YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိယုံကြည်ခြင်းကို ဝေငှနည်းနမူနာ

Sharing Your Faith

5 ၏ နေ့ 4

ဉာဏ်ပညာဖြင့်သွေးဆောင်ခြင်းဖြင့် ဧဝံဂေလိဟောပြောပါ



ဘုရားသခင်ကို မမြင်နိုင်သောကြောင့် မယုံကြည်နိုင်ဘူးဟု ငြင်းဆိုသောသူထံ မိမိယုံကြည်ခြင်းကို ဝေငှဖို့ အလွန်ခက်ခဲလှသည်။ အကယ်စင်စစ်၊ ဉာဏ်ပါရမီရှင်များသည် မမြင်နိုင်သောအရာတို့ကို ယုံကြည်အားကိုးစေဖို့ အခက်အခဲ ရှိသည်။ ထိုသူများသည် မမြင်နိုင်သောအရာထက် မြင်နိုင်သောအရာများနှင့် မိမိဉာဏ်ရည်ဉာဏ်သွေးကိုသာ ယုံကြည်ကိုးစားဖို့ နှစ်သက်ကြသည်။



ဓမ္မသစ်ကျမ်း၏ တစ်စိတ်တစ်ပိုင်းကို ဖတ်ရှုပြီးပါက၊ တမန်တော်ကြီး ရှင်ပေါလုအကြောင်းကိုလည်း ဖတ်ရှုခဲ့ပြီးဖြစ်ပေလိမ့်မည်။ သူသည် ပညာတတ်၊ ဉာဏ်ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ တစ်ချိန်က အရှင်ယေရှုဘုရားအား ယုံကြည်သူများကိုပင် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ သမ္မာကျမ်းစာတွင် တိတိကျကျ မဖော်ပြသော်လည်း၊ ရှင်ပေါလုနှင့်စပ်လျဉ်းသည့် အထောက်အထားများအားလုံးကို ကြည့်ပါက၊ သူသည် မာန်မာနကြီးသော ယုဒလူတစ်ဦး ဖြစ်ဖွယ်ရှိသည်။ သို့သော်၊ မမျှော်လင့်သည့်နေ့တစ်နေ့တွင်၊ ရှင်ပေါလုသည် ခရစ်ယာန်များ၏အသက်တာကို ခြိမ်းခြောက်စဉ်၊ လုံးဝဥဿုံး ပြောင်းလဲသွားခဲ့သည်။



[ရှင်ပေါလုသည်] သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်လေ၏။ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင်ညှဉ်းဆဲသော ယေရှု ဖြစ်သတည်း။ သို့သော်လည်း ထ၍ မြို့သို့ဝင်လော့။ သင်ပြုရမည့်အမှုကို ပြောလိမ့်မည်ဟု မိန့်တော်မူ၏။ (တ၊ ၉း၃-၆)


ရှင်ပေါလုသည် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းသောသူမှ ခရစ်ယာန်တို့ကို အားပေးသွန်သင်သောသူအဖြစ် ပြောင်းလဲသွားခဲ့သည်။ သခင်ယေရှုနှင့်ပတ်သက်သော သမ္မာတရားကို နှစ်ပေါင်းများစွာ ကြားနာခဲ့ရသော်လည်း၊ ၎င်းသမ္မာတရားသည် သူသင်ယူခဲ့သမျှနှင့် မကိုက်ညီသောကြောင့် ကိုယ်တော်ကို ငြင်းပယ်စေဖို့ ရွေးချယ်ခဲ့သည်။ သို့သော်၊ ထိုနေ့တွင်၊ ဖုန်ထူသောလမ်းပေါ်ရှိ အရှင်ယေရှုဘုရားနှင့် သူ၏အတွေ့အကြုံသည် မည်သည့်ဉာဏ်နှင့်မျှ ရှင်းမပြနိုင်တော့ချေ။



ဉာဏ်ပညာနှင့်သွေးဆောင်ခြင်းဖြင့် ဧဝံဂေလိတရားဟောပြောနည်းသည် လူတိုင်းအတွက် မဟုတ်သော်လည်း တချို့အတွက် ဆွဲဆောင်စေလိမ့်မည်။ ဉာဏ်ပညာသွေးဆောင်ခြင်းဖြင့် ဧဝံဂေလိတရားဟောပြောခြင်းနည်းလမ်းကို လျှောက်လှမ်းဖို့ လုံလောက်သည့်ဉာဏ်မရှိဟု တချို့ထင်ကောင်းထင်နိုင်သည်။ ထိုသို့ဖြစ်လျှင်ပင်၊ မေးခွန်းများစွာ မေးမြန်းသည်သာမက မဖြေနိုင်သောမေးခွန်ကို အများအပြားမေးသည့်သူကို မိမိဘဝတွင် ရောက်စေဖို့ ဘုရားသခင်စီရင်နိုင်ပါသည်။



ကျွန်တော်တို့ကို မေးမြန်းသောသူ ရှိသမျှတို့ကို ပြန်ပြောစေဖို့၊ အချိန်အနည်းငယ် ရယူပြီး၊ ကျွန်တော်တို့၏ အံ့သြဖွယ်ဘုရားသခင်အကြောင်းကို ဆက်လက်သင်ယူလျက် ကြိုတင်ပြင်ဆင်ထားပါစို့။ ကျွန်တော်တို့သည် ဉာဏ်ပညာနည်းလမ်းဖြင့် ခရစ်တော်ကို သိကျွမ်းလာသူ၏ အတ္ထုပ္ပတ္တိစာအုပ်များကိုလည်း ဖတ်ရှုလေ့လာနိုင်သည်။ လူတချို့သည် အကြောင်းအရာတစ်ခုကို အကြွင်းမဲ့နားမလည်လျှင် မယုံကြည်နိုင်ပေ။ သူတို့၏စိတ်နှလုံးကို မပြောင်းလဲစေနိုင်ပေမဲ့၊ ကျန်သည့်လိုအပ်သောအရာများကို လုပ်ဆောင်ရန် ဘုရားသခင်ကို ယုံကြည်ပြီး၊ ဧဝံဂေလိတရားကို ဝေငှစေဖို့ ကာလအစဉ်မပြတ် အသင့်ရှိနေနိုင်သည်။



ကျွန်တော်တို့သည် ခပ်သိမ်းသောတရားတို့ကို မသိကျွမ်းနိုင်သော်လည်း၊ ဉာဏ်ပညာကို ရစေဖို့၊ စေတနာစိတ်နှင့် ပေးသနားတော်မူသောဘုရားသခင်ကို တောင်းလို့ ရနိုင်သည်။ ဘုရားရှင်အကြောင်း အသစ်သောအရာများကို သင်ယူလေ့လာစဉ်၊ မမျှော်လင့်ထားသည့်အချိန်တွင်၊ ကျေးဇူးတော်နှင့်ပြည့်စုံသော သမ္မာတရားကို တစ်စုံတစ်ဦးထံရောက်စေဖို့ ဘုရားသခင်သည် ကျွန်တော်တို့အား အသုံးပြုကောင်းအသုံးပြုနိုင်ပေလိမ့်မည်။


နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Sharing Your Faith

ကျွန်တော်တို့သည် သခင်ယေရှု၏ နောက်လိုက်များ ဖြစ်လာသောအခါ၊ အသက်တာတစ်လျှောက် ကြီးထွားတိုးတက်မှုခရီးကို စတင်ကြသည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်း၌ ကြီးထွားမှု၏ တစ်စိတ်တစ်ပိုင်းမှာ သခင်ယေရှုဘုရားအကြောင်းဖြစ်သည့် သတင်းကောင်အား သူ...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။