ထွက်မြောက်ရာ 17:9-13
ထွက်မြောက်ရာ 17:9-13 Judson Bible (JBMLE)
မောရှေကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကိုကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။ မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့တက်ကြ၏။ မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကိုချသောအခါ၊ အာမလက်လူတို့သည်နိုင်ကြ၏။ သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တစ်ယောက်တစ်ဖက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။ ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကိုဓားလက်နက်ဖြင့် လုပ်ကြံလေ၏။
ထွက်မြောက်ရာ 17:9-13 Common Language Bible (BCL)
မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။- ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။- မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။- မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊- ယောရှုသည်အာမလက်တပ်ကိုအောင်မြင် ချေမှုန်းခဲ့လေ၏။
ထွက်မြောက်ရာ 17:9-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် မောရှေက ယောရှုအား “ငါတို့အတွက် လူတို့ကိုရွေးချယ်ပြီးလျှင် အာမလက်လူမျိုးတို့ကို ထွက်၍တိုက်လော့။ မနက်ဖြန်၌ ငါသည် ဘုရားသခင်၏တောင်ဝှေးကို ကိုင်လျက် တောင်ကုန်းထိပ်တွင်ရပ်နေမည်”ဟု ဆိုလေ၏။ ယောရှုသည်လည်း သူ့အားမောရှေပြောသည့်အတိုင်းပြု၍ အာမလက်လူမျိုးတို့ကိုတိုက်လေ၏။ မောရှေ၊ အာရုန်နှင့် ဟုရ တို့မူကား တောင်ကုန်းထိပ်သို့ တက်သွားကြ၏။ မောရှေသည် သူ၏လက်ကိုမြှောက်သောအခါ အစ္စရေးလူမျိုးတို့နိုင်၍ သူ၏လက်ကိုချသောအခါ အာမလက်လူမျိုးတို့နိုင်လေ၏။ မောရှေလက်ညောင်းလာသောအခါ အာရုန်နှင့်ဟုရသည် ကျောက်တုံးကိုယူ၍ မောရှေအောက်၌ထားပြီး ထိုကျောက်ပေါ်၌ သူ့ကိုထိုင်စေ၏။ ထို့နောက် သူတို့သည် မောရှေ၏လက်ကို တစ်ယောက်တစ်ဖက်စီ မထားကြသဖြင့် နေဝင်သည့်တိုင်အောင် သူ၏လက်သည် မြဲမြံလေ၏။ ထို့ကြောင့် ယောရှုသည် အာမလက်နှင့်သူ၏လူတို့ကို ဓားဖြင့်အနိုင်ရလေ၏။