အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့နမူနာ

လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်းဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့ (ဆာ၊ ၉၅း၁)။ ကျွန်တော်တို့၏ ချီးမွမ်းခြင်းသည် ဘုရားရှင်၏ မဟာကယ်တင်ခြင်းတန်ခိုးတော်၌ မူတည်သည်။ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ်သောဘုရင် ဖြစ်တော်မူ၏။ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။ ပင်လယ်ကိုလည်း ဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏ (ဆာ၊ ၉၁း၃-၅)။ ရှေးဦးလူသားများသည် လက်အောက်ခံဘုရင်တစ်ပါးထံ ရောက်လာသောအခါ လက်ဆောင်များ ယူလာကြခဲ့သည်။ ထိုနည်းတူစွာ၊ ကျွန်တော်တို့၏ မဟာရှင်ဘုရင်ကြီး အရှေ့တော်သို့ ရောက်လာသောအခါ၊ ကိုယ်တော်၏ ဂုဏ်အင်္ဂါတော်များ၊ ပြုတော်မူခဲ့သောအမှုများနှင့် အနာဂတ်၌ ပြုမည့် ကျေးဇူးတော်တို့ကို ထောက်လျက် ချီးမွမ်းသောယဇ်ကို ပူဇော်ကြသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် နှုတ်ကပတ်တော်မြတ်ကို ပျော်ရွှင်စွာ ဖတ်ရှုကြပါစို့။ ဒေါက်တာ တိုနီအီဗန် (Tony Evans) သည် မိမိပြုစုခဲ့သော တိုနီအီဗန် CSB သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းကို ကိုးကားလျက် ဤ (၅) ရက်တာ အစီစဉ်ကို ရေးသားခဲ့သည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
