YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 2

2
သားတော်ကို ရှင်ဘုရင်အဖြစ်ခန့်အပ်ထားခြင်း
1တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း​။
လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​ကို ကြံစည်​ကြ​သနည်း​။
2ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ
ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်#တ 4:26။
3“​သူ​တို့​၏​အချည်အနှောင်​များ​ကို ငါ​တို့​ဖြတ်​ကြ​စို့​။
သူ​တို့​ချည်​သော​ကြိုး​များ​ကို ငါ​တို့​ထံမှ​ပယ်ရှား​ကြ​စို့​”​ဟု ဆို​ကြ​၏​။
4ကောင်းကင်ဘုံ​၌ ထိုင်​တော်မူ​သော​အရှင်​သည် ရယ်မော​တော်မူ​၏​။
ဘုရားရှင်​သည် သူ​တို့​ကို​ပြက်ရယ်ပြု​တော်မူ​၏​။
5ထို့နောက် ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​ဖြင့် သူ​တို့​ကို​မိန့်​တော်မူ​၍
မိမိ​၏​ပြင်းထန်​သော​အမျက်​တော်​ဖြင့် သူ​တို့​ကို​ထိတ်လန့်​စေ​တော်မူ​ကာ
6“​ငါ​၏​သန့်ရှင်း​သော​ဇိအုန်​တောင်​ပေါ်တွင်
ငါ​၏​ရှင်ဘုရင်​ကို ငါ​ခန့်အပ်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။
7ထာဝရဘုရား​၏​ပြဋ္ဌာန်းချက်​ကို ငါ​ပြောကြား​မည်​။
ကိုယ်တော်​က “​သင်​သည် ငါ​၏​သား​ဖြစ်​၏​။ ယနေ့​ပင် သင့်​ကို​ငါ​ဖွားမြင်​စေ​ပြီ​။#တ 13:33၊ ဟေဗြဲ 1:5၊ 5:5။
8ငါ့​ထံမှ​တောင်း​လော့​။ တောင်း​လျှင် တိုင်းနိုင်ငံ​တို့​ကို သင်​၏​အမွေ​အဖြစ် ငါ​ပေး​၍
ကမ္ဘာမြေ​အစွန်း​တိုင်အောင် သင်​၏​ပိုင်ဆိုင်​ရာ​ဖြစ်စေ​မည်​။#ဟေဗြဲ 1:2။
9သင်​သည် သံ​လှံတံ​ဖြင့် သူ​တို့​ကို​ကျိုးပဲ့​စေ​၍
သူ​တို့​ကို မြေအိုး​ကဲ့သို့ ရိုက်ခွဲ​လိမ့်မည်​”#ဗျာ 2:27၊ 19:15။​ဟု ငါ့​အား မိန့်​တော်မူ​၏​။
10ထို့ကြောင့် ရှင်ဘုရင်​တို့​၊ ပညာသတိ​ရှိ​ကြ​လော့​။
ကမ္ဘာမြေကြီး​ပေါ်ရှိ​တရားစီရင်​သူ​တို့​၊ ပဲ့ပြင်​ခြင်း​ကို​ခံယူ​ကြ​လော့​။
11ကြောက်ရွံ့​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို ဆောင်ရွက်​ကြ​လော့​။
ထိတ်လန့်တုန်လှုပ်​လျက် ရွှင်လန်း​ကြ​လော့​။
12သား​တော်​ကို​နမ်း​ကြ​လော့​။
သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။
အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။
ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။