YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ

Every Step An Arrival

5 ၏ နေ့ 1

ဘုရားလုပ်ဆောင်နေတယ့်အရာကို လုပ်ဆောင်ခြင်း



ကျမ်းစာဇာတ်ကြောင်းများတွင် အကြိမ်များစွာ ဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့သည် ရှေးသမိုင်းကြောင်းထက် မိမိကိုယ်ကို ပိုမိုသိရှိလာကြသည်။ ဤကျမ်းပိုဒ်ရှိ ဂိဒေါင်မေးခွန်ရဲ့ စကားလုံးများက ကျွန်တော်တို့၏နှုတ်ခမ်းဆီသို့ လျင်မြန်စွာ ခုန်တက်သွားသည်– “သခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူလျှင် ဤအရာအားလုံးသည် ကျွန်ုပ်တို့ထံ အဘယ်ကြောင့် ကျရောက်ခဲ့ရသနည်း။



သေခြင်းတရား၊ ဝေဒနာ၊ ပျင်းရိခြင်း၊ ကျွန်တော်တို့ မနှစ်သက်သော အလုပ်အကိုင်များ၊ နားမလည်နိုင်သော လူများ၊ ပြောင်းလဲလို့မရနိုင်သော အခြေအနေများနှင့် ကျွန်တော်တို့ ဘဝမှာ ပြည့်နှက်နေသောအခါ ဘုရားက အဝေးရောက်နေသလိုခံစားရပါတယ်။ ကျွန်တော်တို့ လိုချင်သောအဖြေကို ဂိဒေါင်ရဲ့ မေးခွန်းတွေထဲမှာ အဖြေကို ရှာတွေ့ဖို့ မျှော်လင့်ရင်း ‌ကျွန်တော်တို့နား‌စွင့်ထားကြပါတယ်။ ဒါ‌ပေမယ့် ကျမ်းစာထဲမှာ ဘုရားနဲ့လူတွေကြား မကြာခဏ ‌‌တွေ့ဆုံပြောကြားမှုရှိသော်လည်း ကျွန်တော်တို့ သာမန် သတ်မှတ်ထားသည့် အဖြေမရှိကြောင်း တွေ့ရပါလိမ့်မယ်။ အဲ့အစား" ဣသရေလအမျိုးကို မိဒျန်လက်မှ ကယ်တင်လော့"ဆိုသည့် မိန့်ကြားချက်ရှိတယ်။



ဂိဒေါင်ရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့တွေနဲ့ ဆင်တူနိုင်တယ်"ကိုယ့်ကိုကြည့်ပါ။ ငါ့အဆွေအမျိုးသည် မနာရှေ၌ အအားနည်းဆုံးဖြစ်၍ ငါသည် အမှိုက်သရိုက်ဖြစ်၏”။ သို့သော် အတိတ်က ကျရှုံးမှုများအပေါ် စူးစမ်းလေ့လာခြင်း မရှိစေရ၊ ကံကြမ္မာလမ်းစဉ်အပေါ် ထင်မြင်ချက်မရှိ၊ မိမိကိုယ်ကို အကဲဖြတ်ခြင်း မရှိကြောင်း ဘုရားသခင်က ဂိဒေါင်ကို ပြသခဲ့သည်။ အဲဂုဒုတ်ပြည်မှာရှိခဲ့သလို အစပျိုးခြင်းဟာ ဘုရား လက်တော်ထဲမှာသာ ရှိတယ်။ ဂိဒေါင်က ကတိတော်ကို ဆုပ်ကိုင်ထားရန်နှင့် နာခံခြင်းသာ လုပ်ဖို့လိုအပ်ပါတယ်။ သူက အစေခံဖို့သာ လိုအပ်ပြီး ဘုရားသခင်က အောင်မြင်ခြင်းအခွင့်ကို ပေးလိမ့်မယ်။



ယခုမှာ သင်ရဲ့ အသက်တာကို ပြန်ကြည့်ကြည့်ပါ၊ သင့် မိသားစုတွေရဲ့ ရာဇဝင်တွေကို ရှာဖွေကြည့်ပါ၊ တိုင်းပြည်တစ်ပြည်ရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်ပြီး ဘုရားရဲ့ ‌မေတ္တာကို ငြင်းပယ်၍ ဘုရားဆီသို့ တုံ့ပြန်ရန် ငြင်းဆန်ခဲ့သည့် ပုဂ္ဂိုလ် မည်သို့ဖြစ်သွားသနည်းကို ကြည့်ပါ။ မနာခံခြင်းကို အလွယ်တကူ ရှာ‌တွေ့နိုင်ပါတယ်။ ဖြစ်နေကြ ရောဂါလက္ခဏာများမှာ နှေးကွေးသော ကိုယ်ကျင့်တရားဆိုင်ရာ တုံ့ပြန်မှုများ၊ သင့်အစာခြေခြင်းကို အနှောင့်အယှက်ပေးသည့် မယုံကြည်နိုင်မှုတစ်ခု၊ သင့်အား မောပန်းလွယ်စေသည့် အပြစ်ဝန်ထုပ်ဝန်ပိုးနှင့် သင့်အား ဖန်တီးနိုင်စွမ်းကို သက်သာစေသည့် အဆင့်နိမ့်စိတ်ဓာတ်ကျမှု တို့ဖြစ်ပါတယ်။



ထိုကဲ့သို့သော ရောဂါလက္ခဏာများ သင့်အထဲတွင်ရှိနေပါက သင့်အတွက် ကျွန်တော့်မှာ သတင်းကောင်းတခုရှိတယ်: ဘုရားက သင့်ကို ချစ်ပြီး သင့် အပြစ်ကို ခွင့်လွှတ်ပြီး သင့်ထဲတွင် အသစ်သော ထာဝရ အသက်တာကို ဖန်ဆင်းပေးမှာဖြစ်တယ်။ အတိတ်ကို ဖြေရှင်းပေးဖို့၊ မှတ်တမ်း‌တွေဖယ်ရှားဖို့၊ မှတ်စုများကို မီးရှို့ဖို့ ယခုအချိန်မှာ ဘုရားက အဆင်သင့်ဖြစ်နေပါတယ်။ သင်လုပ်ဆောင်ခဲ့သည့် သို့မဟုတ် စိတ်ကူးကြည့်နိုင်သည့်အရာသည် သင့်အတွက် ယခုပင် ဘုရားလုပ်ဆောင်နေသည့်အရာကို လက်ခံခြင်းမှ သင့်အား အရည်အချင်းမရှိစေပါ။



သင့်အတိတ်က ကျရှုံးမှုတွေနဲ့ သင့်အားနည်းခြင်းကို အသိတရားရခြင်းတို့က သင် ဘုရားလမ်းပြမှုနောက်လိုက်ဖို့ ဘယ်အချိန်မှာ သင့်ကို တားဆီးနေပါသလဲ



ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Every Step An Arrival

ဝိညာဥ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး သို့မဟုတ် စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ သင် ဘယ်တော့မှမသိနိုင်တယ့်အတွက်ကြောင့် ယူဂျင်းပီတာဆန်ရဲ့ ဆုတောင်းခြင်းအစီအစဥ်၅က သင့်ရဲ့ စိတ်နှင့် နှလုံးသားကို ဦးဆောင်သွားဖို့ ကျွန်တော်တ...

More

ဒီအစီအစဥ်ကို ထောက်ပံ့ပေးသော WaterBrook Multnomahကို ‌ကျေးဇူးတင်ပါတယ်။ ပိုမိုသိရှိလိုပါက https://waterbrookmultnomah.com/books/540871/every-step-an-arrival-by-eugene-h-peterson/ သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။