YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 12:1-3

ရှင်လုကာ 12:1-3 Judson Bible (JBMLE)

ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။- ဖုံး​ထား​လျက်​ရှိ​သ​မျှ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။- မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။

ရှင်လုကာ 12:1-3 Common Language Bible (BCL)

ထို​အ​ခါ​၌​ထောင်​ပေါင်း​များ​စွာ​သော​လူ​တို့ သည်​စု​ဝေး​လာ​ကြ​သ​ဖြင့်​အ​ချင်း​ချင်း​ပင် နင်း​မိ​ကြ​၏။ ကိုယ်​တော်​သည်​ဦး​စွာ​တ​ပည့် တော်​တို့​အား ``ဖာ​ရိ​ရှဲ​တို့​၏​ဟန်​ဆောင်​မှု တည်း​ဟူ​သော​တ​ဆေး​ကို​သ​တိ​ပြု​ကြ​လော့။- ဖုံး​အုပ်​ထား​သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ပွင့် လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​ချက်​ဟူ​သ​မျှ​သည် လည်း​ပေါ်​လာ​ရ​လိမ့်​မည်။- သို့​ဖြစ်​၍​မှောင်​မိုက်​တွင်​သင်​တို့​ပြော​သော​စ​ကား များ​ကို​အ​လင်း​တွင်​လူ​တို့​ကြား​သိ​ကြ​လိမ့် မည်။ အိမ်​အ​တွင်း​ခန်း​တွင်​သင်​တို့​တီး​တိုး​ပြော ဆို​သော​စ​ကား​များ​ကို​အိမ်​ခေါင်​မိုး​ထက်​မှ ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 12:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ထောင်ပေါင်း​များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုဝေး​လာ​ကြ​၍ အချင်းချင်း​ပင်​နင်းမိမတတ်​ဖြစ်​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား ဦးစွာ​မြွက်ဆို​တော်မူ​သည်​မှာ“ဖာရိရှဲ​တို့​၏​တဆေး​ဖြစ်​သည့် သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သတိထား​ကြ​လော့။ ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ​လည်း တစ်စုံတစ်ခု​မျှ​မ​ရှိ။ သို့ဖြစ်၍ မှောင်မိုက်​၌ သင်​တို့​ပြောဆို​သော​အရာ​တို့​ကို အလင်း​၌​ကြား​ကြ​လိမ့်မည်။ အိမ်​အတွင်း​ခန်း​ထဲ၌ နား​အပါး​ကပ်​၍ သင်​တို့​ပြောဆို​သော​အရာ​များ​ကို လေသာဆောင်​ပေါ်မှ ကြေညာ​ကြ​လိမ့်မည်။