ရှာဖွေမှုရလဒ် mercy
ဟေဗြဲ 4:16 (JBMLE)
ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။
ရှင်ယာကုပ် 2:13 (JBMLE)
ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။
ယေရမိမြည်တမ်း 3:22 (JBMLE)
ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
ယေရမိမြည်တမ်း 3:23 (JBMLE)
နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
ဧဖက် 2:4 (JBMLE)
သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊-
ဧဖက် 2:5 (JBMLE)
ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။-
ဆာလံ 51:1 (JBMLE)
အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။
ဧဖက် 2:8 (JBMLE)
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။-
ရှင်လုကာ 6:36 (JBMLE)
ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘော ရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။
တိတု 3:5 (JBMLE)
ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူ၏။-
ယေရမိမြည်တမ်း 3:24 (JBMLE)
ငါ့ဝိညာဉ်၏သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။
မိက္ခာ 6:8 (JBMLE)
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သကာကို ထာဝရဘုရား တောင်းတော်မူသနည်း။
ဆာလံ 51:2 (JBMLE)
ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။
ရှင်လုကာ 6:35 (JBMLE)
သင်တို့မူကား ရန်သူတို့ကိုချစ်ကြလော့။ ကျေးဇူးပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံသောဘုရား၏သား ဖြစ်ကြလိမ့်မည်။-
ရောမ 9:15 (JBMLE)
ဘုရားသခင်က၊ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်ဟု မောရှေကို မိန့်တော်မူ၏။-
ရောမ 9:16 (JBMLE)
ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။-
ဧဖက် 2:6 (JBMLE)
ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။-
၁ တိမောသေ 1:16 (JBMLE)
သို့သော်လည်း၊ ထာဝရအသက်အလိုငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေ ဖြစ်စေခြင်းငှာ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။-
ဟေဗြဲ 4:15 (JBMLE)
ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။-
ရှင်ယာကုပ် 2:12 (JBMLE)
လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတ္တံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြလော့။-
၁ ရှင်ပေတရု 1:3 (JBMLE)
အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန် ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။-
ယေရမိမြည်တမ်း 3:21 (JBMLE)
ထိုသို့ အကျွန်ုပ်၏စိတ်နှလုံးသည် ဆင်ခြင်၍သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။
ဆာလံ 103:8 (JBMLE)
ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။
ဆာလံ 103:10 (JBMLE)
ငါတို့ပြစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊
ဆာလံ 103:11 (JBMLE)
မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။