YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 17:9-13

ထွက်မြောက်ရာကျမ်း 17:9-13 MSBU

ထို့ကြောင့် မောရှေ​က ယောရှု​အား “​ငါ​တို့​အတွက် လူ​တို့​ကို​ရွေးချယ်​ပြီးလျှင် အာမလက်​လူမျိုး​တို့​ကို ထွက်​၍​တိုက်​လော့​။ မနက်ဖြန်​၌ ငါ​သည် ဘုရားသခင်​၏​တောင်ဝှေး​ကို ကိုင်​လျက် တောင်ကုန်း​ထိပ်​တွင်​ရပ်​နေ​မည်​”​ဟု ဆို​လေ​၏​။ ယောရှု​သည်​လည်း သူ့​အား​မောရှေ​ပြော​သည့်​အတိုင်း​ပြု​၍ အာမလက်​လူမျိုး​တို့​ကို​တိုက်​လေ​၏​။ မောရှေ​၊ အာရုန်​နှင့် ဟုရ တို့​မူကား တောင်ကုန်း​ထိပ်​သို့ တက်သွား​ကြ​၏​။ မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။ မောရှေ​လက်​ညောင်း​လာ​သောအခါ အာရုန်​နှင့်​ဟုရ​သည် ကျောက်တုံး​ကို​ယူ​၍ မောရှေ​အောက်​၌​ထား​ပြီး ထို​ကျောက်​ပေါ်၌ သူ့​ကို​ထိုင်​စေ​၏​။ ထို့နောက် သူ​တို့​သည် မောရှေ​၏​လက်​ကို တစ်ယောက်​တစ်ဖက်စီ မ​ထား​ကြ​သဖြင့် နေ​ဝင်​သည့်​တိုင်အောင် သူ​၏​လက်​သည် မြဲမြံ​လေ​၏​။ ထို့ကြောင့် ယောရှု​သည် အာမလက်​နှင့်​သူ​၏​လူ​တို့​ကို ဓား​ဖြင့်​အနိုင်ရ​လေ​၏​။