ထာဝရပရဟိတနမူနာ

လူသားများကိုယ်စား၊ အရှင်ယေရှုခရစ်တော်ဘုရား ပြုပေးတော်မူသော ပရဟိတသည် ယခုဘဝ၊ နောင်ဘဝ၊ ကမ္ဘာအဆက်ဆက်တိုင်အောင် ခပ်သိမ်းသော အကျိုးကို ရရှိစေခြင်းငှာ ပြုပေးသော ထာဝရပရဟိတ ဖြစ်သည်။
ယုံကြည်သောသူများအဖို့၊ ခံစားရမည့် ထာဝရပရဟိတ အကျိုးမှာ ငရဲပြည်သို့ မရောက်ဘဲ အိုဘေး၊ နာဘေး၊ သေဘေးမှ လွတ်မြောက်လျက် ဘုရားရှင်စံပယ်တော်မူရာ ကောင်းကင်ဘုံသို့ ဝင်စားခွင့်ရှိပြီး အစဉ်မပြတ်လျှံလျက်ရှိသော ထာဝရဝမ်းမြောက်ခြင်း၊ ထာဝရငြိမ်သက်ခြင်း၊ ထာဝရသုခချမ်းသာခြင်း၊ ထာဝရကျန်းမာခြင်း စသည့်တို့ကိုလည်း အစဉ်ရရှိခံစားရပါလိမ့်မည်။
အို ချစ်မိတ်ဆွေ၊ အရှင်ယေရှုခရစ်တော်ဘုရား ပြုပေးသည့် ထာဝရပရဟိတကို ယုံကြည်ခြင်းဖြင့် ခံယူလျက် ထာဝရပရဟိတနှင့် စပ်ဆိုင်သည့် အကျိုးကျေးဇူးအမျိုးမျိုး ခံစားရရှိပါစေ။
သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤ (၄) ရက်တာ အစီစဉ်တွင်၊ ဧဝံဂေလိတရားကို နားလည်စေရန် ထာဝရပရဟိတ ခေါင်းစဉ်ဖြင့်၊ ချဉ်းကပ်ဝေငှနည်းကို ကိုယ်တိုင်ခံယူလျက် သူတစ်ပါးအား ဝေငှတတ်စေဖို့ ရည်ရွယ်ပြုစုထားပါသည်။
More
ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် Nway Eain (နွေးအိမ်) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ- sites.google.com/view/nwayeain/home
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ကားစင်တင်ခြင်းခံဘုရင်
