သမ္မာကျမ်းစာရှိ မစုံလင်သူများ နမူနာ

တမန်တော်ကြီး ရှင်ပေတရု
တံငါသည်ဖြစ်သော တမန်တော်ကြီး ရှင်ပေတရုသည် အရှင်ယေရှုဘုရား၏ ကနဦးတပည့်တော်တစ်ပါး ဖြစ်ခဲ့ပါသည်။ သူသည် အရှင်ယေရှုဘုရား၏ တပည့်တော်အဖြစ် ပထမဦးဆုံး ခေါ်ခံရသူဖြစ်သလို၊ ကနဦးတပည့်တော်စာရင်းတွင် မကြာခဏ ပထမဦးဆုံး ဖော်ပြခံရသူလည်း ဖြစ်ပါသည်။ ၎င်းသည် တပည့်တော်တစ်ပါး၏ အရေးပါမှုကို ဖော်ပြလေ့ ရှိပါသည်။ သူသည် ရှင်ယာကုပ်နှင့် ရှင်ယောဟန်ကဲ့သို့ အရှင်ယေရှုဘုရား၏ အတွင်းလူ ပါဝင်သူတစ်ပါး ဖြစ်ခဲ့ပါသည်။ သူ၏ လက်သတ္တိနှင့် နှုတ်သတ္တိတို့ကို အလွန်ထင်ရှားခဲ့ပါသည်။
သို့သော်၊ သူသည် ရဲရင့်စွာ ပြောသင့်သောအခါ မပြောဝံ့ဘဲ နေခဲ့ပါသည်။ ရှင်ပေတရုက၊ လူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါဟု လျှောက်ခဲ့ပါသည်။ အရှင်ယေရှုဘုရားကလည်း၊ ငါအမှန်ဆိုသည်ကား... သင်သည် (၃) ကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊ ရှင်ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်ခဲ့သည်။ သို့သော်၊ ရှင်ပေတရုသည် အရှင်ယေရှုဘုရားကို ငြင်းဆိုခဲ့ပါသည်။ ကျေးဇူးတော်အားဖြင့်၊ ကိုယ်တော်သည် ရှင်ပေတရုကို မစွန့်ဘဲ သူကို မိမိသာသနာတော်အတွက် အသုံးပြုတော်မူခဲ့ပါသည်။ ထိုအကြိမ်မှစ၍ ရှင်ပေတရုသည် ကိုယ်တော်အတွက် ထိထိမိမိ ဧဝံဂေလိဟောပြောသော တပန်တော်ကြီးအဖြစ် ဖြစ်သွားခဲ့ပါသည်။
ရှင်ပေတရု၏ အသက်တာမှ သင်ယူဖွယ်ရာ (၂) ခု ဆိုသည်မှာ၊
ကျွန်တော်တို့သည် အလွန်ဆိုးရွားသော အကုသိုလ်ကံတို့ကို ကျူးလွန်မိတတ်ပါသည်
ရှင်ပေတရုက၊ လူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါဟု စိတ်ထက်သန်စွာ လျှောက်ခဲ့ပါသည်။ သို့သော်၊ ရှင်ပေတရုသည် သမ္မာသတိလစ်ပြီး မိမိဇာတိပကတိကို ဦးစားပေးလျက် မထင်မမြင်နိုင်သော အပြစ်ဒုစရိုက်ကို ကျူးလွန်မိခဲ့ပါသည်။ ကျွန်တော်တို့သည် ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော်တို့သည် ပြစ်မှားသောသူများကို ထင်သေးလျက် ကျွန်တော်သည် ထိုအပြစ်သားများကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပါသည်ဟု ပြောဆိုတတ်ပါသည်။ သို့သော်၊ ကျွန်တော်တို့သည်လည်း သမ္မာသတိလစ်ပြီး မိမိဇာတိပကတိကို ဦးစားပေးလျက် မထင်မမြင်နိုင်သော အပြစ်ဒုစရိုက်ကို ကျူးလွန်မိကြပါသည်။ သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက် ရှိ၏ (၁ပေ၊ ၅း၈)။
ဘုရားသခင်သည် ကျွန်တော်တို့အား ဘယ်သောအခါမျှ စွန့်ပစ်တော်မမူ
ရှင်ပေတရုသည် (၃) နှစ်လုံးလုံး အရှင်ယေရှုဘုရားနှင့်အတူ သစ္စာရှိစွာ သွားလာခဲ့ပါသည်။ သို့သော်၊ အမှောင်ဆုံးအချိန်တွင် သူ၏ ကယ်တင်ရှင်နှင့် ဓမ္မမိတ်ဆွေဖြစ်သောသူ အရှင်ယေရှုဘုရားကို စွန့်ပစ်ခဲ့ပါသည်။ ဤအပြစ်ဒုစရိုက်သည် များစွာသောသူတို့အတွက် ခွင့်မလွှတ်နိုင်ဖွယ်ရာ ဖြစ်ပါသည်။ သို့ရာတွင်၊ အရှင်ယေရှုဘုရားသည် သူကို ခွင့်လွှတ်တော်မူခဲ့ပါသည်။ အရှင်ယေရှုဘုရားသည် ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသောဘုရား ဖြစ်တော်မူပါသည်။ ရှင်ပေတရု၏ ငြင်းပယ်မှုသည် မည်မျှဆိုးရွားခဲ့သည်ဖြစ်စေ၊ အရှင်ယေရှုဘုရားသည် ရှင်ပေတရုအဖို့ အမှုတော်မြတ်တစ်ခု ရှိသေးပါသည်။ ဤအမှုတော်မြတ်မှာ၊ သူသည် လူမျိုးတကာတို့ထံ သွားလျက် အရှင်ယေရှုဘုရား၏ ဧဝံဂေလိတရားကို ဝေငှစေရန် ဖြစ်ပါသည်။
သူ၏ အတိတ်သမိုင်းရှိ သစ္စာဖောက်မှု ရှိခဲ့သော်လည်း၊ ရှင်ပေတရုသည် ဧဝံဂေလိတရားကို ထိရောက်စွာ ဝေငှ၍ အသင်းတော်သည် အလွန်တိုးပွားခဲ့ပါသည်။ လမ်းဆုံးမှာ၊ သူ၏ ကယ်တင်ရှင်အသက်သခင်အဖို့ အာဇာနည်အနေနှင့် အသေခံခဲ့ပါသည်။
ဤအစီအစဉ်အကြောင်း

မိတ်ဆွေသည် လူ့အမြင်အရ၊ အနည်းငယ် ပြစ်မှားခဲ့သည်ဖြစ်ပါစေ၊ ကြိမ်ပေါင်းများစွာ ပြစ်မှားခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် မိတ်ဆွေကို အသုံးပြုတော်မူမည်။ ဤ (၇) ရက်တာ အစီအစဉ်တွင်၊ သမ္မာကျမ်းစာရှိ ပုဂ္ဂိုလ် (၆) ပါးအကြောင်းကို ဖတ်ရှုလေ့လာပါလိမ့်မည်။ ဤပုဂ္ဂိုလ်တို့သည် မိမိဇာတိဒေသ၊ အစွမ်းသတ္တိနှင့် အပြစ်ဒုစရိုက် မည်သို့ပင်ဖြစ်ခဲ့ပါစေ၊ ဘုရားသခင်သည် ထိုသူတို့ကို အသုံးပြုတော်မူခဲ့သည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်
