YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်သည် မိတ်ဆွေကို ချစ်တော်မူသည်နမူနာ

You Are Loved

4 ၏ နေ့ 3

ဘုရားသခင်၏ ရိုးရှင်းသော မေတ္တာတော်

ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့ (ဟေဗြဲ၊ ၁၃း၁က)။

ကျွန်တော်၏ သားသမီးတို့သည် ကျောင်းတက်နေ၍၊ ကျွန်တော်သည် သားသမီးတို့၏ အိမ်စာနှင့် ကျောင်းအဆင့်များကို အစဉ်စစ်ဆေးနေပါသည်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့သည် အရှင်ယေရှုဘုရား၏ လိုက်နာခြင်းကို ကျောင်းအဆင့်ရရှိသည်နှင့်တူသည်ဟု ထင်မှတ်ကြသည်။ ကျွန်တော်တို့၏ အဆင့်သည် ကောင်းပါသလား၊ မကောင်းပါသလားဟု တွေးတာအလေ့ ရှိကြသည်။ ဤလတွင်၊ မိမိအသင်းတော်အဖို့ အလှူငွေကို လှူသော်လည်း၊ ၎င်းလှူငွေပမာဏသည် လောက်ပါသလားဟု ဆင်ခြင်တွေးတောသေးတတ်သည်။ မိမိရန်သူကို ချစ်လော့ဟု ပညာတော်ကို သိသော်လည်း ကျွန်တော်အကြောင်း မမှန်ဘဲလျက် အပြစ်တကာ တင်သောသူများကို တကယ်ချစ်စရာလိုပါသလား။ ကျွန်တော်တို့သည် တမန်တော်ကြီး ရှင်ပေတရုနှင့်တူပြီး၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကို ပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်တတ်ကြသည် (မ၊ ၁၈း၂၁)။

ဟေဗြဲဩဝါဒစာကို စီရင်ရေးထားသူက ကျွန်တော်တို့ကို ရိုးရှင်းစွာ သတိပေးခဲ့သည်—မိမိအစဉ်အကြောင်းကို မစဉ်းစားဘဲ သူတစ်ပါးကို ချစ်ပါ။ လောကီသားတို့သည် ဘာသာရေးနှင့် မိမိကုသိုလ်ကို စွဲလမ်းတတ်ကြသည်။ သို့သော်၊ ဘုရားသခင်သည် လူ၏ ကုသိုလ်ကောင်းမှုကို ပမာဏမပြုဘဲ လူ၏ စိတ်နှလုံးကိုသာ ကြည့်ရှုတော်မူသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို လွတ်လပ်စွာ ချစ်တော်မူသည်။ ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏ (၁ယော၊ ၄း၁၉)။ မိမိ၏ ကုသိုလ်ကောင်းမှုကို လောက်သလားဟု ဘုရားသခင်ထံ မေးမြန်းသည်အစား၊ ကျွန်တော်သည် သူတစ်ပါးကို ကောင်းစွာ ချစ်နိုင်ဖို့ မည်သို့လုပ်နိုင်မနည်းဟု မေးမြန်းလျက် အခွင့်အရေးများကို ရှာဖွေလိုက်ပါ။ ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။ အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့ (ဟေဗြဲ၊ ၁၃း၁-၃)။

ယနေ့၊ မိတ်ဆွေအဖို့ ဘုရားသခင်၏ ရိုးရှင်းသော မေတ္တာတော်အတွက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

You Are Loved

ဘုရားသခင်သည် မိတ်ဆွေကို ချစ်တော်မူသည်။ မိတ်ဆွေသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မိမိအသက်တာ၌ မည်သည့်အခြေအနေရှိသည်ဖြစ်ပါစေ၊ ဘုရားသခင်သည် မိတ်ဆွေကို အလွန်တရာ ချစ်တော်မူသည်။ မိတ်ဆွေဖို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်သည် အခြားချစ်ခြင်းမေတ္တာများထက် သာ၍ ကြီးမြတ်ကြောင်း အောက်မေ့သတိရစေပါ။ ဤ (၄) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ အနန္တမဟာမေတ္တာတော်ကို ရရှိခံစားလိုက်ပါ။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော Words of Hope အား ကျေးဇူးတင်ပါသည်။ ပိုမိုသိလိုပါက၊ https://www.woh.org/youversion သို့ သွားရောက်နိုင်ပါသည်။