YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 20

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ယုံကြည်စိတ်ချလို့ရပါစေ

လူတွေသင့်ကို ယုံကြည်လေ သင်ပိုပြီးပျော်ရွှင်လေဖြစ်တယ်။ လူတွေ သင့်ကို မယုံလျှင် သင် သနားစရာကောင်းတယ့် ဘဝကိုနေထိုင်ရမှာ ဖြစ်တယ်။

သင်ပျော်ရွှင်ချင်တယ်ဆိုရင် လူတွေ ယုံကြည်လို့ရတယ့်သူဖြစ်‌ရပါမယ်။

ရှင်ပေါလုက တိမောသေကို ဥပမာနေနဲ့ ပြောပြထားတယ်:"သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။" (ဖိလိပ္ပိ ၂:၂၂)

ရှင်ပေါလုက တိမောသေရဲ့ လုပ်ဆောင်ချက်မှုများကို အခြေအနေမျိုးစုံမှာ တွေခဲ့ရပြီး သူ့ကို တမူထူးခြားတယ်၊ ယုံကြည်လို့ရပြီး အားကိုးလို့ရကြောင်း သတ်မှတ်ထားတယ်။ နှုတ်ကပတ်တော် ဘာသာပြန်ဆိုချက်က " တိမောသေက ဘယ်လိုလူမျိုးဖြစ်ကြောင်း သက်သေပြနေတာကို သင်သိမှာပါ။" သင် ဘယ်လိုမျိုး လူသားလဲဆိုတာ လူတွေတကယ်ဘဲသိကြတာလား။ တိမောသေကဲ့သို့ ယုံကြည်အားကိုးလို့‌ရအောင် သင်သက်သေပြပြီးပြီးလား။

ဘဏ်ကို ငွေချေးဖို့ သင်သွားတိုင်း သူတို့က အကြွေးမှတ်တမ်းတွေကို ကြည့်ရှစစ်ဆေးမှာဖြစ်တယ်။ သင့်ကို ယုံကြည်လို့ရမရ သင့်အကြွေးမှတ်တမ်းတွေကို ကြည့်မှာဖြစ်တယ်။ အကြွေးတွေကို အချိန်မှီပေးဆောင်သလား။ သင်ကတိတည်ထားတယ့် မှတ်တမ်းရှိပါသလား။ ပိုက်ဆံပြန်အပ်ဖို့ သင့်ကို အားကိုးလို့ရပါသလား။ သင် အသိအမှတ်ပြု ချီးမွမ်းခံထိုက်ပါသလား။

တကယ်တော့ သင့်ဘဝရဲ့ အခိုက်အတန့်တိုင်းမှာ လူတွေက သင့် ဘဝမှတ်တမ်းတွေကို ဆန်းစစ်နေတာဖြစ်တယ်။ သင်ပြောတယ့်အတိုင်းလုပ်တယ့်သူ ဖြစ်မလားဆိုပြီး သူတို့က သိချင်ကြတယ်။ သင်က လက်တွေ့သမားလား။ သင့်ရဲ့ ပုံရိပ်အမှန်ကို ပြသနေပါသလား။ သင့်ကို ယုံကြည်လို့ရမလား။

သင့်ဘဝနဲ့ ဆက်ဆံရေးတွေမှာ ပျော်ရွှင်ချင်လျှင် ယုံကြည်အားကိုးလို့ရမယ့်သူတစ်ယောက်ဖြစ်အောင် သင်ကြိုးစားရမှာဖြစ်တယ်။

ယုံကြည်အားထားရတယ့် ဂုဏ်နာမည်ကို ဘယ်လိုတည်ဆောက်မလဲ။

ပထမဦးအနေနဲ့ သမာသဓိရှိရပါမယ်။ သမာသဓိဆိုတာ သင်ပြည့်စုံရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ သင်မြင်သမျှ သင်ရ ဆိုတယ့် အဓိပ္ပာယ်ဖြစ်တယ်။ သင်က လက်တွေ့သမားဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သင်ပြောတယ့်အတိုင်း သင်လုပ်လို့ဖြစ်တယ်။

"စပါးရိတ်ရာကာလ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့၊ သစ္စာစောင့်သော တမန်သည် စေလွှတ်သောသူ ၌ ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏" သုတ္တံကျမ်း ၂၅:၁၃။ သင့်မိတ်ဆွေတွေက သင့်ကို ယုံကြည်အားကိုးနိုင်ပါသလား။

ဒုတိယအနေနဲ့ သင်ကတိတည်ပါ။

ဆာလံ ၁၅:၄ မှာ"ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ် လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊"‌

ပြောချင်တာက သင်ထင်ထားတာထက် ပိုပြီးပေးဆပ်ရမှာကို သိသော်လည်း သင်ကတိတည်ပါ။

သမာသဓိဖြင့်နေခြင်းနှင့် သင့်ကို ယုံကြည်ရအောင် အခြားသူများအား ကတိတည်ဖို့ ကြိုးစားခြင်းက သင့်ကို ပိုပြီး‌ပျော်ရွှင်စေသောသူ ဖြစ်စေလိမ့်မယ်။

Listen to audio teaching

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org