YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 10:19-25

ဟေဗြဲ 10:19-25 Judson Bible (JBMLE)

ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ယေ​ရှု၏ ကိုယ်​ခ​န္ဓာ​တော်​တည်း​ဟူ​သော ကု​လား​ကာ​အား​ဖြင့် ထို​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​သက်​လမ်း​သစ်​တွင်၊- ငါ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့၊ အ​သွေး​တော်​ကို အ​မှီ​ပြု၍ အ​ဆီး​အ​တား​မ​ရှိ၊ ဝင်​ရ​သော​အ​ခွင့် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို အုပ်​စိုး​သော ယဇ်​ပု​ရော​ဟိတ်​မင်း ရှိ​သ​ဖြင့်​လည်း​ကောင်း၊- ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။- မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ကို ဝန်​ခံ၍ မ​တိမ်း​ယိမ်း​မ​ရွေ့​လျော့​ဘဲ တည်​ကြည်​ကြ​ကုန်​အံ့။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။- ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။- လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။

ဟေဗြဲ 10:19-25 Common Language Bible (BCL)

သို့​ဖြစ်​၍​ငါ​၏​ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​သည် လွတ်​လပ်​စွာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ဝင်​ခွင့်​ရ​ကြ​၏။- ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း ဟူ​သော​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​ကို​ဖြတ်​၍ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရာ အ​သက်​လမ်း​သစ်​ကို​ဖွင့်​၍​ပေး​တော်​မူ​ပြီ။- ငါ​တို့​တွင်​ဘု​ရား​သ​ခင်​၏​အိမ်​ထောင်​ကို အုပ်​စိုး​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​ရှိ​၏။- သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။- ငါ​တို့​သည်​တစ်​ယောက်​ကို​တစ်​ယောက်​အ​လေး ဂ​ရု​ပြု​လျက် ကူ​ညီ​ယိုင်း​ပင်း​လျက်​မေတ္တာ​ထား လျက်​ကျေး​ဇူး​ပြု​လျက်​နေ​ကြ​ကုန်​အံ့။- အ​ချင်း​ချင်း​တွေ့​ဆုံ​ဝတ်​ပြု​သည့်​အ​လေ့​အ​ထ ကို လူ​အ​ချို့​တို့​စွန့်​လွှတ်​သ​ကဲ့​သို့​ငါ​တို့​သည် မ​ပြု​ဘဲ​နေ​ကြ​စို့။ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​နီး​ကပ်​လာ​သည်​ကို​ထောက်​သ​ဖြင့် ငါ​တို့​သည်​ပို​၍​တစ်​ယောက်​ကို​တစ်​ယောက် အား​ပေး​ကြ​ကုန်​အံ့။

ဟေဗြဲ 10:19-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ညီအစ်ကို​တို့၊ ငါ​တို့​သည် ယေရှု​၏​သွေး​တော်​အားဖြင့် အလွန်​သန့်ရှင်း​ရာ​ဌာန​ထဲသို့ ယုံကြည်​စိတ်ချ​စွာ​ဖြင့်​ဝင်ခွင့်​ရှိ​၏။ ထို​သွေး​တော်​အားဖြင့် ကိုယ်တော်​သည် မိမိ​ကိုယ်ကာယ​တည်းဟူသော ကန့်လန့်ကာ​မှတစ်ဆင့် ငါ​တို့​အတွက် အသက်ရှင်​သည့်​လမ်း​သစ်​ကို ပြင်ဆင်​ပေး​တော်မူ​၏။ ထိုမျှမက ငါ​တို့​၌ ဘုရားသခင်​၏​အိမ်​တော်​ကို​အုပ်စိုး​သည့် ကြီးမြတ်​သော​ယဇ်ပုရောဟိတ်​ရှိ​သည်​ဖြစ်၍ ငါ​တို့​၏​စိတ်နှလုံး​ကို ဆိုးညစ်​သော​အသိစိတ်​နှင့်​ကင်းစင်​စေရန် ပက်ဖျန်း​ခြင်း​ခံယူ​လျက် ကိုယ်ခန္ဓာ​ကို​လည်း စင်ကြယ်​သော​ရေ​ဖြင့်​ဆေးကြော​ကာ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​နှင့် ဖြောင့်မှန်​သော​စိတ်နှလုံး​တို့​ဖြင့် အထံ​တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်စို့။ ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ငါ​တို့​ဝန်ခံ​သော​မျှော်လင့်​ခြင်း​ကို စွဲကိုင်​ထား​ကြ​ကုန်စို့။ ထို့ပြင် မေတ္တာ​ထား​ရန်​နှင့် ကောင်း​သော​အမှု​ကို​ပြု​ရန် အချင်းချင်း​မည်ကဲ့သို့​တိုက်တွန်း​နှိုးဆော်​ရ​မည်​ကို ဆင်ခြင်​ကြ​ကုန်စို့။ အချို့​သော​သူ​တို့​ပြုလေ့​ရှိ​သကဲ့သို့ အတူတကွ​စည်းဝေး​ခြင်း​အမှု​ကို မ​ပစ်ပယ်​ဘဲ အချင်းချင်း​တိုက်တွန်း​နှိုးဆော်​၍ နေ့ရက်​တော်​နီးကပ်​လာ​သည်​ကို​တွေ့မြင်​ရ​သည်​နှင့်အမျှ ပို၍​ထိုသို့​ပြု​ကြ​ကုန်စို့။