YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 71

71
အ​သက်​ကြီး​သူ​၏​ဆု​တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ အ​ရှက်​ကွဲ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။ 2တ​ရား​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို​နုတ်​ယူ၍ လွှတ်​တော်​မူ​ပါ။ နား​တော်​ကို အ​ကျွန်ုပ်​ဘက်​သို့​လှည့်၍ ကယ်​တင်​တော်​မူ​ပါ။ 3အ​ကျွန်ုပ်​အ​စဉ်​ရောက်၍ နေ​ရာ​ကျ​သော ကျောက်​ဖြစ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ကယ်​တင်​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ၍၊ အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်၏​ရဲ​တိုက် ဖြစ်​တော်​မူ၏။ 4အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုး​သော​သူ၏​လက်​မှ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​နှင့် ကြမ်း​တမ်း​သော​သူ၏ လက်​မှ​လည်း​ကောင်း အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ 5အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​မျှော်​လင့်​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​ကိုး​စား​ရာ ဖြစ်​တော်​မူ၏။ 6အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် ကိုယ်​တော်​ကို​မှီ​ဝဲ​ပါ​ပြီ။ အ​မိ​ဝမ်း​တွင်း​မှ​စ၍ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​ပြီ။ ကိုယ်​တော်​ကို အ​စဉ်​ချီး​မွမ်း​ပါ​မည်။ 7အ​ကျွန်ုပ်​သည် များ​စွာ​သော​သူ​တို့၌ အံ့​ဖွယ်​သော​အ​ရာ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ 8ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။ 9အ​ကျွန်ုပ်​ကို အို​သော​အ​ခါ ပယ်​တော်​မ​မူ​ပါ​နှင့်။ အား​လျော့​သော​အ​ခါ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ 10ရန်​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ပြော​ဆို​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို ချောင်း​ကြည့်​သော​သူ​တို့​က၊ 11ဘု​ရား​သ​ခင်​သည် သူ့​ကို စွန့်​ပစ်​တော်​မူ၏။ လိုက်၍ ဖမ်း​ကြ​ကုန်​အံ့။ ကယ်​လွှတ်​သော​သူ​မ​ရှိ​ဟု တိုင်​ပင်​ပြော​ဆို​ကြ​ပါ၏။ 12အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။ 13အ​ကျွန်ုပ်​အ​သက်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် အ​ရှက်​ကွဲ၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို ရှာ​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း​နှင့် မွန်း​ကြ​ပါ​စေ​သော။
14အ​ကျွန်ုပ်​မူ​ကား၊ အ​စဉ်​မျှော်​လင့်၍ ကိုယ်​တော်​ကို ချီး​မွမ်း​သ​မျှ​ထက် သာ၍ ချီး​မွမ်း​ပါ​မည်။ 15ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် ညွှန်​ကြား​ပါ​မည်။ ကျေး​ဇူး​တော်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်​ပါ။ 16အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တန်​ခိုး​တော်​များ​ကို​အ​မှီ​ပြု၍ ကိုယ်​တော်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​သာ ပြ​သ​ပါ​မည်။ 17အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ငယ်​သော​အ​ရွယ်​မှ​စ၍ သွန်​သင်​တော်​မူ​ပါ​ပြီ။ ယ​ခု​တိုင်​အောင် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အ​ကျွန်ုပ်​ပြ​ပါ​ပြီ။ 18တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ 19အို​ဘု​ရား​သ​ခင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် အ​လွန်​မြင့်​ရာ​သို့ မီ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် ကြီး​စွာ​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ 20ကြီး​မား​ကြမ်း​တမ်း​သော​ဘေး​များ​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပြီ။ တစ်​ဖန် အ​သက်​ကို​ချမ်း​သာ​ပေး၍၊ မြေ​ကြီး​နက်​နဲ​ရာ​ထဲ​က တစ်​ဖန်​ထ​မြောက်​စေ​တော်​မူ​မည်။ 21အ​ကျွန်ုပ်​ကို စည်း​စိမ်​တိုး​ပွား​စေ၍၊ တစ်​ဖန် သက်​သာ​စေ​တော်​မူ​မည်။ 22သို့​ဖြစ်၍၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​နှင့် သ​စ္စာ​တော်​ကို တ​ယော​ထိုး၍ ချီး​မွမ်း​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ရှေ့​တော်၌ စောင်း​တီး၍ သီ​ချင်း​ဆို​ပါ​မည်။ 23ရှေ့​တော်၌ သီ​ချင်း​ဆို​သော​အ​ခါ၊ ရွှင်​လန်း​သော​နှုတ်​ရှိ​ပါ​လိမ့်​မည်။ ရွေး​တော်​မူ​သော အ​ကျွန်ုပ်၏ ဝိ​ညာဉ်​လည်း ရွှင်​လန်း​ပါ​လိမ့်​မည်။ 24အ​ကျွန်ုပ်၏​လျှာ​သည်​လည်း ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို အ​စဉ်​မြွက်​ဆို​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို​ရှာ​သော​သူ​တို့​သည် မျက်​နှာ​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 71: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။