Psalms 109
109
1အို... ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်ရှင်အား ချီးမွမ်းထောမနာပြုပါ၏။ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ 2အကြောင်းမူကား ဆိုးယုတ်သောသူ၊ လိမ်လည်လှည့်ဖြားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် မိမိတို့နှုတ်ကိုဖွင့်ဟကြပါ၏။ 3သူတို့သည် အကျွန်ုပ်ကိုမုန်တီးသောစကားများ ဝိုင်ပြောကြပါ၏။ အကြောင်းမဲ့တိုက်ခိုက်ပြောဆိုကြပါ၏။ 4အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။ အကျွန်ုပ်မူကား ဆုတောင်လျက်နေပါ၏။ 5သူတို့သည် အကျွန်ုပ်အား အကောင်းကို အဆိုးဖြင့်လည်းကောင်း၊ အကျွန်ုပ်၏မေတ္တာတရားကကို မုန်းတီးခြင်းဖြင့်သော်လည်းကောင်း ပြန်ဆပ်ကြပါ၏။ 6ထိုသို့သောသူအပေါ်မှာ ဆိုယုတ်သောသူကိုခန့်ထားတော်မူပါ။ သူ့အားတစ်ဖန်တန်ပြန်ပြစ်တင်စွပ်စွဲသောသူသည် သူ၏ညာဘက်တွင်ရပ်နေပါစေ။ 7သူသည် တရားစီရင်ခြင်းကိုခံရသောအခါ သူ့ထံတွင်အပြစ်ရှိကောင်းထင်စေပါစေ။ သူ၏ဆုတောင်ခြင်းသည်လည်းအပြစ်ဖြစ်ပါစေ။ 8သူ၏အသက်သာနေ့ရက်တို့သည် တိုတောင်ပါစေ။ 9သူ၏သားသမီးတို့သည် မိဘမဲ့များဖြစ်ကြပြီး သူ၏မယားသည် မုဆိုးမဖြစ်ပါစေ။ 10သူ၏သားသမီးတို့သည် အရပ်လှည့်လည်၍ တောင်းရမ်းကြရပါစေ။ ပြိုပျက်သောမိမိတို့နေရာများမှ ထွက်၍အစာကိုရှာကြရပါစေ။ 11အကြွေးရှင်သည် သူပိုင်ဆိုင်သောအရာအားလုံးကိုသိမ်းယူပြီး သူစိမ်းတို့သည် သူလုပ်ဆောင်၍ရရှိသောအရာတို့ကို လုယူကြပါစေ။ 12သူ့အပေါ် မေတ္တာဂရုဏာထားမည့်သူ၊ ဖတဆိုးဖြစ်ကြသော သူ၏သားသမီးတို့ကို သနားမည့်သူ တစ်ယောက်မျှမရှိပါစေနှင့်။ 13သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။ ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျင် ပယ်ဖျက်ခြင်းခံရပါစေ။ 14သူတို့ဘိုးဘေးတို့၏ဒုစရိုက်သည် ဘုရားရှင်၏ရှေ့တော်၌ သတိရအောင့်မေ့ခြင်းမခံရပါစေနှင့်။ သူ့မိခင်၏အပြစ်သည်လည်း မည်သည့်အခါမျှ ပယ်ဖျက်ခြင်းမခံရပါစေနှင့်။ 15ထိုအပြစ်များသည် ဘုရားရှင်ရှေ့တော်၌ အစဉ်ရှိနေပါစေ။ သူ့ဘိုးဘေးတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကိုလည်း ကမ္ဘာမြေကြီးပေါ်မှ ဖယ်ရှားတော်မူပါစေ။ 16အကြောင်းမူကားသူသည် မေတ္တာဂရုဏာပြရန် မစဉ်းစားဘဲ အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူနှင့် စိတ်နှလုံးကြေကွဲသောသူကို လိုက်လံသတ်ဖြတ်ကြ၏။ 17သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်ဖြစ်၍ သူ့အပေါ်ကျရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်ဖြစ်၍ သူနှင့်ဝေးကွာပါစေ။ 18ကျိန်ဆဲခြင်းကို မိမိအဝတ်ကဲ့သို့ ဝတ်ဆင်ထားသည်ဖြစ်၍ ၎င်းသည် သူ၏ကိုယ်ခန္ဓာထဲသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများထဲသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။ 19ထိုကျိန်ဆဲခြင်းသည် သူလွှမ်းခြုံထားသော အဝတ်ကဲ့သို့လည်းကောင်း၊ သူအစဉ်မပြတ်ပတ်ထားသော ခါးပတ်ကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။ 20အကျွန်ုပ်ကို ပြစ်တင်စွပ်စွဲသောသူများနှင့် အကျွန်ုပ်၏စိတ်ဝိဉာာဉ်ကို ဆန့်ကျင်လျက် မကောင်းပြောဆိုသောသူများသည် ထိုသို့သောအကျိုးကို ဘုရားရှင်ထံမှကြရပါစေ။ 21သို့သော် အို ဘုရားရှင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကို ကျေးဇူးပြုတော်မူပါ။ ကိုယ်တော်၏မေတ္တာဂရုဏာတော်သည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ 22အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည်လည်း အကျွန်ုပ်အထဲ၌ နာကျင်လျက်ရှိပါ၏။ 23အကျွန်ုပ်သည် ညနေစောင်အရိပ်ကဲ့သို့ မှေးမိန်ပျောက်ကွယ်သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ ခါချခြင်းခံရပါ၏။ 24အကျွန်ုပ်၏ဒူးသည် အစာရှောင်ခြ်းကြောင့် ချည့်နဲ့၍ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည် အဆီမရှိသဖြင့် ပိန်ချုံးလျက်ရှိပါ၏။ 25အကျွန်ုပ်သည် သူတို့အတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ မိမိတို့ခေါင်းကိုခါယမ်းကြပါ၏။ 26အို... အကျွန်ုပ်၏ဘုရားရှင်၊ အကျွန်ုပ်ကိုကူညီမစတော်မူပါ။ ကိုယ်တော်၏မေတ္တာရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 27ထိုအမှုအရာသည် ကိုယ်တော်၏လက်တော်အားဖြင့်ဖြစ်ကြောင်း ထိုသူတို့သိကြပါစေ။ အို... ဘုရားရှင်၊ ထိုအမှုအရာကို ကိုယ်တော်ပြုတော်မူခဲ့ပါ၏။ 28သူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်သည် ကောင်းချီးပေးတော်မူလိမ့်မည်။ သူတို့သည် ထကြွသော်လည်း အရှက်ကွဲကြရပါလိမ့်မည်။ ကိုယ်တော်၏ အစေအပါးကျွန်ုပ်မူကား ဝမ်းမြောက်ရပါစေသော။ 29အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရ၍ သူတို့၏အရှက်ကွဲခြင်းသည် ဝတ်လုံကဲ့သို့ သူတို့ကိုဖုံးလွှမ်းလိမ့်မည်။ 30အကျွန်ုပ်သည် အကျွန်ုပ်၏နုတ်ဖြင့် ဘုရားရှင်၏ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောလူတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။ 31အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲနွမ်းပါးသောသူ၏ စိတ်နှလုံးကို အပြစ်စီရင်သောသူတို့ထံမှ ကယ်တင်ရန် ထိုသူ၏လက်ယာဘက်၍၌ ရပ်နေတော်မူ၏။
Поточний вибір:
Psalms 109: TPV-RV
Позначайте
Поділитись
Копіювати
Хочете, щоб ваші позначення зберігалися на всіх ваших пристроях? Зареєструйтеся або увійдіть
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: