YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 18:14-19

ထွက်မြောက်ရာ 18:14-19 Judson Bible (JBMLE)

မော​ရှေ​သည် လူ​များ​တို့​အား​ပြု​သ​မျှ​ကို ယော​က္ခ​မ​မြင်​လျှင်၊ ဤ​လူ​များ​တို့​အား ပြု​သော​အ​မှု​အ​ဘယ်​သို့​နည်း။ သင်​သည် တစ်​ယောက်​တည်း​ထိုင်​လျက်၊ လူ​အ​ပေါင်း​တို့​သည် နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​ကြောင့် နေ​ရ​ကြ​သ​နည်း​ဟု​ဆို​၏။ မော​ရှေ​က​လည်း၊ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ယူ​တော်​ကို​ခံ​လို၍ ကျွန်ုပ်​ထံ​သို့​လာ​သော​ကြောင့် ဤ​သို့​ဖြစ်​၏။ သူ​တို့​သည်​အ​မှု​ရှိ​လျှင် အ​ကျွန်ုပ်​ထံ​သို့​လာ၍ သူ​တို့၏​အ​မှု​ကို ကျွန်ုပ်​ဆုံး​ဖြတ်​ရ၏။ ဘု​ရား​သ​ခင်၏​ပ​ညတ်​တ​ရား​များ​ကို​သင်​ချ​ရ​၏​ဟု ယော​က္ခ​မ​အား ပြော​လျှင်၊ ယော​က္ခ​မ​က၊ သင်​ပြု​သော​အ​မှု​သည် မ​တော်​မ​သင့်​ဖြစ်​၏။ သင်​မှ​စ၍ သင်၌​ပါ​သော ဤ​လူ​များ​တို့​သည် အ​မှန်​အား​လျော့​ကြ​လိမ့်​မည်။ ဤ​အ​မှု​သည် သင်၌​အ​လွန်​လေး​၏။ တစ်​ယောက်​တည်း မ​တတ်​နိုင်​သော​အ​မှု​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။

ထွက်မြောက်ရာ 18:14-19 Common Language Bible (BCL)

လူ​တို့​အ​တွက်​မော​ရှေ​ဆောင်​ရွက်​ရ​သ​မျှ​ကို ယေ​သ​ရော​မြင်​ရ​သော​အ​ခါ​မော​ရှေ​အား``သင် သည်​ဤ​လူ​တို့​အ​တွက်​မည်​သည့်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ပေး​နေ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် တစ်​ယောက်​တည်း​ဆောင်​ရွက်​နေ​ပါ​သ​နည်း။ လူ အ​ပေါင်း​တို့​သည်​သင့်​ထံ​၌​တစ်​နေ​ကုန်​ရပ် လျက်​စောင့်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို လေ​၏။ မော​ရှေ​က``သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ကို​သိ​လို​၍ ကျွန်ုပ်​ထံ​သို့​လာ ကြ​ပါ​၏။- လူ​နှစ်​ဦး​၌​အ​ငြင်း​အ​ခုံ​ဖြစ်​ပွား​လျှင် ကျွန်ုပ် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ယူ​ရန်​ကျွန်ုပ်​ထံ​သို့ လာ​ကြ​ပါ​သည်။ ကျွန်ုပ်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့်​နှင့်​ပ​ညတ်​တော်​များ​ကို​လိုက် နာ​ရန် ပြော​ပြ​ရ​ပါ​သည်'' ဟု​ဖြေ​ကြား​လေ ၏။ ထို​အ​ခါ​ယေ​သ​ရော​က​မော​ရှေ​အား``သင် ပြု​လုပ်​နေ​ပုံ​မှာ​မ​တော်​မ​သင့်​ပါ။- သင်​နှင့်​တ​ကွ​ဤ​သူ​အား​လုံး​တို့​သည်​ပင် ပန်း​နွမ်း​ရိ​ကြ​လိမ့်​မည်။ ဤ​တာ​ဝန်​သည်​သင့် အ​တွက်​ကြီး​လွန်း​လှ​၏။ သင်​တစ်​ဦး​တည်း ထမ်း​ဆောင်​နိုင်​မည်​မ​ဟုတ်။- ငါ​သည်​သင့်​အား​အ​ကြံ​ကောင်း​ပေး​ပါ​မည်။ ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​ပါ​စေ သော။ သင်​၏​တာ​ဝန်​မှာ​လူ​တို့​၏​အ​ငြင်း​ပွား မှု​များ​ကို သူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​ပေး​ခြင်း​မှာ​ကောင်း ပေ​သည်။

ထွက်မြောက်ရာ 18:14-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူ​တို့​အတွက် မောရှေ​ဆောင်ရွက်​ပေး​သမျှ​တို့​ကို သူ​၏​ယောက္ခမ​ယေသရော​တွေ့မြင်​လျှင် “​လူ​တို့​အတွက် သင်​မည်သို့ ဆောင်ရွက်​ပေး​နေ​သနည်း​။ အဘယ်ကြောင့် သင်​တစ်ယောက်တည်း​ထိုင်​၍ လူ​အပေါင်း​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် သင့်​ရှေ့​၌​ရပ်​နေ​ကြ​ရ​သနည်း​”​ဟု ဆို​၏​။ မောရှေ​က​လည်း သူ​၏​ယောက္ခမ​အား “​လူ​တို့​သည် အကျွန်ုပ်​ထံသို့​လာ​၍ ဘုရားသခင်​အား မေးလျှောက်​လို​ကြ​သောကြောင့်​ဖြစ်​ပါ​၏​။ သူ​တို့​၌ အမှုအခင်း​ရှိ​သောအခါ အကျွန်ုပ်​ထံသို့​လာ​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း သူ​တို့​တစ်ဦး​နှင့်​တစ်ဦး​ကြား တရားစီရင်​ပေး​၍ ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​တရား​များ​ကို​လည်း သူ​တို့​အား သွန်သင်​ပေး​ရ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။ ထိုအခါ မောရှေ​၏​ယောက္ခမ​က “​သင် ဤသို့​ပြု​ခြင်း​သည် အဆင်​မ​ပြေ​ပေ​။ သင်​နှင့်တကွ ဤ​လူ​တို့​သည် အမှန်တကယ်​ပင်ပန်း​ကြ​လိမ့်မည်​။ သင့်​အတွက် ဤ​အမှု​သည် ကြီးလေး​သောကြောင့် သင်​တစ်ယောက်တည်း မ​ဆောင်ရွက်​နိုင်​။ ယခု ငါ့​စကား​ကို နားထောင်​လော့​။ သင့်​ကို ငါ​အကြံပေး​မည်​။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​တို့​၏​ကိုယ်စား​ဖြစ်​၍ ဘုရားသခင်​ထံသို့​အမှုအခင်း​များ​ကို တင်သွင်း​ရ​မည်​။