帮助

捐赠

圣经译本

音频圣经

译本语言

今日经文


此数字事工属于

Life.Church
English (US)

©2025 Life.Church / YouVersion

隐私政策使用条款
漏洞披露方案
FacebookTwitterInstagramYouTubePinterest

主页

圣经

计划

视频