YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါနမူနာ

Wait

10 ၏ နေ့ 9

ပရောဖက်ကြီး ဟေရှာယက နှစ်ပေါင်း (၇၀) လုံးလုံးသိမ်းသွားခြင်းကို ခံရတဲ့လူတစ်စုထံ စာရေးပေးခဲ့တယ်။ ဘုရားသခင်က သူတို့ကို သတိနဲ့မကြည့်ရှုဘဲ စွန့်ပစ်ပြီးလို့ မျှော်လင့်မဲ့စွာ ယူဆကြခဲ့တယ်။

အဲဒီယူဆက မိတ်ဆွေ၌လည်း ရှိကောင်းရှိနိုင်တယ်။

ဟေရှောယက မိမိလူမျိုးတို့အား ထာဝရဘုရားကို မျှော်လင့်လျက် နေပါလို့ အမိန့်ပေးခဲ့တယ်။

ထာဝရဘုရားကို မျှော်လင့်လျက် နေခြင်းသည် နှုတ်ကပတ်တော်တွင် ထပ်တလဲလဲ ဖော်ပြထားခဲ့တယ်။ ဆာလံကျမ်းတွင်၊ (၁၄) ကြိမ်မြောက် ဖော်ပြသလို အခြားကျမ်းစာတွေတွင်လည်း ကြိမ်ပေါင်းများစွာ ဖော်ပြထားခဲ့တယ်။

ဒါဆို၊ ထာဝရဘုရားကို ဘယ်လိုမျှော်လင့်မလဲ။

အဓိက၊ ဘဝတစ်လျှောက် စိတ်ရှည်စွာ နေရမယ်။ အရာရာ၌ ဘုရားသခင်ကို ယုံကြည်အားကိုးရမယ်။ မိမိအသက်တာရှိ သူတစ်ပါးတွေရဲ့ စိတ်ဓာတ်ဟာ ကောင်းသည့်ဖြစ်စေ၊ မကောင်းသည့်ဖြစ်စေ၊ သခင်ဘုရားကို ယုံကြည်ကိုးစားရမယ်။ လောကဓံမုန်တိုင်းတွေတွင်လည်း ကိုယ်တော်၌ ခိုလှုံရမယ်။

ထာဝရဘုရားကို မျှော်လင့်လျက်နေခြင်းဟာ မိမိအစွမ်းသတ္တိကို အားမကိုးဘဲ အနန္တတန်ခိုးရှင်ဘုရားရဲ့ အထွဋ်အမြတ်အာဏာတော်ကို ယုံကြည်ကိုးစားရန် ရွေးချယ်ခြင်းပင် ဖြစ်တယ်။

ချစ်မိတ်ဆွေက ထာဝရဘုရားကို မျှော်လင့်နေပါသလား။ ကိုယ်တော်ကို ယုံကြည်နေပါသလား။ ကျွန်တော်က ခပ်သိမ်းသောအရာတို့ကို ထိန်းချုပ်နိုင်တယ်လို့ မှားယွင်းတဲ့ အယူအဆကို ပယ်ရှားပြီး ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ သစ္စာရှိရှိ အသက်ရှင်နေပါသလား။

မိမိအသက်တာရှိ ပြဿနာတွေကို ဘုရားသခင်ထံ ဘယ်လိုအပ်နှံမလဲ။ ကျွန်တော်က ဘုရားသခင်ရဲ့ အလိုတော်ကို သိပ်နားမလည်ပေမဲ့ ကိုယ်တော်ကို ယုံကြည်ပါတယ်လို့ ဝန်ခံရဲလား။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Wait

ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလာသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားနိုင်မလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LCBC အသင်းတော်ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.lcbcchurch.com/students သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

စပ်ဆိုင်သော အစီအစဉ်များ