ရှင်မာကုခရစ်ဝင် 13:14-19
ရှင်မာကုခရစ်ဝင် 13:14-19 MSBU
ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာသည် မရပ်သင့်သောနေရာ၌ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။ လေသာဆောင်ပေါ်၌ရှိသောသူသည် အောက်သို့မဆင်းစေနှင့်။ မိမိအိမ်ထဲမှ တစ်စုံတစ်ခုကိုယူရန် အိမ်ထဲသို့လည်းမဝင်စေနှင့်။ လယ်၌ရှိသောသူသည်လည်း မိမိဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။ ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ ထိုနေ့ရက်တို့သည် ဆောင်းရာသီ၌ မကျရောက်စေရန် ဆုတောင်းကြလော့။ အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူသည့် ဖန်ဆင်းခံလောက၏အစအဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ကျရောက်လိမ့်မည်။

