YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5:1-5

၂ ကောရိန္သု 5:1-5 Judson Bible (JBMLE)

ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​မြေ​အိမ်​သည် ပျက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ လူ​လက်​ဖြင့်​မ​လုပ်​ဘဲ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော နိ​စ္စ​ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့ သိ​ကြ၏။- ငါ​တို့​သည် မြေ​အိမ်၌​ရှိ​စဉ်​တွင်၊ ကောင်း​ကင်​အိမ်​ထဲ​သို့​ဝင်​စား​ခြင်း​ငှာ အ​လွန်​တောင့်​တ​လို​ချင်​သော စိတ်​ရှိ၍၊ ညည်း​တွား​မြည်​တမ်း​လျက်၊ နေ​ကြ၏။- ထို​သို့​ဝင်​စား​လျှင် နေ​ရာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။- ဤ​တဲ၌​နေ​သော ငါ​တို့​သည် လေး​သော​ဝန်​ကို ထမ်း၍ ညည်း​တွား​မြည်​တမ်း​ကြ၏။ နေ​ရာ​ထဲ​က ထွက်​ချင်​သော​ကြောင့် ညည်း​တွား​သည် မ​ဟုတ်။ သေ​တတ်​သော​အ​ရာ​ကို အ​သက်​ရှင်​ခြင်း၌ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ မြဲ​သော​နေ​ရာ​ထဲ​သို့ ဝင်​စား​ချင်​သော​ကြောင့် ညည်း​တွား​ကြ၏။- ထို​သို့​သော​အ​ကျိုး​ကို ခံ​စေ​ခြင်း​ငှာ ငါ​တို့​ကို ပြင်​ဆင်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။ ထို​ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို ငါ​တို့​အား ပေး​တော်​မူ​ပြီ။

၂ ကောရိန္သု 5:1-5 Common Language Bible (BCL)

ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။- ဤ​ယာ​ယီ​တဲ​တွင်​နေ​ထိုင်​စဉ်​ကောင်း​ကင်​ဘုံ အိမ်​ကို​အ​လွန်​တောင့်​တ​သ​ဖြင့် ငါ​တို့​သည် ညည်း​တွား​လျက်​နေ​ကြ​၏။- ယင်း​သို့​ကောင်း​ကင်​ဘုံ​အိမ်​ကို​ရ​ရှိ​သော​အ​ခါ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။- ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။- ဤ​သို့​ပြောင်း​လဲ​စေ​ရန်​ငါ​တို့​ကို​ပြင်​ဆင် ပေး​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ​တို့​ခံ​စား​စေ​ရန်​ကိုယ်​တော်​၏​ဆု​ကျေး​ဇူး အ​ပေါင်း​အ​တွက် အာ​မ​ခံ​ချက်​အ​ဖြစ်​ဖြင့် ဝိ​ညာဉ်​တော်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ပြီ။

၂ ကောရိန္သု 5:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေကြီး​အိမ်​သည် ပျက်စီး​သွား​လျှင် ကောင်းကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်ဆောက်၊ ဘုရားသခင်​တည်ဆောက်​တော်မူ​သော ထာဝရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည် ကောင်းကင်​မှ ငါ​တို့​၏​စံအိမ်​ကို​လွှမ်းခြုံ​ရ​ရန် တောင့်တ​၍ ဤ​တဲ​တွင်​ညည်းတွား​ကြ​၏။ ထိုသို့​လွှမ်းခြုံ​ရ​လျှင် ငါ​တို့​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား ငါ​တို့​သည် ဤ​ယာယီ​တဲ​တွင်​ရှိ​နေ​စဉ် လေးလံ​သော​ဝန်​ကို​ထမ်း​၍ ညည်းတွား​ကြ​၏။ ထိုသို့​ညည်းတွား​ကြ​ခြင်း​မှာ ထို​တဲ​ကို​ချွတ်ပယ်​လို​၍​မ​ဟုတ်​ဘဲ ၎င်း​အပေါ်​၌​လွှမ်းခြုံ​လို​၍​သာ​ဖြစ်​ပြီး ထိုသို့အားဖြင့် သေ​တတ်​သော​အရာ​သည် အသက်ရှင်​ခြင်း​ထဲတွင် နစ်မြုပ်​စေ​ခြင်း​ခံရ​ရန်​ဖြစ်​၏။ ဤ​အမှုအရာ​အတွက် ငါ​တို့​ကို​ပြင်ဆင်​ပေး​တော်မူ​သော​အရှင်​ကား ဝိညာဉ်​တော်​ကို စရန်​အဖြစ် ငါ​တို့​အား​ပေး​တော်မူ​သော ဘုရားသခင်​ပေတည်း။