ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ထာဝရ၌ရင်းနှီးမြှုပ်နှံခြင်း
သင်ရက်ရောတယ့်အချိန်တိုင်း သင့်ရဲ့ ထာဝရအိမ်တော်မှာ ရင်းနှီးမြှုပ်နှံနေတာဖြစ်တယ်။
ယေရှုက" ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့"ဟုပြောထားတယ်။ ဒီစာကြောင်းကို ကျမ်းစာထဲမှာ၆ခါတောင် သူသုံးထားတာဖြစ်တယ်။ ယေရှု၆ခါတောင်ပြောနေပြီဆိုတော့ သင်အာရုံစိုက်မှဖြစ်မယ်။ သင်မလုပ်ဘူးဆိုရင် ကောင်းချီးမင်္ဂလာကို သင်လွဲချော်မှာဖြစ်တယ်။
ဘဝဆိုတာ ဒီကမ္ဘာကြီးမှာဘဲ စည်းစိမ်ဥစ္စာကိုစုဆောင်းနေရခြင်းမဟုတ်ပါ။ သံချေး၊ ပိုးမွှားဖျက်စီးပြီး သူခိုးတွေဖောက်ခိုးနိုင်သော ဘဏ္ဍာများကို ဤလောကြီးမှာစုဆောင်းကြပါလို့ ကျမ်းစာကမပြောပြထားဘူး။ ကောင်းကင်ဘဏ္ဍာကိုဘဲ စုဆောင်းကြပါ။
ထိုအရာက အဓိပ္ပာယ်ရှိတယ်။ ဘာကြောင့်လဲ။ ဘာလို့လဲဆိုတော့ သင် ကောင်းကင်နိုင်ငံတော်မှာ အချိန်တွေအကြာကြီးကုန်ဆုံးမှာဖြစ်ပြီး သင် အကျိုးအမြတ်နဲ့ ဆုကျေးဇူးများကို ကမ္ဘာထက် ကောင်းကင်နိုင်ငံတော်မှာ ပိုလိုအပ်မှာဖြစ်တယ်။ ကမ္ဘာဂြိုလ်မှာ သင် အသက်၈၀မှ ၁၀၀ကြားဘဲရှင်သန်နိုင်ပြီး အရာအားလုံးကိုထားခဲ့ရမှာဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ဘဏ္ဍာကိုတော့ ထာဝရခံစားရမှာဖြစ်တယ်။
ဆိုတော့ ကောင်းကင်ဘဏ္ဍာကို ဘယ်လိုရှာဖွေကြမလဲ။ ဘယ်လိုကြိုစုဆောင်းကြမလဲ။
လူတွေမှာရင်းနှီးမြှုပ်နှံပါလို့ ကျမ်းစာကပြောပြထားတယ်။ ထာဝရတည်မြဲမယ့်အရာ၂ခုရှိတယ်၊ ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ လူတွေဘဲဖြစ်တယ်။ လူသားတွေကတော့ ကောင်းကင် သို့မဟုတ် ငရဲမှာ ထာဝရနေရမှာဖြစ်ပြီး သင့်ရဲ့ တစုံတယောက်အပေါ် ရင်းနှီးမြှုပ်နှံခြင်းက ထူးခြားမှုတွေကို ဖြစ်စေမှာဖြစ်တယ်။ ဘုရားကတော့ သင် လူတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံစေချင်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ထိုသို့ ရင်းနှီးမြှုပ်နှံခြင်းက အကျိုးရလာဒ်နဲ့ ဆုကျေးဇူးတွေရှိတယ်။
ဖိလိပ္ပိ ၄:၁၇ထဲမှာ "ထိုသို့ ငါဆိုသော် အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ကြွယ်ဝသော အကျိုးကိုရှာ၏"။
ရှင်ပေါလုက ဖိလိပ္ပိတွေရဲ့ ထောက်ပံ့မှုကြောင့် ကျေးဇူးတင်ကြောင်း ရေးသားခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ ရက်ရောမှုနှင့် အနစ်နာခံမှုက ကောင်းကင်မှာ ဘဏ္ဍာရှိစေခြင်းက သူ့အတွက် အဓိပ္ပာယ်ရှိဆုံးနှင့် အဝမ်းမြောက်ဆုံးဖြစ်တယ်လို့ ပြောခဲ့တယ်။ သူတို့က ရှင်ပေါလုအတွက် ရင်းနှီးမြှုပ်နှံပေးခဲ့ပြီး ထာဝရအိမ်တော်အတွက်ပါ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်တယ်။
သင်တို့ စွန့်လွှတ်ခဲ့သည့်အရာများအတွက် သင်တို့ပြန်ပြီး ဆုချီးမြှင့်ခံရမှာဖြစ်တယ်။ သင့်ရဲ့အချိန်တွေကို ပေးဆပ်နေပြီလား။ သင် ကောင်းကင်ဘုံမှာ ချီးမြှင့်ခံရမှာဖြစ်တယ်။ သင်အင်အားတွေကို ပေးဆပ်နေပြီလား။ သင် ကောင်းကင်နိုင်ငံတော်မှာ ချီးမြှင့်ခံရမှာ ဖြစ်တယ်။ သင့်ရဲ့ ငွေတွေကို ပေးကမ်းနေပြီလား။ သင် ကောင်းကင်ဘုံမှာ ချီးမြှင့်ခံရမှာ ဖြစ်တယ်။
အသံဖြင့်သင်ကြားခြင်း နားထောင်မည် |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား
