YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းနမူနာ

Praying for God’s Direction

3 ၏ နေ့ 3

အရာရာ၌ ဘုရားသခင်၏ လမ်းပြမှုကို လိုက်စေဖို့ စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။ အရာရာ၌ ကိုယ်တော်၏ အလိုတော်ကို ရှာဖွေပြီး သူ၏ လမ်းညွှန်ခြင်းအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။

သခင်၊ ဘုရားသခင်၏ ခန္တီတော်၊ ဉာဏ်တော်၊ ကရုဏာတော်နှင့် မေတ္တာတော်အားဖြင့် အကျွန်ုပ်ကို စိတ်ချရှိစွာ လမ်းညွှန်ပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏ လမ်းပြမှုသည် ကိုယ်တော်၏ သဗ္ဗညုတဉာဏ်တော်နှင့် ချစ်သနားခြင်းမေတ္တာကရုဏာမှုကနေ စီးဆင်းလာကြောင့် ကျေးဇူးတင်ပါ၏။ ဘုရားရှင်၏ လမ်းညွှန်ခြင်းသည် အစဉ်အမြဲ စုံလင်တော်မူ၏။

ကြီးထွားမှုနှင့် ရင့်ကျက်မှုထံ လမ်းညွှန်ပေးသလို မျှော်လင့်ခြင်းနှင့် အထူးသဖြင့်အသက်တာထံ လမ်းညွှန်ပေးတော်မူ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်တရားမှတစ်ဆင့် မိမိလမ်းညွှန်ချက်များကို ဖော်ပြထားပေးသည့်အတွက် ကျေးဇူးတင်ပါ၏။

အကျွန်ုပ်၏ စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်စေနိုင်မည့်အကြောင်း အကျွန်ုပ်၏ ဝစီကံကို လမ်းညွှန်ပေးသနားတော်မူပါ။

ကိုယ်တော်၏ နိုင်ငံတော်ကို ပိုမိုတိုးပွားစေ၍ ကျွန်ုပ်၏ ဝိညာဉ်ရေးကိုလည်း ပိုမိုရင့်ကျက်စေဖို့၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ လမ်းပြလျက် သွန်သင်တော်မူပါ။

သခင်၊ အကျွန်ုပ်၏ နေစဉ်ဝေယျာဝစ္စများကို ပြုလုပ်သောအခါ သတိနှင့်ကြည့်ရှုတော်မူပါ။ ကိုယ်တော်၏ လမ်းပြမှုကို ပိုမိုသိကျွမ်းစေဖို့ ကျွန်ုပ်၏ သိ၍ပိုင်းခြားနိုင်သောဉာဏ်ကို တိုးပွားစေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

မိတ်ဆွေ၏ အသက်တာတွင် ဘုရားသခင်၏ လမ်းပြမှုကို ဘယ်လိုလိုအပ်နေသလဲ။

မိတ်ဆွေသည် ဤအစီစဉ်အားဖြင့် ခွန်အားအသစ်ကို ရရှိခံစားပြီဟု ယုံကြည်မျှော်လင့်ပါသည်။ ဆရာတိုနီအီဗန် (Tony Evans) ၏ အမှုတော်အကြောင်းကို ပိုမိုသိလိုပါက၊ ၎င်းဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Praying for God’s Direction

ဘဝသည် တစ်ခါတစ်ရံ ရှုပ်ထွေးနိုင်ပါသည်။ မှန်ကန်သောလမ်းကို သိ၍ ရွေးချယ်စေဖို့ ခက်ခဲတတ်သည်။ ကိုယ်ဉာဏ်ကို အမှီပြုလျှင် မှားသောလမ်းကို သေချာစွာ ရောက်လိမ့်မည်။ သို့သော်၊ ကိုယ်တော်သည် ကျွန်တော်တို့ကို မစွန့်၊ ကျွန်တော်တို့ကို အလျှင်းပစ်၍ မထားပါ။ ဘုရားရှင်သည် ကျွန်တော်တို့ကို လမ်းပြစေလိုပါသည်။ နာမည်ကြီးသော ဆရာတိုနီအီဗန် (Tony Evans) စီရင်ရေးထားသော ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းအစီစဉ်ကို စတင်ကြပါစို့။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော The Urban Alternative (ဆရာတိုနီအီဗန် (Tony Evans)) ကို ကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက https://tonyevans.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။