အလွန်ကောင်းမြတ်တော်မူသောဘုရားနမူနာ

ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏
(၂ကော၊ ၃း၁၇) တွင်၊ တမန်တော်ကြီး ရှင်ပေါလုကား၊
ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏ဟု ဖော်ပြထားခဲ့သည်။
တမန်တော်ကြီး ရှင်ပေါလု၏ အသက်တာမှာ အရှင်ယေရှုဘုရားအနောက်သို့ မလိုက်ဘဲ၊ ယုံကြည်သူများကို ပြင်းထန်စွာ ညှဉ်းဆဲသည့်အချိန် ရှိခဲ့သည်။ အရှင်ယေရှုဘုရား၏ သေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ပြုတော်မူပြီးမှ နှစ်အတန်ကြာမှာ၊ ဒမာသက်မြို့သို့ ခရီးသွားစဉ်တွင် ရှင်ပေါလုသည် အရှင်ယေရှုဘုရားနှင့် သဘာဝလွန်တွေ့ဆုံခြင်းဖြင့် သူ၏အသက်တာကို ထာဝရပြောင်းလဲစေခဲ့သည်။
၎င်းအမှုအားဖြင့် ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏တည်းဟူသော သမ္မာတရားကို သာ၍ထင်ရှားစေသည်။ ရှင်ပေါလုသည် ဝိညာဉ်တော်ဘုရား၏ လွှတ်ခြင်းချမ်းသာအကြောင်း သက်သေခံတစ်ပါး ဖြစ်ခဲ့သည်။
ဝိညာဉ်တော်ဘုရားသည် ယုံကြည်သူများကို သတ်ချင်သော ရှင်ပေါလုအား ခေါ်တော်မူ၍ ကနဦးအသင်းတော်၏ တမန်တော်ကြီးနှင့် ဓမ္မသစ်ကျမ်းကို အများဆုံးရေးသားသူအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါက၊ ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိဟူသောစကားသည် တကယ်သစ္စာစကား ဖြစ်သည်။
မိတ်ဆွေသည် ခရစ်တော်၌ တည်သောအခါ၊ မိမိ၏ ကျူးလွန်ခဲ့သော အပြစ်များဖြင့် ရာဇဝတ်သား မဖြစ်သလို၊ မိမိဇာတိပကတိကို ဦးစားပေးသည့်သူ (သို့) အသရေပျက်သောသူ မဟုတ်ပေ။ အရှင်ယေရှုဘုရားကို အနောက်သို့လိုက်သောအခါ၊ မိမိအပြစ်မှ လွတ်မြောက်စေလျက် သန့်ရှင်သောဝိညာဉ်တော်ဘုရားသည် မိတ်ဆွေအထဲ၌ ကျိန်းဝပ်တော်မူသည်။ မိတ်ဆွေသည် ဧကန်အမှန် လွတ်မြောက်စေပြီ။ ဘယ်ကြောင့်လဲဆိုသော်၊ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်သည်။
ယခု၊ ဤအလွတ်ကောင်းမြတ်တော်မူသောဘုရားဓမ္မသီချင်းများကို နားထောင်လိုက်ပါ
ဤအစီအစဉ်အကြောင်း

မိမိအသက်တာရှိ လောကဓံမုန်တိုင်းများသည် ဘယ်လောက်ပဲ ပြင်းထန်သည်ဖြစ်ပါစေ၊ မိတ်ဆွေအတွက် ခွန်အားနှင့် ငြိမ်းချမ်းခြင်းကို ရရှိခံစားနိုင်ပါသည်။ Life.Church Worship မှ အလွန်ကောင်းမြတ်တာ်မူသောဘုရား ဓမ္မသီချင်းများကို ကိုးကားသည့် ဤ (၅) ရက်တာ အစီစဉ်ဖြင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ပြန်လည်ရှာဖွေလိုက်ပါ။
More
စပ်ဆိုင်သောအစီအစဉ်များ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

