ဧဖက်ဩဝါဒစာကို (၂၁) ရက်တာ လေ့လာကျက်စားခြင်းနမူနာ

(ဧ၊ ၂း၁၁-၁၆)
အဓိကကျမ်းပိုဒ် — ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏ (ဧ၊ ၂း၁၄)။
ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်နှင့် ထိတွေ့ခံစားလိုက်ပါ။
၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်ကို ဖတ်ရှုသောအခါ၊ နားလည်သဘောပေါက်ပြီး၊ ယုံကြည်စွဲလမ်းလျက်၊ မိမိစိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်စေဖို့ ဘုရားသခင်ထံ ဆုတောင်းပါ။
၂။ ဤကျမ်းပိုဒ်များကို ဝေါဟာရတစ်လုံး (သို့) ဝါကျတစ်ခုအဖြစ် အကျဉ်းချုပ်ရေးပါ။
၃။ အဓိကကျမ်းပိုဒ်များကို ပြန်လည်စာရေးပါ။
၄။ မိမိ၏ မေးဖွယ်ရာ၊ ဆင်ခြင်ဖွယ်ရာနှင့် ထင်မြင်ဖွယ်ရာများကို စာရေးပါ။
၅။ ဤကျမ်းပိုဒ်များသည် မိမိအသက်တာနှင့် မည်သို့စပ်ဆိုင်သနည်းဟု ဘုရားသခင်ထံ မေးမြန်းလျက် ဆုတောင်းပါ။
၆။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာပြီနောက် တရားကိုကျင်နိုင်မည့်အကြောင်း ဘုရားသခင်ထံ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဧဖက်ဩဝါဒစာသည် ဘုရားသခင်နှင့် သူ၏ ကယ်နုတ်ကျေးဇူးတော်အကြောင်းများ ကြွယ်ဝစွာ ဖော်ပြထားသော စာစောင်ဖြစ်ပါသည်။ ဤအစီအစဥ်သည် ဧဖက်ဩဝါဒစာကို ပိုမိုနက်ရှိုင်းစွာ ဖတ်ရှုလေ့လာစေလျက် ဘုရားသခင်နှင့် မိမိအကြောင်း ပိုမိုသိရှိလာရန် အကူအအညီ ပေးပါလိမ့်မည်။ နောက်လာမည့် (၆) ရက်တာတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်ကို ပုံမှန်ဖတ်ရှုလေ့ ရှိစေဖို့ လမ်းညွှန်ပေးပါလိမ့်မည်။ Christian Standard Bible (CSB) အဖွဲ့သည် ဤအစီစဉ်ကို ရေးသားပြုစုခဲ့ပါသည်။ ပိုမိုသိလိုပါက၊ CSBible.com သို့ ဝင်ရောက်၍ လေ့လာပါ။
More
စပ်ဆိုင်သောအစီအစဉ်များ

ဖတ်သောအရာကို နားလည်ပါသလား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု
