YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှာဖွေမှုရလဒ် purity

၁ တိမောသေ 4:12 (JBMLE)

သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-

ဆာလံ 119:9 (JBMLE)

လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။

၁ ကောရိန္သု 6:19 (JBMLE)

အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။-

၁ ကောရိန္သု 6:20 (JBMLE)

သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

ဖိလိပ္ပိ 4:8 (JBMLE)

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-

ဆာလံ 51:10 (JBMLE)

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။

၂ ကောရိန္သု 7:1 (JBMLE)

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

၁ သက်သာလောနိတ် 4:3 (JBMLE)

ဘု​ရား​သ​ခင်၏ အ​လို​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်၍ သန့်​ရှင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

၁ သက်သာလောနိတ် 4:4 (JBMLE)

ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊-

၁ ကောရိန္သု 6:18 (JBMLE)

မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။-

ဧဖက် 5:3 (JBMLE)

မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ အ​မျိုး​မျိုး​သော ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း အ​မှု​တို့​ကို သန့်​ရှင်း​သူ​တို့​သည် ရှောင်​သင့်​သည်​အ​တိုင်း၊ စ​ကား​ဖြင့်​မျှ မ​ဆက်​ဆံ​ကြ​နှင့်။-

၁ သက်သာလောနိတ် 4:5 (JBMLE)

သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

၁ သက်သာလောနိတ် 4:7 (JBMLE)

ဘု​ရား​သ​ခင်​သည် ညစ်​ညူး​စေ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ခေါ်​တော်​မူ၏။-

၁ သက်သာလောနိတ် 4:8 (JBMLE)

ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။

၂ တိမောသေ 2:22 (JBMLE)

လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-

ဆာလံ 119:11 (JBMLE)

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

ရောမ 6:23 (JBMLE)

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

ရောမ 8:6 (JBMLE)

ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။-

ရောမ 12:1 (JBMLE)

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-

ရောမ 12:2 (JBMLE)

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

၁ ကောရိန္သု 10:13 (JBMLE)

လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။

၂ ကောရိန္သု 10:5 (JBMLE)

ထို​လက်​နက်​အား​ဖြင့် လူ​တို့၏ အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော​ပ​ညာ​ကို တား​ဆီး​သော မာန်​မာ​န ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နှိမ့်​ချ​မှောက်​လှန်၍၊ ခပ်​သိမ်း​သော​စိတ်​တို့​ကို ဖမ်း​သွား​ချုပ်​ထား​လျက်၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​စေ​ကြ၏။-

ဂလာတိ 5:16 (JBMLE)

ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။-

ဂလာတိ 5:22 (JBMLE)

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊-

ဂလာတိ 5:23 (JBMLE)

နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-