လူတိုင်းအနိုင်ရလိုသော်လည်း စောင့်ဆိုင်းလိုသူမရှိပေနမူနာ

စိတ်ရှည််ခြင်း လက်ဆောင်
စောင့်ဆိုင်းရခြင်းဆိုသည်မှာ ကျိန်စာတစ်ခု မဟုတ်ပါ။ စိတ်ရှည်ခြင်းသည် ဘုရားသခင်ထံတော်မှ လက်ဆောင်တစ်ခု ဖြစ်ပါသည်။
ဘုရားသခင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပါက၊ ဘုရားသခင်က သင့်ကို နားထောင်ခြင်းကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်က သူအား စိတ်ရှည်စွာ စောင့်ဆိုင်းသူများ၏ ဆုတောင်းကို ကြားနားပါလိမ့်မည်။ ဘုရားသခင်ကို သင်စောင့်ဆိုင်းပါက ကယ်တင်ခြင်း ခံရလိမ့်မည်။ ဘုရားသခင်က သင့်ကို လုံခြုံရာသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ဘုရားသခင်ကို သင်စိတ်ရှည်စွာ စောင့်ဆိုင်းပါက သင်၏ ဆုတောင်းကိုးကွယ်မှုများက အဆင့်မြင့်သောနေရာသို့ ရောက်သွားပါလိမ့်မည်။ သင်သည် ဘုရားသခင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပါက သခင် သင့်အားပြုသောအမှုများကို လူအများ မြင်ရလိမ့်မည်။
သင်၏ စောင့်ဆိုင်းခြင်းက သင်၏ သက်သေခံချက် ဖြစ်လာပါလိမ့်မည်။ ဤအရာကို မျက်မြင်သူအပေါင်းတို့လည်း ဘုရားသခင်ကို ကြောက်ရွံ့ယုံကြည်လာမည် ဖြစ်သည်။ ဘုရားသခင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပါက သင်သည် ကောင်းချီးမင်္ဂလာ ခံစားရမည်ဖြစ်ပြီး၊ စိတ်နှလုံးလည်း ခိုင်ခံ့လာမည် ဖြစ်သည်။ သင်၏ စိတ်ရှည်စွာ စောင့်ဆိုင်းခြင်းသည် ဘုရားသခင်ကို သင့်ဘဝတစ်ခုလုံးတွင် ယုံကြည်ကြောင်းပြသပြီး ထိုကဲ့သို့သော ယုံကြည်ခြင်းကို ကြီးမားသောနည်းလမ်းများဖြင့် ဘုရားသခင်က ဆုချလိမ့်မည်။
သင့်ကို စိန်ခေါ်ပါရစေ။ ဘုရားသခင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းခြင်းမှ ရရှိလာသော ကောင်းချီးများထဲသို့ သင် နက်နက်ရှိုင်းရှိုင်း လေ့လာသည်နှင့်အမျှ ဘုရားသခင်သည် သင့်အား စောင့်ရှောက်ပေးမည်ကို သိလျက် စတင်စောင့်ဆိုင်းရန် သင့်စိတ်နှလုံးကို ပြင်ဆင်ပေးစေလိုပါသည်။ သင်၏ အချိန်၌ ဘုရားသခင်ကို ယုံကြည်ရန် အမှန်တကယ်ဆိုလိုသည်ကို နားလည်ရန် အသင့်ပြင်ထားပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤပြည့်စုံသောနေ့စဉ်ဖတ်ရှုမှုများမှတစ်ဆင့်၊ ကုသခြင်းမှသည် ပေါင်းသင်းဆက်ဆံရေးအထိ ဘဝ၏ ရှုထောင့်အားလုံးတွင် ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းနည်းကို သင်ယူပါ။ စောင့်မျှော်နေသောရာသီကို အကောင်းဆုံးဖြစ်အောင် မည်သို့ပြုလုပ်ရမည်ကို ရှာဖွေပြီး ဘုရားသခင့်အလိုတော်အတိုင်း ဆုတောင်းပါ။ ဤကိုးကွယ်ဆည်းကပ်မှုသည် ဆရာမားကပ်စ်ဂီလ် (Marcus Gill) ၏ လူတိုင်းအနိုင်ရလိုသော်လည်း စောင့်လိုသူမရှိပေဟူသော စာစောင်မှ အခြေခံထားသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဖတ်သောအရာကို နားလည်ပါသလား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

 အက်ပ်ကို ရယူပါ
အက်ပ်ကို ရယူပါ