ဗမာစကားပုံများ၏ နှိုးဆော်သံနမူနာ

မိတ်ဆွေ စိတ်ပူနေပြီလော၊ စိတ်ပူစရာမလိုပါ။
အံ့သြစရာကောင်းသည့် ထွက်ပေါက်လမ်း ရှိပါသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀၀) ကျော်ခန့်က အစအဦး၌ သဗ္ဗညုတဖြစ်သော ထာဝရဘုရားရှင်သည် စံမြန်းရာ ဘုံဗိမာန်တော်မှ ကိုယ်တော်တိုင် လူဇာတိအဖြစ်ကို ခံယူ၍ ဤလောကသို့ ကြွဆင်းခဲ့ပြီး အာရှတိုက်မှာပင် မွေးဖွားကြီးပြင်းခဲ့ပါသည်။
ထိုဘုရားရှင်၏ ဘွဲ့နာမတော်မှာ “အပြစ်မှကယ်ချွတ်သောအရှင်ယေရှုဘုရား” ဖြစ်ပါသည်။
အရှင်ယေရှုဘုရားသည် မမွေးဖွားခင်ကပင် ဘုရားဖြစ်သဖြင့် အကျင့်သီလနှင့် ပြည့်စုံခဲ့ပြီးသည်သာမက ဝေနေယျသတ္တဝါအပေါင်းတို့၏ ဗီဇအပြစ်ကို ခွင့်လွှတ်၍ ကယ်ချွတ်ကယ်တင်ခြင်းပေးဖို့ရန် လူအားလုံးအတွက်ကိုယ်စား လက်ဝါးကပ်တိုင်ပါ်တွင် တကူးတက အသေခံ၍ အသက်တော်ကို ပေးလှူခဲ့ပါသည်။
သူ၏ ဗီဇအပြစ်ကင်းသည့် အသွေးတော်နှင့် ဗီဇအပြစ်ရှိသည့် လူသားအားလုံးအတွက် ပေးဆပ်ခဲ့ပါသည်။
အသက်တော်ကို ပေးလှူပြီးနောက် သင်္ဂြိုဟ်၍ သုံးရက်မြောက်နေ့တွင် သေခြင်းမာန်ကို အောင်မြင်လျက် ရှင်ပြန်ထမြောက်ခဲ့ပါသည်။
ရှင်ပြန်ထမြောက်ပြီးနောက်၊ ရက် (၄၀) ကြာ လူအများနှင့် နေထိုင်ခဲ့ပါသည်။ ထိုနောက် သူ၏ ထာဝရဘုံဗိမာန်တော်သို့ ပြန်ကြွသွားခဲ့ပါသည်။
ဤအစီအစဉ်အကြောင်း

ဤ (၃) ရက်တာ အစီစဉ်တွင်၊ မြန်မာစကားပုံများ ကိုးကားသော ဧဝံဂေလိတရားဝေငှနည်းကို လေ့လာလျက် ဧဝံဂေလိတရား၏ သမ္မာတရားများဖြင့် မိမိဝိညာဉ်အဖို့ ခွန်အားရယူပါ... တစ်ချက်ခုတ် နှစ်ချက်ပြတ်။
More
ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် Nway Eain (နွေးအိမ်) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ- https://sites.google.com/view/nwayeain/home
စပ်ဆိုင်သော အစီအစဉ်များ

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
