YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 13:14-19

ရှင်မာကု 13:14-19 Judson Bible (JBMLE)

ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။- အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် အိမ်​ထဲ​သို့ မ​ဆင်း​စေ​နှင့်။ အိမ်​ထဲ​က တစ်​စုံ​တစ်​ခု​ကို ယူ​ခြင်း​ငှာ မ​ဝင်​စေ​နှင့်။- လယ်၌​ရှိ​သော​သူ​လည်း မိ​မိ​အ​ဝတ်​ကို​ယူ​ခြင်း​ငှာ နောက်​သို့​မ​ပြန်​စေ​နှင့်။- ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။- သင်​တို့ ပြေး​ရ​သော​အ​ချိန်​သည် ဆောင်း​ကာ​လ၌ မ​ကျ​ရ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ဒု​က္ခ​သည် ထို​နေ့​ရက်​ကာ​လ၌ ဖြစ်​လိမ့်​မည်။

ရှင်မာကု 13:14-19 Common Language Bible (BCL)

``ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ​သည် မ​ရှိ​အပ်​သည့်​အ​ရပ်​တွင်​ရှိ​နေ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လိမ့်​မည်'' (စာ​ဖတ်​သူ​သည်​ဤ​အ​ချက် ကို​နား​လည်​ပါ​စေ) ``ထို​သို့​မြင်​ရ​ကြ​သော အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။- အိမ်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အောက်​သို့​ဆင်း​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ယူ​စေ​နှင့်။- လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ကို​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။- ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​မိန်း​မ​နှင့် သား​သည်​မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။- ထို​နေ့​ရက်​များ​သည်​ဆောင်း​ဥ​တု​၌​မ​ကျ ရောက်​ပါ​စေ​နှင့်​ဟု​ဆု​တောင်း​ကြ​လော့။- လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

ရှင်မာကု 13:14-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ​သည် မ​ရပ်​သင့်​သော​နေရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။ လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် အောက်သို့​မ​ဆင်း​စေ​နှင့်။ မိမိ​အိမ်​ထဲမှ တစ်စုံတစ်ခု​ကို​ယူ​ရန် အိမ်​ထဲသို့​လည်း​မ​ဝင်​စေ​နှင့်။ လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။ ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ ထို​နေ့ရက်​တို့​သည် ဆောင်း​ရာသီ​၌ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​ဖန်ဆင်း​တော်မူ​သည့် ဖန်ဆင်း​ခံ​လောက​၏​အစအဦး​မှစ၍ ယခု​တိုင်အောင်​မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌​ကျရောက်​လိမ့်မည်။