ဆာလံ 71:15-18
ဆာလံ 71:15-18 Judson Bible (JBMLE)
ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။ အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကိုအမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ တစ်ဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း၊ အကျွန်ုပ်မပြမီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
ဆာလံ 71:15-18 Common Language Bible (BCL)
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည် ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။ သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။ အရှင်ထာဝရဘုရား၏တန်ခိုးတော်ကို အမှီပြု၍ ကျွန်တော်မျိုးသွားလာပါမည်။ ကိုယ်တော်ရှင်၊ကိုယ်တော်ရှင်သာလျှင် ကောင်းမြတ်တော်မူကြောင်းကို ကျွန်တော်မျိုးထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။ ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။ အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အား ကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ် ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။
ဆာလံ 71:15-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကို အကျွန်ုပ် အကုန်အစင်မသိနိုင်သော်လည်း အကျွန်ုပ်၏နှုတ်သည် ထိုအကြောင်းတို့ကို တစ်နေ့လုံးပြောကြားပါမည်။ အကျွန်ုပ်သည် ဘုရားရှင်ထာဝရဘုရား၏ အစွမ်းတန်ခိုးတော်များဖြင့် သွား၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုသာ ထုတ်ဖော်ပြောဆိုပါမည်။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ယခုတိုင်အောင် ပြောကြားပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းလက်ရုံးတော်အကြောင်းကို ဤမျိုးဆက်အားလည်းကောင်း၊ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကို နောင်လာနောက်သားအပေါင်းတို့အားလည်းကောင်း မပြောကြားမီတိုင်အောင် အကျွန်ုပ်သည် အိုမင်း၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။