5
1ကိုယ်တော်ယေရှုနဗြိတော်တို့ဟ ဂါလိလဲရေအိုင်တဖက်ကမ်းမှာရှေ့ဝို ဂါရစဗြို့ဝို သွားလာကေ့ရယ်။ 2ကိုယ်တော်ယေရှုဟ လှေပေါ်ရနေဆင်းပီး ကမ်းဝိုတက်လာခီ ကောဆိုးဝါးပူးကပ်ခံနေရသူဦးဟ သန်းခလိုင်းတစပလန်ရနေထွက်လာကာ ကိုယ်တော်ဆီဝို ပလေးလွှားရော့ရှေ့လာရယ်။ 3သူဟသန်းခလိုင်းဂူဒွေကြားမှာ နေထိုင်သူဖြစ်ရယ်။ အဲရပ်မှလူဒွေဟ 4သူ့ဝိုကီဖန်များစွာ သံကြိုးဒွေနခယ်ဝို့ကြိုးစားပေမဲ့ ဟယ်သူဟမှတတ်နိင်ကေ့ရ။ သူ့ခြေချင်းဝတ်ဒွေဝို သံကြိုးဒွေနခေထိခတ်ဟားပေမဲ့ အဲမိုသံကြိုးဒွေဝို ဖြတ်တော့ပစ်လေရယ်။ သူဟလွန်သန်မာရိတွက်ကြော့ သူ့ဝိုဟယ်သူမှခယ်ထားနိုင်ရ။ 5သူဟနေ့တိုင်းညတိုင်း သန်းခလိုင်းဂူဒွေကြားနတော်ဂူးဒွေပေါ်မှာ သွားလာနေထိုင်တတ်ရယ်။ သူ့ကိုယ်သူ ကလော့စောဒွေန လှီးဖြတ်ပီးငိုကြွေးတတ်လေရယ်။ 6အဲလူဟ ကိုယ်တော်ယေရှုဆင်းလာဇာဝို ဝွီးရနေလှမ်းဗျင်ပီး ကိုယ်တော်ရှေ့ဝိုပလေးလာပီး ချင့်ချင်းဒူးထော့လိုက်လေရယ်။ 7အဲလူဟ ကီးမြတ်ဆုံးဘုရားရှင်ရဲ့သားတော်ယေရှု၊ ကျော်ကိုယ့်ဇာကိုယ်နေပါရစေ၊ ကျော်နပက်သက်ပါန၊ ကျော့်ဝိုနှိစက်ပါန၊ တောပန်ပါရယ်" ဆိုပီးတောပန်လေရယ်။ 8အဲမျိုးတောပန်ရခြင်းဟ ကိုယ်တော်ဟကောဆိုးဝါးဝို " ကောဆိုးဝါးကော်၊ အဲလူဆီဟထွက်လာခဲ့" ဆိုပီး ကိုယ်တော်ယေရှုဟမိတော်ပေးလိုက်ရိဖြစ်ရယ်။ 9ကိုယ်တော်ဟ " နန့်နော်မယ်ဟဲမျိုးခေါ်နူး" ဆိုပီးမေးရာ ကောဆိုးဝါးဟ "ကျော်ဒို့မှာ ကောဆိုးဝါးရေတွက်များရီးရှေ့ရိတွက် လေဂေါင်စစ်တပ်ဆိုပီး ခေါ်ပါရယ်။ 10ဆိုပီးပြောပီး သူ့နို့ဝိုနှံမထုဝို့ကြီကြီတောပန်လေရယ်။ 11အဲခီမှာနီးမှာရှေ့ဝို တော်ဂူးခုပေါ်မှာ ဝက်အုပ်တအုပ်စာစားနေရယ်။ 12ကောဆိုးဝါးဒွေဟ "ကျော်တို့ဝို ဝက်အုပ်ထဲဝို ပူးဝမ်ခွမ့်ပြုပါ" ဆိုပီးတောပန်ခါမှာ 13ကိုယ်တော်ဟ ခွမ့်ပြုရိတွက် ကောဆိုးဝါးဒွေဟ ပူးကပ်နေဝိုလူထဲရနေထွက်ပီး ဝက်အုပ်ထဲဝိုပူးဝမ်သွားလေရယ်။ ဝက်ကော်နှေ့ထော်ပါဝမ်ဝို ဝက်ဒွေဟ တော်ဇောပေါ်ရနေပမ်လယ်ထဲဝိုထိုးဆင်းသွားရာ အားလုံးရေနစ်မြှပ်သွားကေ့လေရယ်။ 14ဝက်ထီးမားဒွေဟ အဲမိုဖြစ်ပျစ်ဒွေဝို ကျေးလက်ဒေသဒွေန ဗြို့တွမ်းဝိုပါပလေးပီး အဲမိုဒန်းဝိုပြောကေ့လေရယ်။ 15အဲနကိုယ်တော်ဆီဝို ဖြစ်ပျစ်ဝိုသိလိုရိ လူဒွေရော့လာကေ့ရယ်။ ကောဆိုးဝါးပူးနေသူဟ ခုခါဝတ်စားဒွေဝတ်ပီး သာမန်လူမျိုးထိုင်နေဇာဝိုတွီ့ဗျင်ရခါမှာ အဲလူဒွေဟ ကြော့သွားကေ့လေရယ်။ 16အဲဖြစ်ပျစ်ဝိုဗျင်ရသူတိုင်း ကောဆိုးဝါးပူးခံရသူကြောန ဝက်ဒွေကြောဝို ရော့ရှေ့လာသူပေါဒို့ဝိုသက်သေခံပီးပြောပြနေကေ့လေရယ်။ 17အဲခါအဲမိုလူပေါဒို့ဟ ကိုယ်တော်ဝို သူ့နို့ရပ်ရနေထွက်ခွာပေးဝို့တောပန်ကေ့လေရယ်။ 18ကိုယ်တော်ယေရှုဟ လှေပေါ်ဝိုတက်ခါမှာ ကောဆိုးဝါးပူးကပ်ခံရသူဟ ကိုယ်တော်နတူ လိုက်ပါခွမ့်ပြုဝို့တော်ပန်လေရယ်။ 19အဲခါကိုယ်တော်ဟ "အီဝိုပလန်သွားပါ၊ ဘုရားရှင်ဟ နန့်ဝိုဟယ်လော့ထိနားကြင်နာပီး ဟဲမျိုးကျေးဇူးပြုခဲ့ရယ်ဆိုဇာဝို နန့်မိသားစုနဆွေမျိုးဒွေဝိုပြောပြလိုက်ပါ" ဆိုပီးမိတော်မူလေရယ်။ 20အဲလူဟဒေကာပေါလိပြည်တလျှော့ရှေ့ ဗြို့ဆယ်ဗြို့ဝိုသွားပီး လူတိုင်းဝိုသူ့ပေါ်ကိုယ်တော်ဟ ဟယ်မျိုးကျေးဇူးပြုခဲ့ရယ်ဆိုဇာဝို ပြောကြားလေရယ်။ အဲကြောဝိုကြားသူဒိုင်းဟအံ့ဩရကေ့လေရယ်။ 21နော့တကြီထပ်မံပီး ကိုယ်တော်ဟ ဂါလိလဲရေအိုင်ဝိုလှေတစင်းနဖြတ်သွားပီး ဖက်ကမ်းပေါ်မှာရပ်နေလေရယ်။ လူများစွာဟ ကိုယ်တော်နားဝိုချဥ်းကပ်လာကေ့ရယ်။ 22အဲလူအုပ်ထဲမှာ ယုဒလူမျိုးဒွေရဲ့ ဓမ္မာရုံတာဝန်ခံဖြစ်သူ ယာဣရုလဲပါလေရယ်။ သူဟ ကိုယ်တော်နားဝိုသွားပီးဒူးထော့ကာ 23"ကျော့်သမီးလေးသေရပါတော့မယ်၊ ကျော်သမီးလေးပေါ်ဝိုကိုယ်တော့်လက်ဝိုတံလိုက်ရုံန ကျန်းမာလာပါလိမယ်" ဆိုပီး ကိုယ်တော်ဝို တောပန်လေရယ်။ 24အဲဂျော့ကိုယ်တော်ဟ ယာဣရုခေါ်ဆော်ရာဝို လိုက်ပါသွားလေရယ်။ များစွာသောလူဒွေဟလဲ လိုက်ပါသွားကေ့ရာကိုယ်တော်၏နီးမှာ လူဒွေဝိုင်းအုံနေကေ့လေရယ်။ 25အဲလူအုပ်ထဲမှာ ဆယ့်နှေ့နှစ်ကြာသွီးသွန်ရောဂါဖြစ်နေဝိုမျိုးမီးဦးလဲပါလေရယ်။ 26သူမဟ မားတော်ဒွေန အဲမိုရောဂါဝိုကုသခဲ့ပေမဲ့ ဟယ်သူမှရောဂါဝိုပျော့ကမ်းအော်ကုသနိုင်ခြင်းမှေ့ရ။ ရှေ့သမျှပစ္စည်းဥစ္စာကူတိုင်အော်ကုသစရိဒွေတွက် ကူကလခဲ့ပေမဲ့ ရောဂါဟပျော့ဘဲပြင် ပိုပီးဆိုးရွားလာလေရယ်။ 27သူမဟကိုယ်တော်၏ဒန်းဝိုကြားခါမှာ လူအုပ်ထဲဝိုလိုက်ပါလာပီး ကိုယ်တော်၏ဝတ်ရုံတော်ဝို တို့ထိလိုက်လေရယ်။ 28အဲမျိုးတို့ခီမှာ ကိုယ်တော်ရဲ့ဝတ်ရုံတော်ဝိုငါတို့လိုက်န ခံစားနေရဝိုရောဂါဟပျော့ကမ်းသွားလိမယ်" ဆိုပီးပြောလေရယ်။ 29ချင့်ချင်းဘဲ့သူမသွီးသွန်နေဝိုရောဂါဟ သွီးတိသွားပီး ရောဂါပျော့ကမ်းသွားဇာဝိုခံစားလိုက်ရရယ်။ 30ခီတည်းမှာဘဲ ကိုယ်တော်ဟ သူဆီဟ ဂိုးတော်ထွက်သွားဇာဝိုခံစားလိုက်ရရိတွက် လူအုပ်ဖက်ဝိုလှည့်ပီး "ငါ့ဝတ်ရုံတော်ဝို ဟယ်သူထိနူး" ဆိုပီးမေးရာ 31ဗြိတော်တို့ဟ "ကိုယ်တော်နားမှာ တိုးနေဝိုလူဒွေဝိုကေ့ပါအူး၊ အယ်မျိုးလူအုပ်ဝို တွီ့ပါလျက် ဟယ်သူထိနူးဆိုပီး ဟဲဖြစ်ရိမေးရပါနူး' ဆိုပီးရှော့တံလေရယ်။ 32အယ်ဘေမဲ့ကိုယ်တော်ဟ လူအုပ်ဝို လှည့်ကေ့လိုက်လေရယ်။ 33အဲမိုမျိုးမီးလဲ ကြော့စိနကိုယ်လုံးတူလာပီး ကိုယ်တော်ရှေ့မှာဒူးထော့ပီး ဖြစ်ကြောကုန်စင်ဝိုပြောပြလေရယ်။ 34ကိုယ်တော်ဟ မျိုးမီးဝို "ငါ့သမီး၊ ငါ့ပေါ်ထားဝိုနန့်ရဲ့ယုံကြည်ချင့်ကြော့ နန့်ရောဂါဝို ငါကုပေးနိုင်ရယ်။ ခုနန့်ရောဂါပျော့စေ၊ စိအေးလက်အေးသာသွားရော့" ဆိုပီးမိတော်မူလိုက်လေရယ်။ 35အဲခီမှာ ယာဣရုအီဟ လူချို့ရော့လာပီး ယာဣရုဝို "အရှင့်သမီး သေဆုံးသွားပါပီ၊ ဆရာတော်ဝိုဒုက္ခပေးပါနောဝေါ့" ဆိုပီးပြောလေရယ်။ 36အဲမိုဂါးဝိုကြားခါမှာ ကိုယ်တော်ဟ ယာဣရုဝို " စိုးရီပါန၊ ခမ်ဗျားသမီး သက်ပလန်ရှင်လာလိမယ်ဆိုပီး ယုံကြည်ထားပါ" ဆိုပီးမိတော်မူလေရယ်။ 37အဲနော့ကိုယ်တော်ဟ ပေတရု၊ ယာကုပ်၊ယောဟန်တို့နတူ ယာဣရုအီဝိုသွားလေရယ်။ ခြားဟယ်သူမှလိုက်ခွမ့်ပြုရ။ 38သူ့နို့ယာဣရုအီနီးဝိုရော့ခါမှာ လူဒွေရုတ်ရုတ်သဲသဲန အော်ဟစ်ငိုကြွေးနေဇာဝိုတွီ့ရလေရယ်။ 39ကိုယ်တော်ယေရှုအီထဲဝိုဝမ်သွားပီး အဲလူဒွေဝို " နန့်နို့ဟဲဖြစ်ရိငိုနေကေ့နူး၊ ကလေးဟသေသေးရ၊ အိပျော်နေဇာဖြစ်ရယ်" ဆိုပီးဆိုလိုက်ရာ အဲလူဒွေဟ ကိုယ်တော်ဝိုလှော်ပြော်နေကေ့လေရယ်။ 40ကိုယ်တော်ဟ အဲလူဒွေဝို အီပလန်ဝိုထွက်စေပီး ကလေး၏မိနဖန ဗြိသုံးယော့ဝိုခေါ်ပီးကလေးရှေ့ဝိုခန်းထဲဝိုသွားလိုက်လေရယ်။ 41အဲနော့ကိုယ်တော်ဟ ကလေးလက်ဝိုကိုင်ပီး "တလိသ ကုမ်(မိန်းကလေး ထတော့) ဆိုပီး အာရမိတ်ဘာသာဂါးန မိတော်မူလိုက်လေရယ်။ 42အဲမျိုးမိလိုက်နချင့်ချင်း မိန်းကလေးဟ မတ်တပ်ထရပ်ပီး လမ်းလျှော့လေရယ်။ အဲမိုဝယ်ရားသက်ဟ ဆယ့်နှေ့နှစ်ရွယ်သာရှေ့သေးရယ်ဖြစ်ရယ်။ 43အဲဂျော့ အဲလူဒွေဟ ရားဒိုင်းအံ့အားသင့်သွားကေ့လေရယ်။ အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ အဲလူဒွေဝို ဖြစ်ပျစ်ခဲ့ဇာဒွေဝို ဟယ်သူမှပလန်မပြောဝို့ တင်းကြပ်စွာတားမြစ်တော်မူလေရယ်။ အဲနော့ကိုယ်တော်ဟ သူ့နို့ဝို သူမဝိုစားဇာကျွေးဝို့ မိတော်မူလိုက်လေရယ်။