YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 2:1-12

ဆာလံ 2:1-12 Judson Bible (JBMLE)

လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ် ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို​ရန်​ဘက်​ပြု​လျက်၊ သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​ကြ​ကုန်​အံ့။ ချည်​နှောင်​သော​ကြိုး​တို့​ကို ဖယ်​ကြ​ကုန်​အံ့​ဟု သင်း​ဖွဲ့​ကြ၏။ ကောင်း​ကင်​ဘုံ၌ ထိုင်​တော်​မူ​သော​သူ​သည် ပြုံး​ရယ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ကဲ့​ရဲ့​တော်​မူ၏။ ထို​အ​ခါ အ​မျက်​တော်​ထွက်၍၊ သူ​တို့​ကို​မိန့်​တော်​မူ​မည်။ ပြင်း​စွာ​သော အ​မျက်​တော်​နှင့် သူ​တို့​ကို ပူ​ပန်​စေ​တော်​မူ​မည်။ ငါ၏​ရှင်​ဘု​ရင်​ကို သန့်​ရှင်း​သော ဇိ​အုန်​တောင်​တော်​ပေါ်​မှာ၊ ငါ့​ကိုယ်​တိုင် ဘိ​သိက်​ပေး​ပြီ​ဟု မိန့်​တော်​မူ​မည်။ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ငါ​ပြန်​ကြား​ပေ​အံ့။ ထာ​ဝ​ရ​ဘု​ရား​က သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ။ ငါ့​ကို​တောင်း​လော့။ လူ​အ​မျိုး​မျိုး​တို့​ကို သင်၏​အ​မွေ​ဥ​စ္စာ​ဖို့ ငါ​ပေး​မည်။ မြေ​ကြီး​စွန်း​တိုင်​အောင် ပိုင်​ထိုက်​သော အ​ခွင့်​ကို​လည်း ငါ​ပေး​မည်။ သင်​သည်​သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။ သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ဆာလံ 2:1-12 Common Language Bible (BCL)

တိုင်း​နိုင်​ငံ​တို့​သည်​အ​ဘယ်​ကြောင့်​ဆူ​ပူ​ပုန်​ကန်​ရန် ကြံ​စည်​ကြ​သ​နည်း။ လူ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ချည်း​နှီး လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။ ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။ သူ​တို့​က``ငါ​တို့​သည်​သူ​တို့​စိုး​မိုး​မှု​မှ လွတ်​မြောက်​အောင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။ သူ​တို့​၏​အ​ချုပ်​အ​နှောင်​ကို​ပယ်​ရှား​ကြ ကုန်​အံ့'' ဟု​ဆို​ကြ​၏။ ကောင်း​ကင်​ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​မှာ​ထာ​ဝ​ရ ဘု​ရား​သည် ပြုံး​ရယ်​တော်​မူ​လျက် ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ပြက်​ရယ်​ပြု တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​အ​မျက်​တော်​ထွက် လျက် သူ​တို့​အား​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​မျက်​တော်​အ​ရှိန်​ကြောင့် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။ ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။ ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။ တောင်း​လော့။ လူ​မျိုး​တ​ကာ​တို့​ကို​သင့်​အား ငါ​ပေး​မည်။ ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​သင်​ပိုင်​ဆိုင်​ရ လိမ့်​မည်။ သင်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​လိမ့်​မည်။ သူ​တို့​အား​မြေ​အိုး​ကို​ခွဲ​သ​ကဲ့​သို့ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ဖြစ်​စေ​လိမ့်​မည်' ဟု မိန့်​တော်​မူ​ပါ​၏'' ဟူ​၍​ဆို​၏။ အ​ချင်း​ဘု​ရင်​တို့၊ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ အ​ချင်း​မင်း​အ​ပေါင်း​တို့၊သ​တိ​မူ​ကြ​လော့။ သင်​တို့​သည်​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ကြ​လော့။ တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

ဆာလံ 2:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း​။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​ကို ကြံစည်​ကြ​သနည်း​။ ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက် “​သူ​တို့​၏​အချည်အနှောင်​များ​ကို ငါ​တို့​ဖြတ်​ကြ​စို့​။ သူ​တို့​ချည်​သော​ကြိုး​များ​ကို ငါ​တို့​ထံမှ​ပယ်ရှား​ကြ​စို့​”​ဟု ဆို​ကြ​၏​။ ကောင်းကင်ဘုံ​၌ ထိုင်​တော်မူ​သော​အရှင်​သည် ရယ်မော​တော်မူ​၏​။ ဘုရားရှင်​သည် သူ​တို့​ကို​ပြက်ရယ်ပြု​တော်မူ​၏​။ ထို့နောက် ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​ဖြင့် သူ​တို့​ကို​မိန့်​တော်မူ​၍ မိမိ​၏​ပြင်းထန်​သော​အမျက်​တော်​ဖြင့် သူ​တို့​ကို​ထိတ်လန့်​စေ​တော်မူ​ကာ “​ငါ​၏​သန့်ရှင်း​သော​ဇိအုန်​တောင်​ပေါ်တွင် ငါ​၏​ရှင်ဘုရင်​ကို ငါ​ခန့်အပ်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​၏​ပြဋ္ဌာန်းချက်​ကို ငါ​ပြောကြား​မည်​။ ကိုယ်တော်​က “​သင်​သည် ငါ​၏​သား​ဖြစ်​၏​။ ယနေ့​ပင် သင့်​ကို​ငါ​ဖွားမြင်​စေ​ပြီ​။ ငါ့​ထံမှ​တောင်း​လော့​။ တောင်း​လျှင် တိုင်းနိုင်ငံ​တို့​ကို သင်​၏​အမွေ​အဖြစ် ငါ​ပေး​၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် သင်​၏​ပိုင်ဆိုင်​ရာ​ဖြစ်စေ​မည်​။ သင်​သည် သံ​လှံတံ​ဖြင့် သူ​တို့​ကို​ကျိုးပဲ့​စေ​၍ သူ​တို့​ကို မြေအိုး​ကဲ့သို့ ရိုက်ခွဲ​လိမ့်မည်​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။ ထို့ကြောင့် ရှင်ဘုရင်​တို့​၊ ပညာသတိ​ရှိ​ကြ​လော့​။ ကမ္ဘာမြေကြီး​ပေါ်ရှိ​တရားစီရင်​သူ​တို့​၊ ပဲ့ပြင်​ခြင်း​ကို​ခံယူ​ကြ​လော့​။ ကြောက်ရွံ့​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို ဆောင်ရွက်​ကြ​လော့​။ ထိတ်လန့်တုန်လှုပ်​လျက် ရွှင်လန်း​ကြ​လော့​။ သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။