YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလေမုန် 1:8-14

ဖိလေမုန် 1:8-14 Judson Bible (JBMLE)

ထို​ကြောင့်၊ သင်​သည် ပြု​သင့်​သော​အ​မှု​အ​ရာ​ကို ပ​ညတ်​ထား​ခြင်း​ငှာ၊ ငါ​သည် ခ​ရစ်​တော်​အား​ဖြင့် အ​လွန်​ရဲ​ရင့်​စ​ရာ အ​ခွင့်​ရှိ​သော်​လည်း၊- အ​သက်​ကြီး​သော ပေါ​လု​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ ဖြစ်​လျက်​ပင်၊ မေ​တ္တာ​အား​ဖြင့်​သာ သင့်​ကို တောင်း​ပန်​ပါ၏။- ချည်​နှောင်​ခြင်း​ကို​ခံ​စဉ်​တွင် ငါ​ဖြစ်​ဖွား​စေ​သော သား​တည်း​ဟူ​သော၊- သင်​သည် အ​ထက်​က​အ​သုံး​မ​ရ​သော​သူ၊ ယ​ခု​တွင် ငါ​နှင့်​သင်​သည် အ​သုံး​ရ​သော​သူ ဩ​နေ​သိမ်​အ​ဖို့ ငါ​တောင်း​ပန်​ပါ၏။- ထို​သူ​ကို သင့်​ထံ​သို့ ငါ​ပြန်​စေ​သည်​ဖြစ်၍၊ သူ့​ကို ငါ့​ရင်​သွေး​ကဲ့​သို့​မှတ်​လျက် လက်​ခံ​လော့။- ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊- သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။

ဖိလေမုန် 1:8-14 Common Language Bible (BCL)

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​၌​ညီ အစ်​ကို​ချင်း​အ​နေ​ဖြင့် သင်​ပြု​သင့်​သည့်​အ​မှု အ​ရာ​ကို​ပြု​ရန်​အ​မိန့်​ပေး​နိုင်​ခွင့်​ရှိ​သည်​ဟု ယုံ​ကြည်​သော်​လည်း ငါ​သည်​သင့်​ကို​ချစ်​သော ကြောင့်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။ ခ​ရစ်​တော် ယေ​ရှု​၏​သံ​တ​မန်​ဖြစ်​သူ၊ ယ​ခု​အ​ခါ​ခ​ရစ် တော်​ယေ​ရှု​အ​တွက်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​သည်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။- ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​၌​ခ​ရစ် တော်​၌ ငါ​၏​သား​ဖြစ်​လာ​သူ​သြ​နေ​သိမ်​အ​တွက် မေတ္တာ​ရပ်​ခံ​ပါ​၏။- သူ​သည်​ယ​ခင်​က​သင့်​အ​တွက်​အ​သုံး​မ​ဝင်​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သင်​၏​အ​တွက်​နှင့်​ငါ​၏ အ​တွက်​ပါ​အ​သုံး​ဝင်​လာ​လေ​ပြီ။- ငါ​သည်​ငါ​၏​ရင်​သွေး​ကို​သင်​၏​ထံ​သို့​ပြန်​၍ စေ​လွှတ်​လိုက်​ပါ​၏။- ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။- သို့​ရာ​တွင်​သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ရ​ရှိ ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​ငါ​မ​ပြု​လို​ပါ။ ငါ့​ကို ကူ​ညီ​မ​စ​စေ​ရန်​သင့်​အား​အ​နိုင်​အ​ထက် မ​ပြု​လို​ပါ။ သင်​၏​စေ​တ​နာ​အ​လျောက်​သာ လျှင်​မ​စ​စေ​လို​ပါ​၏။

ဖိလေမုန် 1:8-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ငါ​သည် သင်​ပြုသင့်​သည့်​အရာ​ကို​ပြု​ရန် အမိန့်​ပေး​နိုင်​သည်​ဟု ခရစ်တော်​အားဖြင့် ယုံကြည်​စိတ်ချ​မှု​အပြည့်အဝ​ရှိ​သော်လည်း ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင့်​အား တောင်းပန်​ခြင်း​အမှု​ကို​သာ​ပြု​ပါ​၏။ ဤသို့ အိုမင်း​သူ​ဖြစ်​ပြီး ယခု​မူကား ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​လည်း​ဖြစ်​သည့် ငါ​ပေါလု​သည် အချုပ်အနှောင်​ခံရ​စဉ် ငါ့​သား​ဖြစ်လာ​သော​ဩနေသိမ်​အတွက် သင့်​ကို​တောင်းပန်​ပါ​၏။ သူ​သည် ယခင်​က သင့်​အတွက် အသုံး​မ​ဝင်​သူ​ဖြစ်​ခဲ့​သော်လည်း ယခု​မူကား သင့်​အတွက်​ရော ငါ့​အတွက်​ပါ အသုံးဝင်​သူ​ဖြစ်​လာ​၏။ သူ့​ကို သင့်​ထံသို့ ငါ​ပြန်​ပို့​လိုက်​၏။ သူ​သည် ငါ​၏​အသည်းနှလုံး​ဖြစ်​၏။ ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် အချုပ်အနှောင်​ခံရ​စဉ် သင့်​ကိုယ်စား ငါ့​ကို​ကူညီ​ဆောင်ရွက်​ပေး​နိုင်​ရန် သူ့​ကို ငါ့​ထံ၌ ခေါ်​ထား​လို​ပါ​၏။ သို့သော် သင်​ပြု​သော​ကောင်းမှု​သည် မလွှဲမရှောင်​သာ၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​ဆန္ဒ​အလျောက်​ဖြစ်​စေရန် သင်​၏​သဘော​တူညီ​ချက်​မ​ပါ​လျှင် မည်သည့်​အရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။