ကျော်လွှားအောင်မြင်ခြင်း - သရုပ်ဆောင် လက်တီရှာရိုက် (Letitia Wright)နမူနာ

ဒုတိယနေ့မှာ ကြိုဆိုပါတယ်ရှင့်။ ဒီနေ့၊ (ယေရိ၊ ၂၉း၁၁) ကို ဖတ်ရှုလေ့လာပါလိမ့်မယ်။
ဒီကျမ်းပိုဒ်ဟာ ကျွန်မအတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့ ကျမ်းပိုဒ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ယုံကြည်ခြင်းခရီးအစတွင်၊ ကျွန်မက ခရစ်တော်၌ ဖြစ်တည်ခြင်းအကြောင်းကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ခက်တာက၊ လူတိုင်းဟာ သူတို့ရဲ့ ယုံကြည်ခြင်း၌ စိတ်ကျစွာ ရှင်သန်ကြီးထွားပြီးလို့ မြင်ရပေမဲ့ ကျွန်မကတော့ ဘယ်သူဖြစ်သလဲဆိုတာ ကျွန်မမသိခဲ့ဘူး။ အဲဒီအချိန်မှာ၊ ဘုရားသခင်က ဒီကျမ်းပိုဒ်ကို ကျွန်မအတွက် ပေးတော်မူခဲ့ပါတယ်။ ဘုရားရှင်က ကျွန်မတို့ကို အကျိုးနည်းစေဖို့ ကြံစည်တဲ့အကြံမဟုတ်ဘဲ၊ မျှော်လင့်တဲ့အကျိုးကို ရမယ်အကြောင်း၊ ငြိမ်ဝပ်စေဖို့သာ၊ ကျွန်မတို့အဖို့ ကြံစည်တဲ့အကြံတို့ကို ဘုရားသိတော်မူပါတယ်။
အဲဒီကျမ်းပိုဒ်အားဖြင့် ကျွန်မအဖို့ ဘုရားသခင်ရဲ့ အကြံတော်ကို သိကျွမ်းသွားတဲ့အခါ၊ ကျွန်မရဲ့ယုံကြည်ခြင်းဟာ ပိုမိုတိုးပွာလျက် မြဲမြံခိုင်ခံ့လာစေခဲ့ပါတယ်။ ကျွန်မတို့အဖို့ ကိုယ်တော်ရဲ့ အကြံအစည်တို့က အရမ်းထူးဆန်းပြီး အရမ်းများပြားကြပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ လောကဓံမုန်းတိုင်းတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ ပြီးတော့၊ ကျွန်မရဲ့ အနာဂတ်ဟာ တောက်ပလာပါလိမ့်မယ်လို့ စတင်ယုံကြည်မျှော်လင့်ခဲ့ပါတယ်။ ကျွန်မရိုက်ခဲ့တဲ့ ဇာတ်ကားတွေ မပေါက်ခင်မှာ ကျွန်မရဲ့နာမည်ကို ဘယ်သူမှမသိခဲ့ဘူး။ အဲဒီအချိန်မှာ၊ ကျွန်မက ခရစ်တော်၌ အသစ်ပြုပြင်ဖန်ဆင်းခံရသူ စဖြစ်ခါစပါ။ ကိုယ်တော်က ကျွန်မကို ကောင်းကြီးပေးလျက် ကျွန်ရဲ့ယုံကြည်ခြင်းကို တိုးပွားစေဖို့ ဒီကျမ်းပိုဒ်လေးကို အသုံးပြုခဲ့ပါတယ်။
ချစ်မိတ်ဆွေက ဘာပဲကြုံနေသည်ဖြစ်ပါစေ၊ ကျွန်မတို့အဖို့ ကိုယ်တော်ရဲ့ အကြံအစည်တို့က အရမ်းထူးဆန်းပြီး အရမ်းကောင်းမြတ်တဲ့အရာတွေ ဖြစ်ပါတယ်လို့ သိစေလိုက်ပါ။ (ဆာ၊ ၁၃၉း၁၈) တွင်၊ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏လို့ ဖော်ပြထားပါတယ်။ ဒါဟာ အဆုံးမရှိ အနန္တအရာ ဖြစ်ပါတယ်။ အဲဒီသမ္မာတရားကို ထောက်လျက် ဘုရားသခင်ရဲ့ မေတ္တာကရုဏာတော်ကို စိတ်ချစွာ ယုံကြည်နိုင်ပြီနော်။
ဒီနေ့၊ ဒီသမ္မာတရားကို တစ်နေ့လုံး သမ္မာသတိရှိရှိ အောက်မေ့သတိရစေပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သရုပ်ဆောင် လက်တီရှာရိုက် (Letitia Wright) ၏ အောင်မြင်ကျော်လွှားခြင်းတည်းဟူသော (၃) ရက်တာ ဗီီဒီယိုအစီစဉ်ကို ပါဝင်လိုက်ပါ။ သူမ၏ ယုံကြည်ခြင်းကို ပိုမိုတိုးပွားစေလျက် မြဲမြံခိုင်ခံ့စေသာ ကျမ်းပိုဒ်များအားဖြင့် ခွန်အားအသစ်ကို ရယူလိုက်ပါ။
More
ဆက်စပ်နေသောအစီအစဉ်များ

ထာဝရပရဟိတ

BibleProject | ရှင်ပေါလု၏စာစောင်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ရှင်ယောဟန်၏စာစောင်များ
