YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 23

ကြီးကျယ်သော ဓမ္မပညာရှင်နှင့် ဧ‌ဝံဂေလိဆရာတော် ရှင်ပေါလုက နောက်တကြိမ် ဒုက္ခနဲ့ကြုံတွေ့ရပြန်ပါပြီ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နေရာမှားတွေမှာ ထပ်မံမှားဟောမိခဲ့လိုဖြစ်တယ်။ သို့ပေမဲ့ သူ့ကိုအကျဥ်းထောင်ထဲမထည့်ခင် အဂြိပ္ပမင်းကြီးက ‌ပေါလုအကြောင်းကိုသိချင်ခဲ့တယ်။ ဘုရင်ကြီးက သူရဲ့ ကြီးကျယ်ခမ်းနားသော ခမ်းမဆောင်ထဲရောက်ရှိလာပြီး ထိုခေတ်က နိုင်ငံရေးအကြီးအကဲများကြားတွင် ထိုင်နေခဲ့တယ်။

တန်ခိုးဩဇာအာဏာကြီးပြီး ဘုရင်ကြီးရဲ့ ဂုဏ်အရှိန်အဝါကြောင့် ပရိတ်သတ်အားလုံးတိတ်ဆိတ်နေချိန်မှာ ပေါလုကို စိုက်ကြည့်ပြီး စကားပြောဆိုခွင့်ပေးခဲ့တယ်။

သင်ဒီလိုအခြေအနေမျိုးနဲ့‌ကြုံတွေ့ပါက ဘယ်လိုတုံ့ပြန်မလဲ။ အမှန်အတိုင်းပြောရရင် ကျွန်တေ့ာရင်ဘက်ထဲက နှလုံးခုန်ထွက်လိမ့်မယ်။ ဘုရားဘယ်နေရာမှာရှိနေပါလိမ့်လို့ ကျွန်တော်တို့အားလုံးတွေး‌မိမှာပါ။ "တကယ်ကြီးလား ဘုရား။ ကိုယ်တော့်နာမတော်မြတ်အတွက် ဧဝံဂေလိတရားကိုဟောပြောနေခဲ့တာ အခုတော့ ကမ္ဘာ့ ဩဇာအရှိဆုံးပုဂ္ဂိုလ်ရှေ့မှာ မိမိကိုယ်ကို ခုခံပြောဆိုနေရပြီ"

ကျွန်တော့ကို‌သတ်ဖို့၊ ရောမအကျဥ်းထောင်ထဲကိုပို့ဖို့ ဩဇာကြီးမားသော ဒီလူရဲ့ခေါင်းတချက်ညိမ့်လိုက်ခြင်းကြောင့် မူးမေ့ပြီးအန်ထွက်မသွားရန် ဘုရားကိုတောင်းဆိုနေမှာကို ကျွန်တော်သိတယ်။

ပေါလုကတော့ အဂြိပ္ပမင်းကြီးရှိရာအရပ်ကို ငြိမ်သက်စွာလက်ဆန့်တန်းပြီး "အဂြိပ္ပမင်းကြီး၊
ယုဒလူတို့သည် အကျွန်ုပ်ကိုအမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌အပြစ်ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကိုလေ့ကျက်တော်မူ ကြောင်းကို၎င်း အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ တမန်တော် ၂၆း၂" ဟူ၍ ရင်ထိစေသောစကားလုံးတွေနဲ့ သူ့ကိုယ်သူ ကာကွယ်ခဲ့တယ်။

ပေါလုကတော့ "ကိုယ်၌မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။" ဟူ၍ သူ့ခေတ်ရဲ့ အရေးကြီးပုဂ္ဂိုလ်များထံ ရဲဝံ့စွာဖော်ပြခဲ့တယ်။ နောက်တခါ သင်ရင်ဆိုင်ရပါက သင်ဝမ်းမြောက်နိုင်မယ်လို့ထင်ပါသလား။

နောက်တခါ သင်ထင်သလိုမဖြစ်လာပါက သင့်ကိုသင် ပျော်ရွှင်နေတယ်လို့ စဥ်းစားကြည့်ပါလား။

သင့်ဘဝ ပြိုလဲလုနီးချိန်တွင် ပေါလုကဲ့သို့ သင့်ကိုယ်သင် ပျော်ရွှင်ရန် အဘယ်ကြောင့် မကြိုးစားသနည်း။

ကျွန်တော်တို့ ယေရှုခရစ်တော်ကို သိရှိသောကြောင့် ကျွန်တော်တို့ စဥ်းစားနေတာတွေပြောင်းလဲလို့ရတယ်။ အရာအားလုံးကိုဖန်ဆင်းတော်မူသော ထာဝရဘုရားက နောက်ဆုံးအချိန်ထိ မှာကြားချင်တာအမြဲရှိနေတာကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်ကို ကွပ်ကဲတယ့် တွေးခေါ်ပုံတွေကို ပြောင်းလဲလို့ရတယ်။ ယနေ့ သင့်ကိုယ်သင် ပျော်ရွှင်နေတယ်လို့ တွေးကြည့်ဖို့ ကျွန်တော်စိန်ခေါ်ချင်တယ်။

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။