Mark 6

6
1ကိုယ်တော်ဟ ဗြိတော်ဒွေနတူ သူ၏နေရင်းဗြို့ဝို ပလန်လာလေရယ်။ 2ဥပုသ်နေ့ရောက်ခါမှာ ကိုယ်တော်ဟယုဒလူမျိုးဒွေရဲ့ ဓမ္မာရုံဝိုသွားပီး ရားဓမ္မာဒွေ ဟောပြောလေရယ်။ သူရားဟောဇာဝိုကြားရဝို လူဒွေဟ အံ့ဩစွာနချင်းချင်းမေးကေ့လေရယ်။ "အယ်ပညာဒွေဝို သူဟယ်ကရနူး။ သူရထားဝိုပညာဒွေဟ ဟယ်ရနူး။ အယ်မျိုးထူးဆန်းအံ့ဩဖွယ်ရာ နမိလက္ခဏာဒွေဝို သူဟဲဂျော့လုပ်နိုင်နူး။" 3သူဟ မာရိသား လက်သမားမုဝလော။ ယာကုပ်၊ယောသပ်၊ ယုဒန ရှိမုန်ဒို့ရဲ့ကိုမုဝလော။ သူ့ညီမဒွေဟ အယ်ဗြို့မှာဘဲနေဇာမုဝလော" ဆိုပီးပြောဆိုဝေဖန်ကေ့လေရယ်။ 4ကိုယ်တော်ဟ "ပညာရှေ့ပရောဖက်ဒွေဟ သူ့နို့ရဲ့ဇာတိဗြို့၊ သူ့နို့ရဲ့ဆွေမျိုး၊ သူ့ရဲ့အီသားဟလွဲရင် လူတိုင်းရဲ့ချီးမြှင့်မြော့စားမှုဝို ခံရတတ်ရယ်" ဆိုပီးဆိုလိုက်ရယ်။ 5ကိုယ်တော်ယေရှုဟ ကျန်းမာရေးကောဘဲလူ နဲငယ်ဝိုသူ့လက်တော်တံကာ ကုသပေးရုံမှလွဲပီး ခြားအံ့ဩဖွယ်ရာဒွေဝို အဲရပ်မှာပြုလုပ်ဇာမှေ့ဟန်း။ 6ကိုယ်တော်ဟ လူဒွေဟသူ့ဝို ယုံကြည်မှုမှေ့ဘဲဇာဝို ရားဒိုင်းအံ့ဩနေရယ်။ အဲနော့ကိုယ်တော်ဟ နီးတဝိုက်ဝါဒွေမှာ ရားဓမ္မဒွေဝိုသွန်သန်ဆုံးမလေရယ်။ 7အဲနော့သူဗြိဆယ့်နှေ့ယော့ဝိုခေါ်ပီး ကောဆိုးဝါးဒွေဝို မောထုနိုင်ဝိုဂိုးအာဏာဒွေဝိုပေးပီး ဝါဒွေဝိုနှေ့ယော့တွဲ စေလွှတ်လေရယ်။ 8ကိုယ်တော်ဟဗြိဒွေဝို "တောင်ဝှေးဝိုယူသွားခွမ့်ရှေ့ရယ်။ အယ်ဘေမဲ့ စားစာ၊ ခရီးတော်အိ၊ပက်ဆံဒွေတော့ယူသွားခွမ့်မှေ့ရ။ 9ခေနပ်စီးရိရရယ်။ ဝတ်စားပိုယူသွားန" ဆိုပီးမှာကြားလေရယ်။ 10မင်းဒို့ဝို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဝိုအီမှာဘဲ့ အဲရပ်ဟမထွက်ခီထိ တည်းခိုပီးနေပါ။ 11မင်းဒို့ဝိုလိုလားဘဲဝိုနေရာဒွေ၊ မင်းဒို့ရဲ့ဒန်းဂါးဒွေဝို နားထော်ချင်ဘဲဝိုနေရာမှာဆို ချင့်ချင်းထွက်လာကေ့ပီး မင်းဒို့ဝိုလက်မခံဝိုသင်ကေတဖြစ် ခေထော့ဟဖူမုဝိုခါချရစ်ကေ့" ဆိုပီးမိမှာတော်မူရယ်။ 12ဗြိတော်ဒို့လဲထွက်ခွာလာကေ့ပီး လူတိုင်းဝိုနော်ဒသံဝေဂရကေ့ဝို့ ဟောပြောလေရယ်။ 13သူ့နို့ဝ ကောဆိုးဝါးဒွေဝိုနှံထုနိုင်ကေ့ပီး နာမကျန်းဖြစ်နေဝိုလူဒွေဝိုလဲ ဆီနလူးပီးရောဂါဒွေဝိုကုပေးကေ့လေရယ်။ 14ကိုယ်တော်ယေရှု၏ဒန်းဟ ကျော်ဇောလာပီး ဟေရုဒ်ဘုရင်၏နားတော်ဝို ပေါ့ရော့တဲ့ထိ ဖြစ်လာလေရယ်။ ကိုယ်တော်ဝို လူချို့ဟရေနစ်မြင်ဂလာပေးသူဆရာယောဟန်ဟ ဘုရားရှင်၏ဂိုးတော်သက်ရော့ပီးရှင်ပြန်ထမြော့တော်မူလာရယ်ဆိုပီး ထံကေ့လေရယ်။ 15ချို့ဟ "ဧလိယ" ဆိုပီး ထံကေ့လေရယ်။ ချို့ဟဟိုးရှေးတည်းဟ သက်ရှင်လျက်ရှေ့ဝို ပရောဖက်သူတော်စင်ပါး ဆိုပီး မျိုးမျိုး ထံနေကေ့ရယ်။ 16အယ်ဘေမဲ့ ဟေရုဒ်ဘုရင်ဟကိုယ်တော်ဒန်းဝိုကြားခါမှာ "ငါစစ်သားဒွေဝို ခေါဖြတ်သတ်ခိုင်းဝိုယောဟန်ဟ သက်ပလန်ရှင်လာပီ" ဆိုပီးဆိုလေရယ်။ ယောဟန်သေဆုံးရခြင်းကြောဟ 17ဘုရင်ဟေရုဒ်ဟ သူ့ညီတော်ဖြစ်သူ ဖိလပ္ပု၏ဇနီးဟေရောဒိဝို လက်ထပ်ခဲ့ရယ်။ 18အရှင်ယောဟန်ဟ ပညတ်တော်ရ အရှင်မန်းကီးဟ သက်ရှေ့ထင်ရှားရှေ့နေဝိုညီတော်ရဲ့ဇနီးဝိုမထီးမြားအပ်" ဆိုပီရှော့တံခဲ့ဖူးရယ်။ အဲဖြစ်ရိ ဟေရောဒိ၏တောဆိုချက်ရ ယောဟန်ဝိုဖမ်းပီး ကျဥ်းခလထားလိုက်လေရယ်။ 19ဟေရောဒိဟ ယောဟန်ဝို မူးပီးသေသတ်ပစ်လိုရယ်။ 20အယ်ဘေမဲ့ ဟေရုဒ်ဘုရင်ဟ ယောဟန်ဟ မြင့်မြတ်ဝိုသူတော်စင်ဖြစ်ဇာဝိုသိနေရိ ကြော့လန့်ရိုသေကာ ကာကွယ်ပေးထားရိတွက် သူမ သတ်နိုင်ခဲ့ရ။ ယောဟန်၏ဆုံးမသွန်သန်ချင့်ဒွေဟ ဘုရင်ဟေရုဒ်တွက်စိနှော့ရှစ်ဖြစ်စေဘေမဲ့ ဝမ်းမြော့ဝမ်းသာနာခံခဲ့လေရယ်။ 21နော့ဆုံးမှာ ဟေရုဒ်ဘုရင်ဟ မှူးကီးမတ်ရာဒွေ၊ စစ်ဘက်ရာရှေ့ဒွေန ဂါလိလဲဒေသ ခေါဆော်ဒွေဝိုဖိကြားပီး သူ့မွေးနေ့ပွဲဝို ခမ်းခမ်းနားနား ကျင်းပခါမှာ ဟေရောဒိတွက် ခွမ့်ရေးရရှေ့စေဝို့ကြောပေါ်လာလေရယ်။ 22ဟေရောဒိ၏မီးဟ အဲမိုခမ်းနားမှာ ဘုရင်နဧည့်သည်တော်ဒွေဝို ကပြရာ ရားဒိုင်းနှစ်သက်ဘောကလကြလေရယ်။ အဲဂျော့ ဟေရုဒ်ဘုရင်ဟ "သမီးတော် လိုရာဆုဝိုတောဆိုပါ။" 23ငါ့တိုင်းပြည်တဝက်ဝို တောရင်ကိုပေးမယ်" ဆိုပီးဒိပြုလေရယ်။ 24သူမဟ မိခင်ဆီဝိုသွားပီး "သမီးတော် ဟဲရာဝိုတောဆိုသင့်နူး" ဆိုပီး တိုင်ပံရာ မိဖြစ်သူဟေရောဒိဟ သမီးတော်ဝို "ရေနှစ်မြင်ဂလာပေးသူဆရာယောဟန်ရဲ့ဦးခေါဝိုတောဆိုပါ" ဆိုပီး ပြောကြားလိုက်လေရယ်။ 25ဝယ်ရားဟ ဘုရင်ဆီဝိုဗြန်ဗြန်ပလန်လာပီး "ရေနှစ်မြင်ဂလာဆရာယောဟန်ရဲ့ဦးခေါဝို လန်းဗန်းပေါ်တံပီး ချင့်ချင်းပေးသနားတော်မူပါ" ဆိုပီးရှော့တံလိုက်လေရယ်။ 26ဘုရင်ဟ ပေးမိဝိုဒိဝို နော်ဒရလေရယ်။ အယ်ဘေမဲ့ ဧည့်သည်တော်ဒွေရှေ့မှော့တွင်ပေးခဲ့ရသောဒိဖြစ်ရိ ချိုးဖော့ချင်ရ။ 27ချင့်ချင်းဘဲ့ ဘုရင်ဟစော့တဦးဝိုခေါ်ပီး ယောဟန်၏ ခေါဝိုဖြတ်ဝို့မိပေးလိုက်လေရယ်။ 28စော့ဟ ယောဟန်ဦးခေါဝိုသွားဖြတ်ပီး လန်းဗန်းပေါ်တပ်ပီး အဲမိုသမီးတော်ဝိုပေးလိုက်လေရယ်။ အဲနော့သမီးတော်ဟ မိခင်ဟေရောဒိဝို ပလန်လည်ပေးအပ်လိုက်လေရယ်။ 29ယောဟန်၏နော့လိုက်ဒွေဟ အဲကြောဝိုကြားခီမှာ လောဝိုဂူသွမ်းသဂြိုလ်လိုက်လေရယ်။ 30ဗြိတော်ဒွေပလန်ရော့လာခါမှာ ကိုယ်တော်ယေရှုဆီ သူ့နို့ဆော်ဝက်ခဲ့သမျှဇာဝို တင်ပြရှော့ထားလေရယ်။ 31အယ်ဘေမဲ့ လူထုပရိသတ်ဒွေဟ ဝမ်ထွက်သွားလာနေရိတွက် ကိုယ်တော်နဗြိတော်ဒွေဟ စားခီသော့ခီကိုမရနိုင်ဘဲရိ ကိုယ်တော်ဟ ဗြိတော်ဒွေဝို " လူသူဝွီးရာ ဆိငြီဝိုရပ်မှာ ရှစ်သား သွားနားယူကေ့စို့" ဆိုပီးမိတော်မူလေရယ်။ 32ဗြိတော်ဒွေလဲ လူသူကင်းဝိုနေရာတခုဝို လှေစီးပီးထွက်ခွာသွားလေရယ်။ 33အယ်ဘေမဲ့ သူ့နို့ထွက်ခွာသွားဇာဝို ဗျင်တွီ့လိုက်ရဝိုလူဒွေဟ ကိုယ်တော်ဒို့နော့ဝိုလှေဒွေနလိုက်ကေ့ပီး ရင်ဦးဆုံး ကြိုရော့နေကေ့ရယ်။ 34ကိုယ်တော်ဟ လှေပေါ်ရနေဆင်းပီး လူထုဝိုဗျင်ရခါ လူထုပရိသတ်ကီးဟ သိုးထီးသားမှေ့ဘဲဝိုသိုးအုပ်ကီးမျိုး ဝဲလည်လည်ဖြစ်နေဝိုလူအုပါဝိုဗျင်ပီး များစွာသနားလေရယ်။ အဲလူဒွေဝို များစွာသောရားတော်ဒွေဝို ဟောပြောသွန်သန်လေရယ်။ 35ညစ်နေစောလာခီမှာ ဗြိတော်ဒွေဟ ကိုယ်တော်ဆီဝိုလာပီး " အယ်နေရာဟ လူသူမှေ့ဘဲဝို တောကန္တာရကီးမျိုးဖြစ်နေပါရယ်။ 36ညစ်နေလဲစောနေပါပီ။ အယ်လူဒွေဝို အယ်နေရာနီးတဝိုက်မှာရှေ့ဝိုဝါဒွေဟ စားစာဒွေဝယ်ဝို့ စေလွှတ်တော်မူပါ" ဆိုပိးရှော့ထားကေ့လေရယ်။ 37အယ်ဘေမဲ့ကိုယ်တော်ဟ "ဗြိတော်ဒွေဝို သူ့နို့ဝိုစားစာခုခုပေးလိုက်ပါဦး" ဆိုပီးပြောလေရာ ဗြိဒွေဟ "သူ့နို့အားလုံးဝို ကျွေးဝို့စားသော့ဒွေဝယ်မယ်ဆိုဝါ နှစ်စာလုပ်အားခငွေဒန်းဂါးနှေ့ရာဖိုးလော့လိုအပ်ပါလိမယ်" ဆိုပီးပြောခီမှာ 38ကိုယ်တော်ဟ မင်းဒို့မှာ စားစာပါမု ဟယ်လော့ရှေ့နူးဆိုဇာသွားကေ့ကေ့ပါဦး" ဆိုပီး မိတော်မူခါမှာ ဗြိဒွေဟ ပါမုငါးလုံးန ငါးနှေ့ကော်ရှေ့ပါရယ်" ဆိုပီး ပလန်ရှော့ထားကေ့လေရယ်။ 39အဲနော့ကိုယ်တော်ဟ လူဒွေဝိုစီးစိုနေဝိုဗြစ်ခမ်းပေါ်မှာထိုင်ခိုင်းခါမှာ 40ဗြိဒွေဟ လူယော့တရာမှာ တစု အစုပေါ ငါးဆယ်ထိုင်ခိုင်းလေရယ်။ 41ကိုယ်တော်ဟ ပါမုနငါးဒွေဝိုယူပီး မိုးကောကံပေါ်ဝိုမျှော်ကေ့ကာ ဘုရားရှင်၏ဂုဏ်တော်ပေါဝို ချီးမွမ်းပူဇော်လေရယ်။ အဲနော့ပါမုဝိုဖဲ့ပီး ဗြိတော်ဒွေဝို လူဒွေဝိုလိုက်ဝေစေလေရယ်။ အဲမိုမျိုးဘဲ့ ငါးနှေ့ကော်ဝိုလဲဝေငှပေးလေရယ်။ 42လူပေါဒို့လဲစိကြိုက်စားသုံးရလေရယ်။ 43လူဒွေအားလုံးအဝအလင်စားပီးနော့ မုနငါးဒွေဟ တောကီးဆယ့်နှေ့တော်လော့ပိုလျှံနေလေရယ်။ 44စားသုံးသူလူဦးရေဟမျိုးသားဦးရေ ငါးထော်လော့ရှေ့ရယ်။ 45ချင့်ချင်းဘဲ့ကိုယ်တော်ဟ ဗြိတော်ဒွေဝို အဲအရပ်ရဂါလိလဲရေအိုင်နားမှာရှေ့ဝို ဗက်ဇဲဒရပ်ဝိုလှေစီးပီးသွားစေလေရယ်။ 46ကိုယ်တော်ဟ လူထုပရိသတ်ကီးဝို နှုဆစ်ပီး ကိုယ်တော်ဟ လူထုပရိသတ်ကီးဝို 47ညစ်နေပိုင်းရော့ခီမှာ ဗြိတော်ဒွေရဲ့လှေဟ ရေအိုင်ကီးလယ်ဝိုရော့နေကေ့ပီး၊ ကိုယ်တော်ဟကလလော ကူးပေါ်မှာပါးတည်းရှေ့နေလေရယ်။ 48ကိုယ်တော်ဟလေထန်ပီး လှိုင်းတံပိုးဒွေထနေတွက်ကြော့ဗြိတော်ဒွေဝိုလေဝိုဆန်ပီးခက်ခက်ခဲခဲလှေလှော်နေဇာဝို ဗျင်ရလေရယ်။ ကိုယ်တော်ဟမိုးမလန်းမှီအာရုံတက်ခီသုံးနာရီခနိ့မှာ ရေပေါ်မှာလမ်းရှော့ပီး လှေဘက်ဝိုကြွလာလေရယ်။ 49ကိုယ်တော်အဲမျိုးလမ်းလျှော့လာဇာဝို ဗြိတော်ဒွေဗျင်လိုက်ရခါမှာ ကိုယ်တော်ဝိုသရဲတစ္ဆေတကော်ဟုထံပီး 50ထိလန့်ထူလုသွားပီးအော်ဟစ်ငိုကြွေးလေရယ်။ ခီတည်းမှာဘဲ ကိုယ်တော်ဟ "ဗြိတော်ဒို့ကြော့ကေ့န၊ ငါကိုယ်တော်ပါ" ဆိုပီးပြောလေရယ်။ 51အဲနော့ကိုယ်တော်ဟလှေပေါ်ဝိုကြွရော့တော်မူခီမှာ လေငြီသွားရိ ဗြိတော်ဒွေရားဒိုင်းအံ့ဩသွားကေ့လေရယ်။ 52သူ့နို့ဟပါမုနငါးဒွေ ပွားဇာဝိုဗျင်တွီ့ခဲ့ရဘေမဲ့ ကိုယ်တော်၏ဂိုးဝိုနားလည်နိင်စွမ်းမှေ့ကေ့ရ။ 53ကိုယ်တော်ယေရှုနဗြိတော်ဒွေဟ ရေအိုင်ဖက်ကမ်းဝို ကူးကေ့လေရယ်။ ဂင်နေသရက်ဗြို့ဝိုရော့ခီမှာ လှေဝိုဆိုက်ကပ်လေရယ်။ 54သူ့နို့လှေရနေ ဆင်းလာနချင့်ချင်း လူထုပရိသတ်ဒွေဟကိုယ်နော်ဝိုမှတ်မိသွားကေ့လေရယ်။ 55ဟယ်‌နေရာမဆို ကိုယ်တော်ရော့ကြောကြားန ဒေသတခွင်လုံးဟလူထုပရိသတ်ဒွေဟ လူနာဒွေဝိုထမ်းစင်နထမ်းပီးသယ်ဆော်ကာ ပလေးလွှားရော့လာကေ့ရယ်။ 56လူဒွေဟ ကိုယ်တော်ကြွရော့တော်မူရာ ဗြို့ဗြို့နယ်နယ်ဝို ရော့လာကေ့ပီး ဈေးထဲမှာ လူနာဒွေဝိုချထားကေ့လေရယ်။ လူထုပရိသတ်ဟ ကိုယ်တော်၏ဝတ်ရုံဝိုသူ့နို့လက်နထထခွမ့်ရဝို့ တောပန်ကေ့လေရယ်။ ထိခွမ့်ရသူတိုင်းလဲ ဝေဒနာပျော့ကမ်းသွားလေရယ်။

अहिले सेलेक्ट गरिएको:

Mark 6: ttpv-rv

हाइलाइट

शेयर गर्नुहोस्

कपी गर्नुहोस्

None

तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्