YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 18:14-19

ထွက်မြောက်ရာကျမ်း 18:14-19 MSBU

လူ​တို့​အတွက် မောရှေ​ဆောင်ရွက်​ပေး​သမျှ​တို့​ကို သူ​၏​ယောက္ခမ​ယေသရော​တွေ့မြင်​လျှင် “​လူ​တို့​အတွက် သင်​မည်သို့ ဆောင်ရွက်​ပေး​နေ​သနည်း​။ အဘယ်ကြောင့် သင်​တစ်ယောက်တည်း​ထိုင်​၍ လူ​အပေါင်း​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် သင့်​ရှေ့​၌​ရပ်​နေ​ကြ​ရ​သနည်း​”​ဟု ဆို​၏​။ မောရှေ​က​လည်း သူ​၏​ယောက္ခမ​အား “​လူ​တို့​သည် အကျွန်ုပ်​ထံသို့​လာ​၍ ဘုရားသခင်​အား မေးလျှောက်​လို​ကြ​သောကြောင့်​ဖြစ်​ပါ​၏​။ သူ​တို့​၌ အမှုအခင်း​ရှိ​သောအခါ အကျွန်ုပ်​ထံသို့​လာ​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း သူ​တို့​တစ်ဦး​နှင့်​တစ်ဦး​ကြား တရားစီရင်​ပေး​၍ ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​တရား​များ​ကို​လည်း သူ​တို့​အား သွန်သင်​ပေး​ရ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။ ထိုအခါ မောရှေ​၏​ယောက္ခမ​က “​သင် ဤသို့​ပြု​ခြင်း​သည် အဆင်​မ​ပြေ​ပေ​။ သင်​နှင့်တကွ ဤ​လူ​တို့​သည် အမှန်တကယ်​ပင်ပန်း​ကြ​လိမ့်မည်​။ သင့်​အတွက် ဤ​အမှု​သည် ကြီးလေး​သောကြောင့် သင်​တစ်ယောက်တည်း မ​ဆောင်ရွက်​နိုင်​။ ယခု ငါ့​စကား​ကို နားထောင်​လော့​။ သင့်​ကို ငါ​အကြံပေး​မည်​။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​တို့​၏​ကိုယ်စား​ဖြစ်​၍ ဘုရားသခင်​ထံသို့​အမှုအခင်း​များ​ကို တင်သွင်း​ရ​မည်​။