YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှာဖွေမှုရလဒ် comfort

၂ ကောရိန္သု 1:4 (JBMLE)

ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-

၂ ကောရိန္သု 1:3 (JBMLE)

သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။-

ဆာလံ 23:4 (JBMLE)

အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။

၂ ကောရိန္သု 1:5 (JBMLE)

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။-

ဟေရှာယ 41:10 (JBMLE)

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

ဆာလံ 94:19 (JBMLE)

အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။

ရှင်မဿဲ 11:28 (JBMLE)

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

ရှင်မဿဲ 11:29 (JBMLE)

ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-

ရှင်ယောဟန် 14:27 (JBMLE)

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

၂ ကောရိန္သု 1:6 (JBMLE)

သို့​ဖြစ်၍ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း​ကောင်း၊ သက်​သာ​ခြင်း​သို့ ရောက်​သော်​လည်း​ကောင်း၊ သင်​တို့၏ သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း အ​ကျိုး​အ​လို​ငှာ​ဖြစ်၏။ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့ သင်​တို့​သည် သည်း​ခံ​သော​စိတ်​နှင့် ခံ​ရ​သော​အား​ဖြင့်၊ ထို​သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း​သည် ပြည့်​စုံ​တတ်၏။-

၂ ကောရိန္သု 1:7 (JBMLE)

သင်​တို့​အ​တွက်​ကြောင့် ငါ​တို့​သည် မ​ရွေ့​နိုင်​သော မျှော်​လ​င့်​ခြင်း​ရှိ၏။ သင်​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ဆက်​ဆံ​သ​ကဲ့​သို့၊ ထို​နည်း​တူ သက်​သာ​ခြင်း​ကို ဆက်​ဆံ​ကြ၏​ဟု ငါ​တို့​သည်​သိ​ကြ၏။

ဆာလံ 23:1 (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏။ ငါ​သည် ဆင်း​ရဲ​မ​ခံ​ရ။

ဆာလံ 23:3 (JBMLE)

ငါ့​ဝိ​ညာဉ်​ကို​အား​ဖြည့်၍၊ နာ​မ​တော်​အ​ဖို့​အ​လို​ငှာ တ​ရား​လမ်း​ထဲ၌ သွေး​ဆောင်​တော်​မူ၏။

ဆာလံ 94:18 (JBMLE)

ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။

ဆာလံ 34:18 (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။

၂ သက်သာလောနိတ် 2:16 (JBMLE)

ငါ​တို့​ကို​ချစ်​တော်​မူ၍၊ ထာ​ဝ​ရ​သက်​သာ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်​အား​ဖြင့် ကောင်း​သော မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​သည် ကိုယ်​တော်​တိုင်၊-

ဆာလံ 23:2 (JBMLE)

စိမ်း​လန်း​သော ကျက်​စား​ရာ​အ​ရပ်၌ ငါ့​ကို​အိပ်​စေ​တော်​မူ၏။ သာ​ယာ​သော​မြစ်​နား​သို့ လမ်း​ပြ​တော်​မူ၏။

ဆာလံ 23:5 (JBMLE)

အ​ကျွန်ုပ်၏ ရန်​သူ​တို့​ရှေ့​မှာ အ​ကျွန်ုပ်​အ​ဖို့ စား​ပွဲ​ကို​ခင်း​တော်​မူ၏။ အ​ကျွန်ုပ်​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်​မူ၏။ အ​ကျွန်ုပ်​ခွက်​ဖ​လား​သည် လျှံ​လျက်​ရှိ​ပါ၏။

ဆာလံ 23:6 (JBMLE)

အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။

ရောမ 8:38 (JBMLE)

အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊-

ရောမ 8:39 (JBMLE)

အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

ဧဖက် 3:19 (JBMLE)

ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-

ရှင်မဿဲ 6:25 (JBMLE)

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-

ရှင်မဿဲ 6:33 (JBMLE)

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

ရှင်မဿဲ 6:34 (JBMLE)

ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏။