YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူပါနမူနာ

Recovering Your Joy

5 ၏ နေ့ 4

နာခံခြင်းသည် ဝမ်းမြောက်ခြင်း၏ လျှို့ဝှက်ချက် ဖြစ်သည်

(မြည်၊ ၃း၄၀) ကို ဖတ်ရှုပါ။

ဝမ်းမြောက်ခြင်းသည် ဆုံးရှုံးဖို့ လွယ်ကူသလို ပြန်လည်ရစေဖို့အတွက်လည်း လွယ်ကူပါသည်။ မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးပြီးဟု ဝန်ခံခဲ့လျှင် ၎င်းဆုံးရှုံးမှု၏ အကြောင်းအရာကိုလည်း ဆေးစစ်ရမည်။ မိမိဘဝအကြောင်းကို ဆင်ခြင်စဉ်းစားလျက် ကျွန်တော်၏ ဝမ်းမြောက်ခြင်းကို ဘယ်လိုဆုံးရှုံးခဲ့သလဲ။ ကျွန်တော်၏ ဝမ်းမြောက်ခြင်းကို ဘယ်သူခိုးယူနေပါသလဲ။

သမ္မာကျမ်းစာသည် ကျွန်တော်တို့၏ အသက်တာကို စစ်ကြောစေရန် အကြိမ်ပေါင်းများစွာ ဖော်ပြထားခဲ့သည်။ (မြည်၊ ၃း၄၀) တွင်၊ ငါတို့သည် ကိုယ်လိုက်သော လမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့ဟု ဖော်ပြထားသည်။

ဤသင်္ခါရလောကမှာ မိမိဝမ်မြောက်ခြင်းကို သတ်နိုင်သောအရာများကို ထောင်ချီရှိပါသည်။ သို့ရာတွင်၊ အဓိက သတ်စေသောအရာ (၂) ချက်ကား၊ ဟန်ချက်မညီသော အချိန်ဇယားနှင့် အသုံးမပြုသော ဆုကျေးဇူးများ ဖြစ်သည်။ မိမိအသက်တာမှာ၊ အလုပ်လုပ်ခြင်းနှင့် အနာယူခြင်းတို့တွင် ဟန်ချက်ညီမှုရှိရန် လိုအပ်သည်။ ထိုနည်းတူစွာ၊ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးများကို မကြာခဏ အသုံးပြုရမည် ဖြစ်သည်။ အသုံးမပြုပါက၊ စိတ်တိုခြင်းသို့ ရောက်ရလိမ့်မည်။ မိမိအလုပ်တွင် အသုံးမပြုသော ဆုကျေးဇူးများကို ဓမ္မအမှုတာ်၌ အသုံးပြုလိုက်ပါ။ မိမိအလုပ်တွင်၊ မိမိဆုကျေးဇူးများကို သိပ်အသုံးမပြုနုင်ပါက၊ ၎င်းအလုပ်မှ ထွက်စေပါ။

မိမိဝမ်မြောက်ခြင်းကို ဆုံးရှုံးစေသောအရာကို သိသွားသောအခါ ၎င်းအမှားကို ပြန်လည်ပြုပြင်စေဖို့ လိုအပ်သည်။

မိမိဝမ်းမြောက်ခြင်းကို အမြန်ဆုံး သတ်စေသောအရာကို သိပါသလား။ အကောင်းကို သိလျက် မပြုဘဲ နေခြင်းပင် ဖြစ်သည်။

ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲ နေသောသူသည် အပြစ်ရှိ၏ (ယာ၊ ၄း၁၇)။

တစ်ခုခုမေးပါရစေ။ မိမိအသက်တာမှာ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲ နေနေပါသလား။ ဘုရားသခင်သည် မိတ်ဆွေကို တစ်ခုခုလုပ်စေဖို့ အမိန့်တော်ပေးခဲ့သော်လည်း ယခုထိ မလုပ်ဆောင်သေးနေပါသလား။

အစဉ်မပြတ် လျှံလျက်ရှိသော ဝမ်းမြောက်ခြင်း၏ လျှို့ဝှက်ချက်မှာ နာခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ပညတ်တို့ကို စောင့်ရှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်များကို နားခံသောအခါ မိမိဝမ်းမြောက်ခြင်းကို သေချာစွာ တိုးပွားစေလိမ့်မည်။

မိမိအသက်တာရှိ ကောင်းကြီးမင်္ဂလာများအကြောင့်ကို ဆင်ခြင်စဉ်းစားလျှင် မိမိဝမ်းမြောက်ခြင်းလည်း တိုးပွားစေလိမ့်မည်။ (ဆာ၊ ၁၂၆း၃) တွင်၊ ထာဝရဘုရားသည် ငါတို့အဖို့ ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက် နေကြ၏ဟု ဒါဝ်ဒ်သည် ဖော်ပြထားသည်။ မိတ်ဆွေအဖို့ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်အကြောင်း ပိုမိုအာရုံစိုက်လျှင် မိမိဝမ်းမြောက်ခြင်းကိုလည်း ပိုမိုတိုးပွားစေလိမ့်မည်။ ဘာကြောင့်လဲဆိုသော်၊ ၎င်းအမှုသည် ကျေးဇူးတင်သောစိတ်ကို ပြုစုစေတတ်သည်။ ကျေးဇူးတင်သောစိတ်သည် အကျန်းမာဆုံးသော စိတ်သဘောထားခြင်း ဖြစ်သည်။

မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူနေပါလျှင်၊ မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးပြီးဟု ဝန်ခံခဲ့လျှင် ၎င်းဆုံးရှုံးမှု၏ အကြောင်းအရာကိုလည်း ဆေးစစ်ရမည်။ ထို့နောက်၊ ၎င်းအမှားကို ပြန်လည်ပြုပြင်စေလျက် ကျေးဇူးတင်သော စိတ်သဘောကို လိုသည်။ မနက်ဖြန်တွင် မိမိ၏ ဝမ်းမြောက်မှုကို ပြန်လည်ရယူခြင်း နောက်ဆုံးအဆင့် (၃) ဆင့်အကြောင်း မျှဝေပါလိမ့်မည်။

ဤအစီအစဉ်အကြောင်း

Recovering Your Joy

မိမိအသက်တာတွင် ပျော်ရွှင်ခြင်းကို လိုနေပါလျှင် မိမိ၏ အချိန်ဇယားထဲရှိ ဟန်ချက်ညီမှုကို ရှာဖွေရမည် ဖြစ်ပါသည်။ သင်းအုပ်ဆရာကြီး ရစ်(ခ်)ဝါရန် (Rick Warren) သည် မိမိပျော်ရွှင်ခြင်းကို မဆုံးရှုံးရုံသာမက ပြန်လည်ရရှိရန် မိမိခံယူမှုနှင့် မျှဝေမှုတို့ကို ဟန်ချက်ညီအောင် မည်သို့လုပ်ဆောင်ရမည်အကြောင်း မျှဝေထားပါသည်။

More

ဤအစီစဉ်သည် © (၂၀၁၄) ဆရာရစ်(ခ်ျ)ဝါရန် (Rick Warren)။ မူပိုင်ခွင့်ကို လက်ဝယ်ထားသည်။ ခွင့်ပြုချက်ဖြင့် သုံးသည်။