YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆရာ Kyle Idleman ရဲ့ ပျောက်သောသားရဲ့ ပြောင်းလဲမှုနမူနာ

Prodigal Son Transformation With Kyle Idleman

7 ၏ နေ့ 6

လုပ်ဆောင်မှု - နှိုးထဖို့ အချိန်ရောက်ပြီ

လုပ်ဆောင်မှုဆိုတာ ကျွန်တော်တို့ တော်တော်များများ ရပ်တန့်နေတဲ့ နေရာပါ။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကို သိပြီး စလုပ်ဖို့ ကြံစည်နေပေမဲ့ လှုပ်ရှားလို့ မရတဲ့ကာလ ဖြစ်ပါတယ်။ နှိုးထလာပြီး ကျွန်တော်တို့ ဘာလုပ်ရမလဲသိတာဟာ စပြီးလုပ်ဆောင်ဖို့ ကြိုးစားတာနဲ့ ကွာပါသေးတယ်။ (လု၊ ၁၅း၂၀) မှာ၊ ပျောက်သောသားဇာတ်တော်ကို ပြောင်းလဲစေတဲ့ စာသားလေးက "ထိုနောက် သူထသွားတယ်"လို့ ယေရှုက ပြောပါတယ်။

သူက ချက်ချင်း တစ်ခုခုကို လုပ်ဆောင်ပါတယ်။ သူ ထပြီး တစ်ခုခုလုပ်ဖို့ လိုအပ်ပြီလို သူသိလိုက်ပါတယ်။ ကျွန်တော်တို့ဇာတ်လမ်းမှာလဲ "ထို့နောက် သူထလိုက်ပါတယ်" ဆိုတဲ့ လုပ်ဆောင်မှုမပါရင်် ဘယ်အရာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ဒါက ကျွန်တော်တို့ရဲ့ AHA အချိန်ကာလပါပဲ။ ကျွန်တော်တို့မှာ နိုးကြားတဲ့ အချိန်ကာလရှိပြီး အလွန်အမင်း ရိုးသားနိုင်ဖို့ သတ္တိရှိရင်တောင်မှ တစ်ခုခုကို ပြောင်းလဲနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘဝရဲ့ အချိန်ကာလတော်တော်များများမှာ ရိုးသားမှုနဲ့ လုပ်ဆောင်မှုကြားမှာ ရပ်တန့်နေတတ်ပါတယ်။

ဒီစာကို ဖတ်နေပြီး ကျွန်တော်ပြောတဲ့ တစ်ခုခု ပြောင်းလဲဖို့ အကြောင်းကို လက်ခံပေမဲ့ ချက်ချင်း လုပ်ဆောင်ဖို့ တွန့်ဆုတ်နေကောင်းတွန့်ဆုတ်ပါလိမ့်မယ်။

ဒါက ချိုသာတဲ့စကား မဟုတ်ပေမဲ့ မိတ်ဆွေမကြိုက်ရင်တောင်မှ ဘုရားသခင်ရဲ့ စကားတော်ကို နားထောင်ဖို့ လိုအပ်ပါတယ်။ ဘုရားသခင်ရဲ့ စကားတော်ကို နားထောင်ဖို့ အင်အားမရှိရင်တောင် နာခံပြီး တစ်ခုခုလုပ်မှသာ ကျွန်တော်တို့ စတင်ပြောင်းလဲ လုပ်ဆောင်ချင်လာမှ ဖြစ်ပါတယ်။

မိတ်ဆွေပြောင်းလဲဖို့ လိုအပ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်စဉ်းစားကြည့်ပါ။ စာရွက်ပေါ်မှာပဲဖြစ်ဖြစ်၊ စိတ်ထဲမှာပဲဖြစ်ဖြစ်၊ အရင်က စာရင်းကို လုပ်ထားခဲ့ဖူးတဲ့ ကိစ္စတွေပေါ့။ ပျောက်သောသားလိုပဲ "အဖအိမ်ပြန်ရင် အဖကို ပြောပြရမယ့် အကြောင်းတွေ" လို့ ပထမဆုံးစဉ်းစားကြည့်ပါ။ ‌ပျောက်သောသားက သူဘာလုပ်ရမလဲဆိုတာ သိပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အခု လုပ်ချင်စိတ်မရှိရင်တောင်မှ ပထမခြေလှမ်းကို စလှမ်းပြီး ပြောင်းလဲမှုကို စတင်လုပ်ဆောင်ပါ။ လမ်းတစ်လျှောက်မှ အဖဘုရားရဲ့ အကူအညီလမ်းပြမှုနဲ့ မိတ်ဆွေစတင်ခဲ့တဲ့ လုပ်ဆောင်မှုဟာ အစစ်အမှန် ဖြစ်ပေါ်လာပါလိမ့်မယ်။

မိတ်ဆွေဟာ နိုးကြားခဲ့ပြီး သင့်ကိုယ်သင် ရိုးရိုးသားသား ရှိခဲ့ပေမဲ့ တကယ်ပြောင်းလဲမှုကို လုပ်ဆောင်ခဲ့သလား၊ ဒီလုပ်ဆောင်ချက်ကို စတင်ဖို့ မိမိလုပ်ဆောင်နိုင်တဲ့ ပထမခြေလှမ်းက ဘာပါလဲ။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Prodigal Son Transformation With Kyle Idleman

ကျွန်ုပ်တို့ ဘုရားသခင်ထံ ပိုမိုနီးကပ်စေပြီး ကျွန်ုပ်တို့ရဲ့ဘဝကို ကောင်းမွန်‌အောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာ Kyle Idleman ရဲ့ "AHA" စာအုပ်မှ အချက် (၃) ချက်ကို ဒီအစီအစဉ်ကနေ လေ့လာကြပါစို့။ အရာအားလုံးကို ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်ပြီလား။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://davidccook.org/books/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။