အစ္စရေးအတွက် ဆုတောင်းခြင်းနမူနာ

အစ္စရေးအတွက် ဆုတောင်းခြင်း - ငြိမ်သက်ခြင်းနှင့် ကာကွယ်ခြင်း
လူမျိုးတို့၌သော်လည်းကောင်း၊ သူတစ်ပါး၌သော်လည်းကောင်း၊ ကျွန်ုပ်တို့အထဲ၌သော်လည်းကောင်း၊ ငြိမ်သက်ခြင်းရရှိစေဖို့ ကျွန်ုပ်တို့အားလုံ လိုလားကြပါသည်။ အစ္စရေး၏နှလုံးသားတည်းဟူသော ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း အထူးဆုတောင်းရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့ပါသည်။ ယနေ့၊ အစ္စရေးလူမျိုးကို အန္တရာယ်ပြုစေရန် ကြိုးပမ်းသောသူ အလွန်များလှနေပါသည်။ ထို့ကြောင့်၊ အစ္စရေးနိုင်ငံ၏ အကာအကွယ်ရှိစေဖို့ ဆုတောင်းပတ္ထနာပြုကြပါစို့။ ဆုတောင်းခံချက်များ -
-
li>ပြည်တွင်း ငြိမ်သက်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်သက်ခြင်းရှိဖို့ဖြစ်သော်လည်းကောင်း၊
- ပြည်သူများ၏လုံခြုံရေးကို တာဝန်ခံသူအားလုံးအတွက် အကာအကွယ်နှင့် ဉာဏ်ပညာ ရရှိခံစားနိုင်မည့်အကြောင်း ဖြစ်သော်လည်းကောင်း၊
- ငြိမ်သက်ခြင်း၏အရှင် မေရှိယယေရှုအားဖြင့်သာ စစ်မှန်သော ငြိမ်သက်ခြင်းကို သူများ၏စိတ်နှလုံး၌ သက်ရောက်နိုင်မည့်အကြောင်း ဖြစ်သော်လည်းကောင်း၊ ဆုတောင်းပေးပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကျော်ခန့်က၊ အစ္စရေး (ဣသရေလ) နိုင်ငံသည် လွတ်လပ်ရေးရရှိကြောင်း ကြေငြာခဲ့သည်။ ဤမဆိုဆဖွယ်၊ ဒီမိုကရေစီအသစ်နှင့် စတင်ပေါက်ဖွားလာသည့် သေးငယ်သည့် နိုင်ငံလေးသည် ကြီးမားလှသော ကောင်းကြီးမင်္ဂလာများနှင့် အံ့သြဖွယ်ရာ သမ္မာကျမ်းစာပရောဖက်ပြုချက်များ၏ ထူးခြားသောပြည့်စုံမှုကို ပုံဖော်ပြသနေခဲ့သည်။ ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့ဟု သမ္မာကျမ်းစာသည် ထိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ မိတ်ဆွေ၊ ဆုတောင်းနိုင်သော နည်းလမ်းများကို ဖော်ပြပါရစေ...
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဖတ်သောအရာကို နားလည်ပါသလား
